After 20 ..အသက်၂၀ကျော်ပြီးတဲ့အခါ.. စာအုပ်ကလေးလက်ထဲရောက်လာတော့အတော်သဘောကျမိတယ်။
အသက်၂၀ကျော်မှာသိထားရမယ့်အရာ၅၀..
50 things we should realize in our 20s..တဲ့ ..ဒီအပိုင်းလေးကတော့ စာကြောင်းတွေပြွတ်သိပ်နေတာမျိုးမဟုတ်ဘဲ စာပိုဒ်တိုလေးတွေနဲ့ ဖော်ပြထားတာမို့လို့ဖတ်ရတာ သွက်သွက်လက်လက်ရှိပါတယ် .. ဖတ်ရတာပေါ့ပါးပေမယ့် အဓိပ္ပါယ်ကတော့ လေးနက်တယ်.. အသက်၂၀ကျော်မှာသိထားသင့်တဲ့ အကြောင်းအရာတွေ..အခုငါးဆယ်ကို ရေးပြထားတယ်.. တချို့အချက်တွေက အသက်၂၀ကျော်မှာမှမဟုတ်ဘူး.. အသက်၄၀ကျော်တွေအထိ ကျင့်သုံးလို့ရနေတဲ့ ဘဝနေနည်း Life Concept တွေနဲ့ အတွေးအမြင်..စိတ်နေစိတ်ထား Right View/Right Attitude တွေပဲဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့..စာရေးသူရဲ့ ဘဝဇာတ်လမ်းလေးတွေတချို့ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ AD ဟာအသက်၂၆နှစ်အရွယ် လူငယ်စာရေးသူတစ်ယောက်ဖြစ်ပြီး သူ့အသက်အရွယ်မှာ ကြုံခဲ့ရတဲ့..ဘဝအတွေ့အကြုံတွေထဲကနေ
ရလာတဲ့သင်ခန်းစာတွေကို ရိုးရိုးသားသားရေးပြထားတာဖြစ်ပါတယ်.. ဒီအပိုင်းလေးကိုထည့်လိုက်တဲ့အတွက်ကြောင့် စာအုပ်ကပိုပြီး အသက်ဝင်လာပါတယ်။ သူဝမ်းနည်းခဲ့ရတာတွေ.. နာကျင်ခဲ့ရတာတွေ ..ကျော်ဖြတ်ခဲ့ရတာတွေ.. စိုးရိမ်ခဲ့ရခြင်းတွေ.. သေခြင်းတရားတွေ
.. တာဝန်တွေ .. စတဲ့ အတွေ့အကြုံတွေကို ဖတ်ရမှာဖြစ်ပါတယ် ။ကျွန်မတို့စာဖတ်သူတွေဆိုတာ စာရေးသူရဲ့ ဘဝဇတ်ကြောင်းတွေကိုလည်း စိတ်ဝင်စားတတ်ကြတယ်မဟုတ်လား။
အပိုင်းသုံးမှာတော့ ကောင်းမွန်သောအတိတ်နေ့ရက်များဆီအောက်မေ့သတိရခြင်း.. Recalling Our Good Old Days ဆိုတဲ့ခေါင်းစဉ်နဲ့ ဝေမျှထားတာကိုတွေ့ရတယ်။ ဒီအပိုင်းလေးကတော့..သူ့ကိုယ်သူ အကောင်းအဆိုး ..အားနည်းချက်..အားသာချက်တွေဝေဖန် ဆန်းစစ်ထားတဲ့ Self Reflection အပိုင်းလေးပဲဖြစ်ပါတယ်.. စာရွက်အလွတ်ကလေးတွေထည့်ပေးထားတဲ့အတွက်ကြောင့်စာရေးသူအနေနဲ့..သူ့ရဲ့စာဖတ်သူတွေကိုလည်း.. မိမိဘဝရဲ့ကောင်းခြင်း..ဆိုးခြင်းတွေကို ကိုယ်တိုင် ဝေဖန်ပိုင်းခြား
