စကားဝါ
25000 (ကျပ်)
“စကားဝါ..ဟာ ပျက်စီးသွားတဲ့ ရည်ရွယ်ချက် တစ်ခုရဲ့ လက်ကျန်တည်နေရာ။စကားဝါကို ရောက်တဲ့ အခါ.. နေရာအသစ်တစ်ခုကိုရောက်လာတဲ့ ခံစားချက်မျိုး မခံစားရဘူး။အိုဟောင်းနေတဲ့ အိပ်မက်ဆိုးထဲ တိုးဝင်လိုက်ရသလိုအုံ့မှိုင်းခြောက်သွေ့သွားစေတယ်”အဲဒီနေရာ.. အဲဒီ စကားဝါ ရွာမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်ဆိုးတစ်ခု။ အသက်ပေးလိုက်ရတဲ့ လူ ၉ ယောက်။မသေဘဲ ကျန်ရစ်ခဲ့တဲ့ တစ်ယောက်က မင်းခန့်ထူး.. ဆိုတဲ့ ကောင်လေး။နှစ်ပေါင်းများစွာ ကြာသွားပြီးတဲ့အခါ..သူဇာလွင်..ဆိုတဲ့ သတင်းထောက် တစ်ဦး။ သူက အင်မတန် အလုပ် ကြိုးစားတဲ့၊ ရည်မှန်းချက်ကြီးတဲ့သူ။
တစ်နေ့မှာ.. စကားဝါအဖြစ်ဆိုးရဲ့ သံသယ တရားခံ မင်းခန့်ထူးနဲ့ အင်တာဗျူးဖို့ အခွင့်ရသွားတယ်။စကားဝါရဲ့ နောက်ကြောင်းကို ဘယ်သူ့ကိုမှ မပြောပြဘဲရေငုံနှုတ်ပိတ်နေ၊ စွပ်စွဲသမျှကို ပြန်မပြော နားမထောင် ကျောခိုင်းထားတဲ့ မင်းခန့်ထူးက.. သူဇာလွင်နဲ့ တွေ့ချင်တယ်၊စကားဝါအကြောင်း အပြည့်အစုံ ပြောပြချင်တယ်..ဆိုပြီးကမ်းလှမ်းလာတယ်။ ဒီနှစ်ယောက်ရဲ့ အပြန်အလှန် အမေး အဖြေတွေထဲမှာစကားဝါရဲ့ ကြောက်စရာ၊ ရင်နင့်စရာ.. ပြီးတော့မယုံနိုင်စရာ..ဇာတ်လမ်းက တစ်စပြီးတစ်စရုပ်လုံးပေါ်လာတယ်။အမှောင်ဘက်က အတ္တ၊ လောဘနဲ့ ဇော..၊ အလင်းဘက်က ရဲရင့်ခြင်း၊ မေတ္တာနဲ့.. ချစ်ခြင်းတရား၊ ဒီအရာတွေရဲ့ အားပြိုင်မှုတွေ။နှစ်ပေါင်းများစွာ သိုဝှက်ဖုံးကွယ်ထားတဲ့ ခြောက်ခြားစရာ လျှို့ဝှက်ချက်တွေ။ပြီးတော့ စကားဝါ ဖြစ်ရပ်မှာ.. ဘယ်သူမှ မတွေ့လိုက် မမြင်လိုက်တဲ့ဆယ့်တစ်ယောက်မြောက် လူတစ်ယောက် အကြောင်း..။စကားဝါ ဆိုတဲ့ ဇာတ်လမ်းကို အခန်းဆက်အဖြစ်တင်ပေးခဲ့တုန်းက ဖတ်ရှုသူ များခဲ့ပါတယ်။ အဲဒီ အခန်းဆက်ကို လုံးချင်းအဖြစ် ပြန်ရေးဖို့အချိန် တစ်နှစ်ကျော် ကြာခဲ့တယ်။ ထပ်ဖြည့်ထားတာတွေအများကြီး ပါသလို၊ ပြောင်းလဲသွားတဲ့ ဇာတ်ကွက်တွေလည်းပါပါတယ်။ ဒါပေမယ့် မင်းခန့်ထူးက မင်းခန့်ထူးပဲ။ မပြောင်းလဲသလို