#လူခါး
#အင်ဂျလီနာဂျိုလီဖတ်ဖို့ ငါ့ဒိုင်ယာရီ

#ဆင်းရဲသားဥစ္စာ
၇ရက်သားကလေးသာရှိသေးတဲ့ သမီးပုတုကွေးကလေးရဲ့ လက်သည်ခ(မီးဖွားခ) ပေးနိုင်
ဖို့ရာအတွက် ၊မနက်ဝေလီဝေလင်းအချိန်က
တည်းက ငွေကိုတောက်လျှောက်ရှာနေခဲ့ရရှာတဲ့
ဖခင်ဆိုက်ကားသမားကြီးရဲ့သရုပ်ကို ပီပီပြင်ပြင်ပုံဖော်ထားပါတယ်။ဖတ်နေရင်း၊ ဘဝတွေကလည်း ရှင်သန်ရပ်တည်ရတာ မလွယ်လိုက်တာရယ်လို့ သက်ပြင်းအခါခါချမိရတယ်။ ချမိဆိုသူလိုအပ်နေတဲ့ ငွေကြေးကလေးက ရမှမရရှာပဲကိုး။ အဲ၊ ငွေမရခဲ့ပေမယ့်၊ ငွေကြေးအဖြစ်
ပြောင်းလဲလို့ရနိုင်မယ့် အရာတစ်ခုဟာတော့
ဆင်းရဲသားဆိုက်ကားသမားကြီးရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိခဲ့ပါတယ်။
သည်အခါမှာ သူ့စိတ်တို့လွန်ဆွဲနေရပုံဟာ
သနားကြင်နာဖွယ်ကောင်းလှပါတယ်။ သူဟာ
သည်ပစ္စည်းကလေးကို ဥပက္ခာပြုလိုက်၊
နောက်တော့ သည်ပစ္စည်းကလေးကရလာမယ့်
ငွေကြေးကလေးနဲ့၊ သမီးပုတုကွေးကလေးအတွက် ခြင်ထောင်ကလေးဝယ်ပေးလိုက်မဟဲ့၊
ဘာကလေးလုပ်ပေးလိုက်မဟဲ့နဲ့ စိတ်ကူးနဲ့ရူးရ
ရှာတာပဲ။ ဖခင်ဟာကိုးနော်။ သူ့ခမြာ စိတ်ထဲ
သမီးပုတုကွေးလေးအတွက် ဆင်ပေးချင်ရှာ
မှာပေါ့။ သည်လိုပဲ ချည်တုံ၊ချတုံနဲ့
နောက်ဆုံးမှာတော့ သူ့အဖေဆုံးမခဲ့တဲ့
စကားလေးတစ်ခွန်းနဲ့ပဲ ဖခင်တစ်ယောက်ရဲ့
စိတ်တွေကိုခဏတာချိုးနှိမ်လို့၊လူတန်းစားတစ်ရပ်ကို ဂုဏ်မြှင့်ပေးခဲ့ရှာပါတယ်။

#နွားရိုင်းသတ်ပွဲ
သည်တစ်ပုဒ်ကိုတော့ ကိုယ်တိုင်သာဖတ်ကြည့်စေချင်မိတာပဲ။

#အလင်း၏ ဟိုမှာဘက်၌
နိုင်ငံရပ်ခြား ကာစီနိုတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာကောင်ကလေးတစ်ယောက်။ ကာစီနို
မှာလုပ်နေတဲ့ကောင်ကလေးဟာ သည်သူနေနေတဲ့နိုင်ငံကလေးမှာ သူကြောက်တာနှစ်မျိုးသာရှိ
ရဲ့။ တစ်မျိုးကရဲဖြစ်ပြီး၊ တစ်မျိုးကတော့
ဓားပြပေါ့လေ။ အဲ၊ သည်နှစ်မျိုးမှာမှ ဓားပြကို
တော့ သူပိုဖြုံတယ်ပေါ့။ ပစ္စည်းကိုယူရုံမက
လူကိုပါ ဒုက္ခပေးတာရယ်ကိုး။ တစ်ရက်တော့
သူသိပ်ကြောက်ပါတယ်ဆိုတဲ့ ဓားပြတွေဟာ
လူမျိုးတူမြန်မာတွေဖြစ်နေတဲ့အခါမှာတော့
........?

#အင်ဂျလီနာဂျိုလီဖတ်ဖို့ ငါ့ဒိုင်ယာရီ
သည်တစ်ပုဒ်ကိုဖတ်နေတဲ့အချိန်မှာတော့
ဆယ်ကျော်သက်အရွယ် အချစ်ဝတ္ထုတွေခိုးဖတ်နေစဥ်ကအရသာကို ပြန်ရတယ်လို့ပြောရမယ်။
ဇာတ်အဆုံးကိုကြိုသိနေပေမယ့်၊ မျက်ရည်ဝဲနေမိလိမ့်မယ်ဆိုတာကိုတော့ ကြိုမသိခဲ့ပါဘူး။
တစ်ဖတ်သတ်အချစ်ဆိုတာ ဒဏ်ရာတွေနဲ့သာ
အဆုံးသတ်ရစမြဲပဲမဟုတ်လား။

ဝတ္ထုတိုကလေးတွေ ၁၈ပုဒ်ထိပါတဲ့သည်စာ
အုပ်ကလေးဟာ တစ်ပုဒ်တစ်မျိုးနဲ့ ရသစုံပေးစွမ်းနိုင်တာမို့ ဖတ်ကြည့်စေချင်ပါတယ်။ ဆရာလည်း ရသစာအုပ်ကောင်းတွေ သည့်ထက်မက
များစွာဖန်တီးနိုင်ပါစေ။