တစ်+တစ်=သုံး

( 14 မှတ်ချက်)

4000 (ကျပ်)

“တစ်+တစ်=သုံး ” စာအုပ်ထဲမှာစိတ်ဝင်စားစရာ၊ ဉာဏ်ကွန့်မြူးချင်စရာ ဇာတ်လမ်းတို ၆၀ ကျော် ပါတယ်။

ဒီဇာတ်လမ်းတွေကို ဖတ်ရင်း၊ လေ့လာရင်း ကိုယ့်ရဲ့ ဖြတ်ထိုးဉာဏ်၊ ဖောက်ထွက်တွေးခေါ်ဟန်တွေ တိုးတက်လာမယ်။

မူရင်းစာရေးသူ Dave Trott ဟာကြော်ငြာလောကမှာအင်မတန် နာမည်ကြီးတဲ့ဖန်တီးမှု ဒါရိုက်တာတစ်ယောက်။ သူ့ရဲ့ ရေးဟန်က တိုတယ်၊ ပြတ်တယ်၊ ရှင်းတယ်။ ခွန်အား အပြည့်ပါတယ်၊ ဖွဲ့နွဲ့ခြင်းတွေ သိပ်မရှိဘူး။ ဖတ်ရတာ လွယ်တယ်၊ ပေါ့ပါးတယ်။ ဒါပေမယ့် ရလိုက်တဲ့ ဗဟုသုတတွေက တန်ဖိုးရှိတယ်။

ပထမကမ္ဘာစစ်ပွဲမှာ.. မကြုံစဖူး..အသက်ရှင်ကျန်ရစ်ခဲ့တဲ့ရေတပ်စစ်သား တစ်ယောက်အကြောင်း၊”သေမင်းကုန်သည်”..ဆိုပြီး နာမည်တပ်ခံခဲ့ရဖူးတဲ့ ငြိမ်းချမ်းရေးဖခင် တစ်ယောက်အကြောင်း၊ လက်ချောင်းနှစ်ချောင်း မရှိတော့ပေမယ့် ဂျပ်စ်ဂီတအသစ်ကို ဖန်တီးနိုင်ခဲ့တဲ့ ဂျစ်ပစီတစ်ယောက်အကြောင်း..

ထင်မှတ်ထားဘဲ ကြုံလာရတဲ့ ပြဿနာပေါင်းစုံကို နည်းလမ်းအသစ်တွေနဲ့ဖြေရှင်း၊ ကမ္ဘာကို ပြောင်းလဲနိုင်ခဲ့သူတွေရဲ့အကြောင်း.. စတဲ့.. စတဲ့ ဇာတ်လမ်းပေါင်းစုံ။

ကျစ်လစ်ပေါ့ပါးပြီး နေရာစုံမှာ အသုံးဝင်တဲ့ စာအုပ်တစ်အုပ်ပါပဲ။

စာမျက်နှာ

251

စာအုပ်အရွယ်အစား

5.6 × 0.5 × 8.5 inches

ပုံနှိပ်မှတ်တမ်း

အင်းဝစာပေ၊ 2020 နိုဝင်ဘာလ (ပ-အကြိမ်)

Out of stock

တစ်+တစ်=သုံး အား ဝေဖန်သုံးသပ်မှု 14 ရှိပါသည်။

  1. Naing Lin Tun

    တန်ဖိုးအရမ်းရှိတဲ့စာအုပ်လေးပါ ဖတ်သင့်ပါတယ် ?

  2. ကျော်ခန့်အောင်

    တစ်+တစ်=သုံး ဆိုနဲ့ စာအုပ်ကလေးဟာ အရမ်းကောင်းပါတယ် ဆိုလိုရင်းက လူတစ်ဦးရဲ့ရိုးရင်းနဲ့အတွေးခေါ်တွေကိုတိုးတက်စေပါတယ် တကယ်ကိုလည်းဖတ်သင့်နဲ့စာအုပ်ကလေးပါ ဆရာချမ်း‌ေမြ့ဝင်း ဘာသာပြန်တွေထည့်မှာအကောင်းဆုံးလို့ထ်ပါတယ်ပေါ့ပေါ့ပါးပါးကလေးနဲ့ဖတ်ရပြီး အတွေးခေါ်အသစ်တွေမြှောက်မြားစွာရရှိပါတယ် ပန်းဆက်လမ်းကိုလည်းကျေးဇူးတင်ပါတယ်

  3. Mi Shweyee Win Htet

    #Review (1+1=3)??
    #ဆရာချမ်းမြေ့ဝင်း

    ခက်ခဲတဲ့ သချ်ာပုစ္ဆာတစ်ခုကို တွက်ချက်နေရရင် စိတ်ဝင်စားနေရတဲ့ ကိုယ့်အတွက်ကတော့ ဒီစာအုပ်နဲ့ အရမ်းကို လိုက်ဖက်ပါတယ်။စဥ်းစားတွေးခေါ်နေရတာကိုကြိုက်တဲ့အတွက်ကြောင့်ပါ။

