ဆရာမ ခင်သန္တာကို စတွေ့ဖူးတာကတော့
ဆရာမ နှင်းစက် (လားရှိုး) ကောင်းမှုနဲ့
"ငြိလက်စကြိုး" စာအုပ်မိတ်ဆက်ပွဲကလေး
မှာပါ။ အပြင်မှာ ယမင်းရုပ်ကလေးတစ်ရုပ်လို
လှပကျော့ရှင်းတဲ့ ဆရာမဟာ စာရေးလည်း
ကောင်းလှသလို အင်မတန်လည်း ဖော်ရွေပါတယ်။ အဲသည်ပွဲကလေးမှာတုန်းက
ဆရာမ မသီတာ (စမ်းချောင်း) က၊ ဆရာမကို
ထောက်ပြခဲ့တာလေးကို ကျွန်မသတိတရ
ရှိနေတုန်းပါပဲ။ ဆရာမက ဆောင်းပါးတွေ
အရေးများသူမို့ "ဆောင်းပါးလက်" ကလေးတဲ့လေ။ ဆောင်းပါးလက်ကလေးက အရေးရှင်း
ရှင်း၊ အတွေးရှင်းရှင်းနဲ့မို့ ရင်ထဲကိုလည်း
ရှင်းရှင်းလင်းလင်း ရောက်တဲ့လက်ရာလေး
တွေပါပဲ။
ကျွန်မဟာ "ငြိလက်စကြိုး" ကလေး ဖတ်ပြီး
သွားချိန်ကစလို့ ၊ FB မှာ ဆရာမ အကောင့်က
လေးကို တွေ့အောင်ရှာရင်း See First လုပ်ထား
ခဲ့တော့တယ်။
ဆရာမရဲ့ တစ်ဦးတည်းသောသမီးကလေး
အကြောင်း၊ မလေးရှားက အစ်ကိုအကြောင်း
(သည်အကြောင်းတုန်းကတော့ ဖတ်ပြီး
ကျွန်မပါ ရောငိုမိခဲ့သေးတာ)
မောင်နှမတစ်တွေရဲ့ ငယ်ဘဝလေးတွေအကြောင်း၊ နောက် ချစ်စရာကောင်းတဲ့ ဆရာမ
အမေအကြောင်းကလေးတွေ ရေးတင်လေတိုင်း
ကျွန်မဟာ မက်မက်မောမော၊ ကြည်ကြည်မွေ့မွေ့
(တစ်ခါတစ်ရံ နာနာကျင်ကျင်)
နဲ့ ဖတ်ရှူမိခဲ့တာကြည့်ပါပဲ။
#မိခင် သောက
ရန်ကုန်မြို့နဲ့ မိုင်ရာချီအရပ်က နယ်မြို့
လေးတစ်မြို့မှာ ကျောင်းသွားတက်နေတဲ့ သမီးကလေးအပေါ် မိခင်တစ်ယောက်ရဲ့ ပူပန်မှုအစုံ
စုံကို မြင်ရတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့
ကျွန်မ အမေကို လွမ်းမောမိရပါသေးတယ်။
ကျွန်မဆယ်တန်းကျောင်းသူ ဘဝမှာပေါ့။
တစ်တန်းကနေ ကိုးတန်းတစ်လျှောက်လုံး
ကျူရှင်မထားခဲ့တဲ့အဖေဟာ ဆယ်တန်းနှစ်မှာ
တော့ ကျွန်မကိုကျူရှင်ထားပါတယ်။
နေ့စဥ်နေ့တိုင်း မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်
ကျူရှင်တက်ရပါတယ်။ မနက်ဆိုရင် (၆)နာရီက
နေ (၈)နာရီထိ၊ ညနေဆိုရင်တော့ ကျောင်းဆင်း
တာနဲ့ ကျူရှင်တန်းသွားရပါတယ်။ (၆)နာရီထိ
ပေါ့လေ။အဲသလိုသွားလေတိုင်း
အမေဟာ မနက်လည်း မနက်မို့၊ ညနေလည်း
ညနေမို့၊ သူ့ရဲ့ ကွမ်းယာဆိုင်ကလေးကို
သူများဆီအပ်လို့ ကျွန်မကို နေ့စဥ်ရက်ဆက်
လိုက်ပို့၊ လာကြိုတာမျိုး ပြုလုပ်လေ့ရှိပါတယ်။
အမှန်တကယ်ဆိုရင်တော့ အမေ့ကွမ်းယာဆိုင်
ကလေးနဲ့ ကျူရှင်ဟာ သိပ်မဝေးလှတာမို့
အမေ အပို့၊အကြို မလုပ်ရင်လည်း ဘာမှမဖြစ်
ပါဘူး။ သူသူကိုယ်ကိုယ် ဒီလိုပဲ သွားနေကြတာ
ပါပဲ။ မနက်ဆိုရင် အမေဟာ ကျွန်မအတွက် ကောက်ညှင်းပေါင်းပူပူကလေးနဲ့ ရှမ်းချဥ်ကလေးဝယ်ထားပေးတတ်သလို၊ ညနေဆိုရင်လည်း ကျွန်မကို လာကြိုလေတိုင်း ကျွန်မသိပ်ကြိုက်တဲ့ငှက်ပျောဖက်ရွက်ကလေးနဲ့ထုပ်ထားတဲ့ငှက်ပျောဆိုင်းကလေး အမြဲတစေ ဝယ်လာတတ်ပါတယ်။ တစ်ခါတစ်လေ စာသင်ရင်း