သူဇာလွင်ရဲ့ ခံယူချက်တွေကလည်း ပြောင်းလဲမသွားပါဘူး။စကားဝါဟာ ကြောက်စရာ ပုံပြင်တစ်ပုဒ်တော့ ဖြစ်နေမယ်။ကြည်နူးသက်ဝင်စရာဇာတ်ကောင်တွေ မပါဘူး၊လှပတဲ့ အဖြစ်အပျက်တွေ မပါဘူး။ ဒါပေမယ့်ဖတ်ရင်းနဲ့ စိတ်လှုပ်ရှား ခြောက်ခြားစေမယ့် အရသာကိုတော့အပြည့်အဝ ရစေမယ်။
| စာမျက်နှာ | 360 |
|---|---|
| စာအုပ်အရွယ်အစား | 5.8 × 0.8× 8.9 inches |
| ပုံနှိပ်မှတ်တမ်း | အင်းဝစာပေ၊ 2022 ဩဂုတ်လ (ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 30.3.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 25000စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
13 in stock








Wang Jun –
မျှော်နေပီလေ
Aye Aye Kyi –
ဘာသာပြန်ဆရာတစ်ယောက်ရဲ့ မြန်မာဟန်ကိုမျှော်နေပါပြီ
အမည်မသိ –
ရင်တထိတ်ထိတ်နဲ့ နောက်ဆုံးပိုင်းမှာ.. ❤❤
ပိစိ (verified owner) –
#စကားဝါရနံ့ကိုရှုရှိုက်မိခြင်း။
#စကားဝါ
#ချမ်းမြေ့ဝင်း။
#ဖိုတိုခရစ်ဒစ်။
ဒီစကားစု ဒီအက္ခရာစုလေးကို မြင်တဲ့
ဖတ်မိကြတဲ့ မြန်မာလူမျိုး အများစုဟာဖြင့်
ပုပ္ပားကိုပဲ ပြေးမြင်မိကြမည် ဖြစ်လေသည်။
စကားပန်းတွေကို ရေဖန်ပုလင်းထဲထည့်ထားတဲ့ ပုံရိပ်တွေ
စကားဝါပန်းတွေ ပွင့်တဲ့ ပုပ္ပားတောင်တော်ပုံရိပ်တွေ
မယ်ဝဏ္ဏအငွေ့အသက်ရှိတဲ့ ပုပ္ပားတောင်က စကားဝါရနံ့တွေ
ဒါတွေကိုလည်း ပြေးမြင်မိတယ် ထင်ပါရဲ့။
သို့သော် ဒီ စကားဝါ ဆိုတ ကတော့
မကြာသေးခင်က ထွက်ရှိထားတဲ့
ဆရာချမ်းမြေ့ဝင်းရဲ့ ကိုယ်တိုင်ရေးလုံချင်းဝတ္ထုသစ်တစ်အုပ်ဖြစ်ပါတယ်။
ဆရာချမ်းမြေ့ဝင်းကို ဘာသာပြန်စာအုပ်တွေနဲ့ သူ့အရေးအသားတွေကို
ထိမိ ခံစားဖူးတာပါ။
သုခမြေပုံ
ဂရုမစိုက်ခြင်းအနုပညာ
ရထားပေါ်ကမိန်းကလေး
မျှော်လင့်ခြင်းဖတ်စာ
တစ်+တစ်=သုံး
အမှောင်
ဆုလာဒ် ဒီစာအုပ်တွေပေါ့။
မဖတ်ရသေးတာက မျှော်လင့်ခြင်းဖတ်စာနဲ့ အမှောင်၊ဆုလာဒ်။
စကားဝါ အပါအဝင်
ကျန်တာ အကုန်ဖတ်ပြီးပြီ။
ရထားပေါ်က မိန်းကလေး ကိုဖတ်တော့
