ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

စာအုပ်ရဲ့ ခေါင်းစဉ်ကို မြင်ကတည်းက ဖတ်ချင်ခဲ့တဲ့စာအုပ်လေးတစ်အုပ်။ တခါတရံ နေရင်းထိုင်ရင်း စဉ်းစားမိတာက ငါတို့က ငါတို့ရဲ့ပုံစံအတိုင်း ငါတို့လုပ်ချင်တဲ့ အလုပ်ကို လုပ်နေတာလားပေါ့။ အဲ့လိုစဉ်းစားမိတာနဲ့ ဒီစာအုပ်ကလေးတွေ့တာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖတ်ဖြစ်သွားတဲ့ စာအုပ်လေး။ ပထမ စဖတ်ဖတ်ချင်းတော့ နည်းနည်းဖတ်ရတာ တမျိုးဖြစ်ပေမယ့် အပိုင်း(၃)လောက်ကနေစပြီး စာအုပ်ကို မချချင်တော့လောက်အောင် ဆွဲဆောင်မှုအပြည့်နဲ့။ စာကြောင်းတကြောင်းဖတ်လိုက်တိုင်း အပြင်မှာဖြစ်နေတာနဲ့ ထပ်တူကျနေတော့ တွေးလိုက်ဖတ်လိုက်နဲ့ စာအုပ်လေးက ဘယ်လိုပြီးလို့ ပြီးသွားမှန်း မသိအောင်ပါပဲ။ ဖတ်လို့ကောင်းယုံ မဟုတ်ဘဲ နေ့စဉ်ဘဝအတွက်၊ ကိုယ့်ဘဝအတွက် လုံးဝအသုံးဝင်မယ့် စာအုပ်လေးပါ။ ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။

![]() | ![]() | ![]() |