လူ့လောကမှာ ကိုယ်ကျင့်တရားတွေ ပျက်ပြားလာကြတယ်။ ဟီရိသြတ္တပတရားတွေ ဆုတ်ယုတ်လာကြတယ်။ ဖြေရှင်းစရာ ပြဿနာပေါင်းစုံတွေက တစ်နေ့ပြီးတစ်နေ့ ပိုဆိုးလာကြတယ်။ ခက်ခဲမှုတွေ၊ စိတ်ဆင်းရဲမှုတွေ၊ စိတ်သောကတွေက တစ်နေ့တစ်ခြား ပိုဆိုးလာကြတယ်။

မူးယစ်ဆေးစွဲတဲ့ပြဿနာတွေ၊ ဒုစရိုက်မှု၊ ရာဇဝတ်မှုမကင်းတဲ့ ပြစ်မှုတွေ၊ လိင်စိတ်၊ ကာမရာဂစိတ်ဖြစ်နေတဲ့ ဖျော်ဖြေရေးတွေ (ရုပ်သံအစီအစဥ်တွေကအစ စာအုပ်စာတမ်း၊ မဂ္ဂဇင်းတွေအလယ် အွန်လိုင်းစာမျက်နှာတွေအထိ ပါတယ်)ဟာ ကလေးသူငယ်၊ ဆယ်ကျော်သက်တွေရော မိဘတွေ၊ ဆရာတွေ၊ အုပ်ထိန်းသူတွေအတွက်ပါ အကြီးမားဆုံး စိန်ခေါ်မှုပြဿနာပါပဲ။

ဒီတော့ မကောင်းမှုအကုသိုလ်တွေ၊ ဒုက္ခဆင်းရဲမှုတွေနဲ့ သက်ရောက်မှုကြားထဲမှာ ကိုယ့်ကလေးတွေ၊ ကိုယ့်မျိုးဆက်တွေကို အချနင်းခံသားကောင်အဖြစ်ခံကြမလား၊ ကိုယ်မကောင်းရင် သူမကောင်း ဖြစ်တော့မလို့လား။ ဒီအတိုင်းသာဆိုရင် မင်း ဒုက္ခရောက်ပြီသာမှတ်။

မိဘတွေက ကိုယ့်ကလေးတွေ၊ ကိုယ့်မျိုးဆက်တွေကို မကောင်းမှုထူပြောမှုတွေကြား နောင်အနာဂတ်အတွက် ကောင်းစေချင်လို့ ဒုက္ခသောကတွေနဲ့ ရင်းနေကြရတာ။

ကလေးတွေအားလုံးဟာ ဘယ်အခြေအနေပဲရောက်ရောက် နောင်တစ်ချိန်ကျရင် အသက်တွေကြီးလာကြမှာ။

ဒါ့ကြောင့် ဒီလိုအခြေအနေမျိုးမှာ ရှင်သန်နေကြရတဲ့ နောက်မျိုးဆက်ကလေးတွေကို
• လိမ္မာယဥ်ကျေးဖို့၊ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့
• Physical မှာရော၊ Mentally မှာပါ ပိုကောင်းတဲ့ဘဝရောက်အောင် ကြိုးစားဖို့
• သက်ရောက်မှုတွေကြားမှာ သားကောင်မဖြစ်အောင် နေတတ်ဖို့
• Self-control, Self-handle ရှိတတ်ဖို့
အဲ့ဒါတွေအတွက် မိဘ၊ ဆရာသမားတွေသာမက အုပ်ထိန်းသူတွေအနေနဲ့ပါ သွန်သင်ဆုံးမ လမ်းညွှန်ရမယ့် စာအုပ်တစ်အုပ်ပါ။

ဒီစာအုပ်ထဲမှာ ချစ်ခြင်းမေတ္တာ၊ ဆုံးမသွန်သင်မှု၊ စည်းကမ်းကြပ်မတ်မှု၊ ခွင့်လွှတ်တတ်မှု၊ လူ့ယဥ်ကျေးမှုတွေ၊ Sex Education ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာတွေ၊ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ၁၆ ခန်းအထိ အသေးစိတ်ကျကျရေးပြထားတယ်။ အခန်းတစ်ခန်းချင်းစီတိုင်းမှာ "ကိုယ်ပိုင်တန်ဖိုးများကို ချင့်တွက်ခြင်း" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ့် မေးခွန်းတွေ၊ လိုက်နာရမယ့်အချက်လေးတွေ ပါတယ်။

ဒီစာအုပ်မူရင်းဟာ ဟိုးအရင်တုန်းက အမေရိကားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတွေနဲ့ ဥပမာပေးထားပါတယ်။ (ဒီစာအုပ်ထဲမှာ အွန်လိုင်းအင်တာနက်ခေတ်မထွန်းကားသေးပါဘူး။)

ဒီစာအုပ်ကို တကယ်ဖတ်ကြည့်လိုက်တော့ သာမန် ကလေးပြုစုပျိုးထောင်နည်းစာအုပ်ဆိုပေမယ့် အောင်မြင်ရေးတက်ကျမ်း တကယ်ဆန်ပါတယ်။ ဘာလို့လဲဆိုတော့ လူ့လောကမှာ ခက်ခဲတဲ့အခြေအနေဖြစ်ပေမယ့် တိုးတက်ရာတိုးတက်ကြောင်းတွေနဲ့ ရှင်သန်နေကြရတာမို့လို့ပါ။ ဒီလိုမှမဟုတ်ရင် ကလေးတွေ ဒုက္ခရောက်ကုန်တာကြာပြီ။ အဲ့ဒါ့ကြောင့် မကောင်းမှုတွေကြားထဲမှာ ဘယ်လိုကောင်းအောင် နေတတ်ထိုင်တတ်ဖို့ ဒီစာအုပ်က ရည်ရွယ်ပုံ ရတယ်။

မကောင်းမှုထူပြောတဲ့ကြားထဲ ကလေးကောင်းတွေ ပေါ်ထွက်လာဖို့ အဓိက မိဘဖြစ်လာမယ့်သူတိုင်း ကိုယ်ကိုယ်တိုင်ကနေစပြီး ပြုပြင်ကြဖို့ ဒီစာအုပ်ရဲ့ အဓိကအသက်ပဲ။

အပြင်ရဲ့ သက်ရောက်မှုတွေကြားမှာ ကိုယ့်မျိုးဆက်ကလေးတွေကို မိုက်တွင်းထဲ မနစ်စေချင်ဘူး။

#စွမ်းအားကျော်ဇံ
၁၀. ၁. ၂၀၂၄ (ဗုဒ္ဓဟူးနေ့)
Edit - ၁၃. ၁. ၂၀၂၄ (စနေနေ့) ၁၁: ၅၇

#မကောင်းမှုထူပြောတဲ့လောကထဲမှာကောင်းတဲ့ကလေးတွေပေါ်ထွန်းလာစေဖို့ - #အောင်လှိုင်_မြန်မာပြန်
How To Raise Good Children In Bad World - #Becky_Sweat
#စာစည်းစိမ်
#SwanArrKyawZan
#SAKZBOOKREVIEWS