သည်းထိတ်ရင်ဖို ဇာတ်လမ်း ဖြစ်ပေမဲ့
သိပ်မကြိုက်ခဲ့ မိဘူး။
ခု စကားဝါ ကြ မရတော့ဘူး။
နေ့မကူးထဲ တစ်ထိုင်တည်း ဖတ်ခဲ့မိသည်ပင်။
သူလည်း သည်းထိတ်ရင်ဖို ဘယာနကရသကို အထူးပေးထားသည်ပေါ့။
ဝီရ ရသ နဲ့ သိဂ်ါရ ရသကတော့ တစ်စိတ်တစ်ဒေသ ပါဝင်သည်ပေါ့။
မည်သို့ပင်ဆိုစေကာမူ ရသနှစ်မျိုးထပ်တိုးလိုက်တော့ ဖတ်နေစဉ် တစ်ချိန်လုံး
ဘာဖြစ်မလဲ ဘာဆက်ဖြစ်ကြမလဲ ဆိုပြီး
ဖြစ်နေတဲ့ စိတ်အစဉ် ဘယာနက ဆိုတော့
အသက်သာ ပြေစေသည်ပေါ့။
ကိုယ့်အမြင်ပါ။
ရသစာအုပ်တွေကိုဖတ်တဲ့အခါ
စကားပြောစာသားတွေကို လိုက်မှတ်တာတွေ ၊ ဇာတ်အကြောင်းတွေကို ပြောတာတွေ (မင်းသားကဘယ်လို၊ဘာညာပေါ့)
ထက်
အဖြူထည် ပိတ်ကား ထက်က
ရုပ်ရှင်ဇာတ်ကားတစ်ခုကို ကြည့်လိုက်သလို
စိတ်ဆန္ဒက တောင်းတလာလို့
ခံစားချက်ကို အစာကျွေးတဲ့အခါ
ဇာတ်ကားတစ်ပုဒ်ကို ကြည့်လိုက်သလို ပဲ
ရသစာအုပ်ကို ဖတ်ဖြစ်တယ်။
ဒါက မိမိအမြင်ပါ။
လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။
မေးစရာရှိတာက ဘာရသလဲပေါ့။
ခုနက အဖြေပါပြီးသားပါ။
စိတ်ဆန္ဒက တောင်းတလာလို့
ခံစားချက်ကို အစာကျွေးတာပါ။
သိဂ်ါရ ရသတွေကို အဖတ်များနေတဲ့ မိမိအတွက်ကတော့
အပြောင်းအလဲ များစွာဖြစ်ပေါ်ရင်း
ဒီနှစ် အတွက် ခံစားချက်ကို ထိမိအောင် ပေးစွမ်းနိုင်တဲ့ စာအုပ်တွေထဲမှာ
တစ်အုပ်အပါအဝင် ဖြစ်ခဲ့သည်ပေါ့။
ဒီစာအုပ်ထဲမှာ ဘာအကြောင်းအရာလဲပေါ့။
သည်းထိတ်ရင်ဖို ဖြစ်ဖွယ် ဖြစ်ရပ်တစ်ခုကို
အသက်လေးဆယ်အရွယ် ယောကျာ်း
တစ်ယောက် နဲ့
အသက်အစိတ်အရွယ် မိန်းကလေး
တစ်ယောက် တို့
အတိတ် နဲ့ ပစ္စပ္ပန် ဟိုဟိုဒီဒီ
ကူးလူး စုန်ဆန် သွားလာနေတဲ့
စကားပြောဝတ္ထု အကြောင်းအရာပေါ့။
အင်း။
ဇာတ်လမ်းကို မပြောပြချင်တော့ဘူး။
ဖတ်ကြည့်ပါ။
ရသတူ မူကွဲ တစ်ခုကို ခံစားရပါလိမ့်မယ်။
ဒီစာအုပ်ကို ဖတ်ရင်း တစ်ခုသတိထားမိတာပြောချင်တယ်။
လူဆိုတာ အကြောင်း နဲ့ အကျိုးကို မျက်မြင်ဒိဌ မြင်မှ လက်ခံကြလို့ ဆိုစမှတ်စကားတစ်ခုရှိတယ်လို့ ကြားဖူးတယ်။
ကိုယ်ကြားနေကြ တစ်ခုရှိတယ်။
ဧရာဝတီမြစ် ရေရှိတယ်ဆိုတာ မယုံဘူး။