Reflect လုပ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့စေတနာရှိနေတယ်လို့မှန်းဆမိပါတယ်။
နောက်ဆုံးအပိုင်းကတော့ ကာတွန်းလေးတွေဆီကဘဝအတွက်သင်ခန်းစာများ Life Lessons from the Cartoons ဆိုတဲ့အပိုင်းလေးပဲဖြစ်ပါတယ်။ဒီအပိုင်းလေးကိုကျွန်မကတော့သဘောကျတယ်။ ဒီအပိုင်းလေးပါတဲ့အတွက်ကြောင့် ဒီစာအုပ်ကလေးဟာ ဒီလိုကာတွန်းလေးတွေကိုကြည့်ပြီး..ကြီးပြင်းလာရတဲ့ လူငယ်တွေအတွက် ပိုပြီးလိုက်ဖက်ညီသွားတယ်လို့ထင်တယ်။စာအုပ်ကလေးကပိုပြီး လူငယ်ဆန်သွားတယ်။
ကျွန်မတို့ပတ်ဝန်းကျင်မှာ..အသက်၂၀..ဝန်းကျင် လူငယ်တွေရှိတယ်ဆိုရင် ဒီစာအုပ်ကလေးကိုဖတ်ဖို့ ညွှန်းဆိုလိုပါတယ်။ စာရေးသူကိုယ်တိုင်ဟာ ၂၆နှစ်အရွယ်လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် လူငယ်တွေ အချင်းချင်း..အတွေ့အကြုံတွေလက်ဆင့်ကမ်းတာ.. ပြောပြပေးတာမျိုးက ပိုပြီးနားဝင်တတ်ကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်.. အခုခေတ်မှာလူငယ်လေးတွေလည်းစာဖတ်လာကြပါတယ်။ကိုယ်ဖတ်မိတဲ့ စာလေးတွေကိုလည်းဝေမျှတတ်လာတယ် အချင်းချင်းDate လုပ်ကြတယ်ဆိုရင်တောင် ဖတ်ဖူးတဲ့စာအုပ်တွေ..ကြည့်ဖူးတဲ့..ရုပ်ရှင်တွေအကြောင်း ပြောတတ်လာကြတယ်.. ဝေမျှ
ကြတယ်..ငြင်းခုံကြတယ်..
ဒီ Life Style လေးတစ်ခုကိုလည်း ကြိုဆိုပေးရမှာပဲဖြစ်ပါတယ် ..ဒီ Life Style လေးနဲ့ ADရဲ့ အသက်၂၀ကျော်ပြီးတဲ့အခါ စာအုပ်ကလေးဟာလိုက်ဖက်ညီစွာ အလိုက်သင့်စီးမျောသွားမယ်လို့ယုံကြည်ပါတယ်။
စာမျက်နှာနှစ်ရာကျော်ပါရှိပါတယ်။ စာရေးသူရဲ့ စေတနာနဲ့အားထုတ်မှုကိုလည်း သိသာစွာခံစားရမှာဖြစ်ပါတယ် ..သူပေးချင်တဲ့ Message လေးကတော့ ..
ကျွန်တော်
တို့အားလုံးဘဝမှာရှင်သန်ကြတဲ့အခါ Version အမျိုးမျိုးပြောင်းလဲပြီးရှင်သန်နေကြရမှာဖြစ်ပါတယ် ..ဘယ်လိုပဲပြောင်းလဲပါစေ..အကောင်းဘက်ကိုပြောင်းလဲဖို့နဲ့ အပေါင်းဘက်ကိုပြောင်းလဲဖို့တော့ အမြဲသတိရှိပါနော်တဲ့။
After 20 စာအုပ်ကလေးကိုကျွန်မက စတင်ပြီး..ပွဲဦးထွက်ကြိုဆိုပေးလိုက်ပါတယ်။ ဒီထက်ပိုပြီးအောင်မြင်ပါစေ။