အရှိန်ပါလာတတ်တဲ့ ဆရာတွေအလှည့်ကျရင်
ကျူရှင်ဆင်းချိန်ဟာ ၇နာရီလောက်ထိ
ရောက်သွားတတ်ပါတယ်။ အဲသည်အခါ
ဆိုရင် ဝမ်းဟာလှပြီဖြစ်တဲ့ ကျွန်မဟာ
တဂျုတ်ဂျုတ်မြည်နေတဲ့ ဝမ်းဗိုက်ကလေးကို
နှိပ်လို့ နောက်ကျောဘက်ဆီလှမ်းမျှော်ငေးမိ
လေတိုင်း ပြတင်းပေါက်သံတိုင်ကြားက
အမေ့မျက်နှာလေးကို ချစ်စဖွယ်
မြင်ရလေ့ရှိပါတယ်။ ကျွန်မကိုမြင်တဲ့အခါ အမေကပြတင်းပေါက်သံတိုင်ကြား
ကနေ လက်ကလေးထုတ်လို့ ငှက်ပျောဆိုင်းက
လေးကို မြှောက်ပြပြီး နှစ်သိမ့်ရှာပါတယ်။
ဘယ်လောက်ထိ ချစ်ဖို့ကောင်းတဲ့အမေလည်းနော်❤
#အပန်းတော်ပြေ
သည်ဝတ္ထုကလေးထဲက "ကြက်သွန်နီကလေး
တစ်လုံးတည်းနဲ့ ထမင်းစားနေတဲ့အခါ ဖအေကို
သနားပြီး ငိုနေမိတဲ့ သမီးငယ်ကလေး
ရဲ့ပုံရိပ်" နဲ့ "သမီးဖြစ်သူအတွက် အမျိုးသမီး
လစဥ်သုံး ပစ္စည်းကလေး အလိုက်တသိဝယ်
ပေးလေတဲ့ အဖေနဲ့သမီးကြားက ပုံရိပ်ကလေး
တွေဟာ" ကျွန်မရင်ကို နာကျင်တစ်လှည့်၊ ကြည်
နူးတစ်လှည့်နဲ့ မျက်ရည်စို့စေခဲ့ပါတယ်။ အဖေ
နဲ့ ကျွန်မကြားမှာလည်း သည်လိုအဖြစ်ကလေး
တွေရှိနေခဲ့တာကိုး။ အမျိုးသမီး ဘဘာဝ
လစဥ်ဖြစ်တတ်တဲ့ ဖြစ်စဥ်တွေမှာ ကျွန်မဟာ
အိပ်ယာထဲကမထနိုင်အောင်ထိ နာကျင်ကိုက်ခဲ
တတ်တဲ့သူပါ။ သည်အခါတွေဆိုရင် အဖေဟာ
ဦးစိုင်းလိမ်းဆေးကလေးနဲ့ ရေနွေးပုလင်းကလေးကိုင်လို့ ကျွန်မ မအိပ်ပျော်မခြင်း
အလုပ်သွားလေ့ သွားထမရှိပါဘူး။ ကျွန်မ
ခြေထောက်က အကြောလေးတွေကိုကြည့်ရုံနဲ့
ကျွန်မ မပြောလည်း ကျွန်မညောင်းညာကိုက်ခဲ
နေပြီဆိုတာကို သိနေခဲ့တဲ့အဖေပါပဲ။ အဖေချစ်
သမီးတစ်ယောက်ဖြစ်ခဲ့တဲ့ကျွန်မအတွက်
အဖေနဲ့အမှတ်တရတွေက များလွန်းလှပါတယ်။
သာကြောင့်မို့လည်း နောက်အိမ်ထောင်ကြောင့်
ဖြစ်ပျက်နေရတဲ့ အဖေတစ်ယောက်ရဲ့ပုံရိပ်
တွေကိုမြင်ရတဲ့အခါ ငါ့အဖေသာဆိုရင်ဆိုတဲ့
စိတ်ကလေးနဲ့ ကျွန်မ သူမတူအောင်နာကျင်ခဲ့
မိတာထင်ပါရဲ့💔
#အလည်သွားမိတဲ့ တစ်ညတာ
တစ်ခါတစ်ခါ လူတွေအကြောင်း အမှန်အတိုင်း သိချင်လို့ ဒီဝတ္ထုလေးထဲကလို
အလည်သွားမိစမ်းချင်တယ်။
#အစာနဲ့အဆာ
ဒီစာအုပ်လေးထဲမှာ ကျွန်မရင်ကို အထိဆုံးအပုဒ်
ကလေးပါပဲ။❤❤❤
စာအုပ်ကလေးထဲမှာ ရသာစုံဝတ္ထုကလေးတွေ
၁၅ ပုဒ်တောင် ပါပါတယ်။ တချို့ဝတ္ထုကလေး
တွေက ငရုတ်သီးထည့်ချက်ထားတဲ့ မှိုဟင်း
ကလေးတစ်ခွက်လိုပဲ။ နူးနူးညံ့ညံ့၊ချိုချိုအိအိနဲ့
နောက်ဆုံးမှာ ကျွန်မကို လျှာပေါ်စွဲပြီး၊ မျက်ရည်
ပါ ဝဲစေခဲ့တယ်။ ဒါပေမယ့် ကျွန်မ ထပ်စားချင်မိ
တုန်းပါပဲ။
#ပျိုး
26-1-2022