လက်တွေ့ မျက်စိနဲ့ မြင်မှ ယုံမယ်လို့ ပြောကြတယ်။
(ပုဂ္ဂိုလ်ကို မယုံကြည်မှုကြောင့် စွဲပြီး ပြောတာလည်း ဖြစ်နိုင်သည်ဟု ယူဆမိပါသည်။)
ဟုတ်သယောင်ယောင် နဲ့ ကြောင်းကျိုး ဆီလျော်မှု မရှိတဲ့ စကားပါ။
ပါချုပ်ဆရာတော်ကြီး ပြောဖူးတယ်။
တောင်ထိပ်အစွယ်ကနေ မီးခိုးတွေ ထွက်လာတယ်။
မီးတောက်ကိုတော့ မမြင်ရဘူး။
ဒါပေသိ မီးလောင်နေတယ်လို့ တွေးထင်လို့ရတယ်။
မီးတောက်ကို မမြင်ရပေမဲ့
မီးလောင်ခြင်း ဟူသော အကြောင်းကြောင့်
မီးခိုးငွေ့ ထွက်ပေါ်လာသည် ဟူသော အကျိုးတရားကို ဆင်ခြင်သိခြင်းအားဖြင့်
ကြောင်းကျိုးဆီလျော်ခြင်း
သဘောတရားကို လက်ခံရမည်ပင်။
ခုလည်း ဒီစာအုပ်မှ ဒီသဘောတရားတွေကို တွေ့ရသည်။
မမြင်ဖူးသော အခြင်းအရာကိစ္စကို
မကြုံတွေ့ဖူးပေမဲ့
မယုံကြည်သော သူတစ်ယောက်က
ကိုယ်တွေ့ ဖြစ်ရပ်ဆန်ဆန်
ကြောင်းကျိုးဆီလျော်မှု ဆန်ဆန်
ဖြစ်တည်လာတဲ့အခါ လူတစ်ယောက်ရဲ့ အသိဉာဏ်ဟာ လက်ခံရစမြဲပါ။
ဘာ့ကြောင့်လဲ။
ဖြသ်တည်မှုတွေဟာ ပြုပြင်ဖန်တီးသူတွေကြောင့်မဟုတ်ပဲ
နီးစွာသော အကြောင်းနဲ့အကျိုး ရှိသော
သဘာဝတရား၏ နိယာမကြောင့်ပင်တည်း။
ထို့ကြောင့် ဖတ်ကြည့်ပါ။
ဘယာနက ရသကို ခံစားပါ။
မြင်ဖူးမှ ယုံမယ်ဆိုတဲ့ စကားဟာ တစ်စိတ်ဒေသပဲ အမှန်တရား ပါ်ဆိုတာ တွေးကြည့်ပါ။
ထို့နောက် စကားဝါ ၏
သဘာဝ နိယာမ အလှတရား ရနံ့ ကို ရှုရှိုက်လိုက်ပါ။
အသိဉာဏ်ပညာ ဟူသော
စကာဝါပန်းတွေ ပွင့်လာပါမည်။
#ပိစိ(မန္တလေး)
#၁၂-၈-၂၀၂၂။
#၉:၃၈။
Soe Thinzar –
#စကားဝါ – ချမ်းမြေ့ဝင်း(ပင်ကိုယ်ရေး ဝတ္ထု) #review
🕛လူခြေတိတ်ချိန်မှာ ဆိတ်ငြိမ်စွာ ဖတ်သင့်တဲ့ ကြောက်စရာ ပုံပြင်တစ်ပုဒ်🌑
ဆရာချမ်းမြေ့ဝင်းဆိုတာနဲ့ ဘာသာပြန်စာအုပ်တွေနဲ့ တွဲမြင်မိတဲ့ စာရေးဆရာတစ်ယောက်။ အခုက တခြားစာအုပ်တွေနဲ့မတူဘဲ ပထမဆုံးပင်ကိုယ်ရေး ဆိုတော့ ပိုပီးစိတ်ဝင်စားသွားတယ်။ စာအုပ်အတွက် ပေးလိုက်ရတဲ့ energy တွေအတွက် အရမ်းတန်တယ်လို့ ပြောလိုက်ရတဲ့စာအုပ်။
❓သင်ဟာ တစ္ဆေ ၊ သရဲ စတာတွေကို ယုံကြည်လား?
