ချိုအီအီတောပန်းရနံ့တို့ ကြိုင်လှောက်ရာ
Review by Aye Su Khine
ဆရာမိုးသက်အောင်ရဲ့ စာအုပ်ကလေးကို ဖတ်ပြီးတာကြာပေမဲ့ Busyနေတာနဲ့ အခုမှပဲအညွှန်းမဟုတ်တဲ့အညွှန်းလေးရေးဖြစ်ပါတော့တယ်။ ဒီစာအုပ်ကလေးဟာ အောက်ပြည်ပင်လယ်ဝနားက တော်ချိုက်ရွာလေးမှာနေထိုင်တဲ့ ရွာသူရွာသား တောသူတောင်သားတွေရဲ့ ချစ်စဖွယ် ဇာတ်လမ်းလေးတွေကို တစ်၀ကြီးဖတ်ရှုရမဲ့စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်။ တော်ချိုက်ရွာလေးထဲမှာနေထိုင်ကြတဲ့ သူကြီး၊သူကြီးရဲ့သားအမွှာနှစ်ယောက်၊သူကြီးတပည့်ဘစီ၊အမေသုန်၊မိတင်၊မိရင်၊အေးခင်၊အောင်လှသိန်း၊အင်္ကျီ၁၀၁ထည်ပိုင်တဲ့လူပျိုကြီးကိုဖိုးအေး၊မိညွန့်၊ စတဲ့ စတဲ့ သူတွေဟာ…