❓သင်ဟာ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်လား?
❓သင်ဟာ ဦးနှောက်အရမ်းသုံးပီး သိပ္ပံနည်းကျပဲ ယုံတဲ့သူလား?
📚သင်ဟာ သဘာဝလွန်ဖြစ်ရပ်တွေကိုလည်း ယုံကြည်တယ် ၊ အမှောင်ဘက်ခြမ်းက လောကတွေကိုလည်း စိတ်ဝင်စားတယ် ဆိုရင်တော့ ဖတ်ကြည့်သင့်တဲ့စာအုပ်လို့ ညွှန်းပါရစေ။
📖Overview
စကားဝါမြေမှာ 9 လောင်းပြိုင် လူသတ်မှု့မှာ တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့တဲ့ မင်းခန့်ထူး ၊ သဘာဝလွန်ဖြစ်ရပ်တွေထဲကနေ သူငယ်ချင်းတွေ မရှု့မလှ သေကြေပျက်စီးတာကို အစအဆုံး မြင်တွေ့ ဖြတ်သန်းရပီး မာန ၊ အတ္တ ၊ ကလှည့်စားချေချင်စိတ်နဲ့ ကြောက်စိတ်တွေ ဒွန်တွဲနေတဲ့ မင်းခန့်ထူး ၊ နှစ်တွေ အများကြီးကြာမှ သူဇာလွင်ဆိုတဲ့ သတင်းထောက်မလေးဆီကို သူ့ရဲ့ဖြစ်ရပ်မှန် အစအဆုံးကို ပြောပြဖို့ကြိုးစားရာကနေ ဇာတ်လမ်းရဲ့ ရုပ်လုံး တဖြည်းဖြည်းပေါ်လာရင် ရင်သတ်ရှု့မောဖွယ် အဖြစ်အပျက်တွေ ၊ ပြီးတော့ စကားဝါ ဖြစ်ရပ်မှာ မင်းခန့်ထူးကလွဲရင် ဘယ်သူ့မှ မတွေ့လိုက် မမြင်လိုက်တဲ့ 11 ယောက်မြောက် လူတစ်ယောက်ဖြစ်တဲ့ မမမေရဲ့ ဇာတ်ကောင် ဖတ်ရင်းတစ်စ တစ်စ နဲ့ ဆွဲခေါ်လာ တဲ့စာအုပ်။
🤍အမှောင်ဘက်က အတ္တ ၊ လောဘ နဲ့ဇော…
အလင်းဘက်က ရဲရင့်ခြင်း ၊ မေတ္တာနဲ့ ချစ်ခြင်း တရား။
ဒီအရာတွေရဲ့ အားပြိုင်မှု့။🤍
💌personal message
လူတွေရဲ့ လောဘတွေဟာ လွန်ကဲလာမယ်ဆိုရင် ပေးဆပ်ရတာတွေဟာလည်း အဆမတန်ကြီးလွန်းပါတယ် ၊ သဘာဝက ပေးတဲ့ ဖြစ်တည်မှု့ကို တန်ဖိုးထားပြီး အကျိုးရှိရှိနေထိုင် အသက်ရှင်သွားချင်တယ်။
🚫warning – ရင်သတ်ရှု့မောဖွယ် အဖြစ်အပျက်တွေပါလို့ နှလုံးမကောင်းတဲ့သူ ၊ အမှောင်ဘက်ခြမ်းလောကကို ကြောက်တဲ့သူ ၊ 18နှစ်အောက်တွေ မဖတ်ဖို့ သတိပေးချင်ပါတယ်။
#STZ