    ဒီစာအုပ်မှာ မသိသေးတဲ့ အချက်အလက် တွေ ဖန်တီးနိုင်စွမ်းတွေ အများကြီးရှိနေပြီး ပုစ္စာတစ်ပုဒ်ကို ဖြေရှင်းရတဲ့အခါ အဖြေကို အရင်ဆုံးမကြည့်ဘဲ ကိုယ့်နည်းကိုယ့်ဉာဏ်နဲ့ စဥ်းစားကြည့်ပါ။သူ့နေရာမှာ အစားထိုးဝင်ပြီး သူ့အစား တီထွင်ဖန်တီးကြည့်ပါ။ပြီးတော့ ကိုယ့်မှာ ဘယ်လောက်အထိ ဖန်တီးနိုင်စွမ်ရည်ရှိသလဲရှိတာကို ဆန်းစစ်ကြည့်ပါ။အဲ့ဒီအချိန်မှာ ဖြတ်ထိုးညဏ်တွေဟာ အလိုလို အလုပ်လုပ်လာပါလိမ့်မယ်။

    ဒီစာအုပ်ကိုစဖတ်မယ်ဆိုရင် စာရေးဆရာ ပြောထားတဲ့အတိုင်း တစ်ထိုင်တည်းဖတ်ရင်လည်း ရတယ်၊တစ်ရက်ကို တစ်ပုဒ်ပဲ ဖတ်လို့လည်းရတယ်။
    ပြသာနာ အားလုံးရဲ့အဖြေကို တွက်ချက်ကြည့်ရတဲ့အခါ မထင်မှတ်ထားတဲ့ တီထွင်မှုစွမ်းရည်တွေ ဟာ တိုးတက်လာပါလိမ့်မယ်။
    ………………..
    ✍✍✍✍
    တစ်+တစ်=သုံး******
    ဆိုတာကိုတွေ့လိုက်တာနဲ့ ဒီစာအုပ်ကို ဖတ်ချင်စိတ်ဖြစ်ပေါ်လာတယ်။ ဘယ်လိုဖြစ်လို့
    ‘ သုံး’ဖြစ်လာရသလဲဆိုတဲ့ အဖြေကို သိချင်လို့ပါပဲ။
    အဲ့တော့ ဆရာရဲ့ အမှာစာကိုဖတ်လိုက်ရပါတယ်။
    ဆရာပြောထားတာလေးကတော့
    “ဒီစာအုပ်ရဲ့ရည်ရွယ်ချက်က ရှင်းပါတယ်။နေရာစုံ အဖြစ်အပျက်ပေါင်းစုံကို စာဖတ်သူတွေနဲ့ ရင်းနှီးစေချင်တယ်။ကိုယ်နဲ့ မဆိုင်တဲ့ နယ်ပယ်တွေကိုလေ့လာ မှ တီထွင်ဖန်တီးနိုင်စွမ်းလည်း တိုးတက်လာမယ်”
    လို့ ရှင်းပြထားပါတယ်။
    စာအုပ် ရဲ့သော့ချက်ကတော့ “ဖန်တီးတီထွင်နိုင်စွမ်းရည်”ကို တိုးတက်လာစေပါတယ်။
    ဖြတ်ထိုးညဏ်လည်း အလိုလိုဖောက်ထွင်းပြီး ရရှိလာပါလိမ့်မယ်။
    မဆိုင်တဲ့နယ်ပယ်ကနေ ထွက်ပေါ်လာတဲ့ စဥ်းစားစရာအကြောင်းအရာတွေဟာ တကယ်တမ်းတော့ နယ်ပယ်အာလုံးဟာ ကိုယ်နဲ့ သက်ဆိုင်နေတယ်။
    ဒီစာအုပ်ကိုဖတ်ပြီး ကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ်ကိုပဲ စိတ်ဝင်တစားနဲ့ မှတ်သားလိုက်မယ်ဆိုရင် နောင်တရစရာပါပဲ။
    ဘာဖြစ်လို့လဲဆိုတော့ စာအုပ်မှာ ရေးသားထားတဲ့အတိုင်း
    ကိုယ့်ရဲ့ သိပြီးသား ဗဟုသုတအိုးထဲကို မသိသေးတဲ့ စိတ်ကူးအသစ်တွေ ထပ်ထည့်လို့ရမယ်။စိတ်ကူးတွေကြားက ဆက်နွယ်မှု အတိုင်းအတာဟာလည်း အဆပေါင်းများစွာ တိုးလာမယ်။ အရင်လို သမာရိုးကျအတွေးတွေမဟုတ်တော့ဘဲ ဆန်းသစ်တဲ့အတွေးအခေါ်တွေမွေးဖွားလာမယ်။ ကိုယ်ထင်မထားတဲ့ စိတ်ကူးတွေခေါင်းထဲရောက်လာမယ်။
    အဲ့တော့ တီထွင်နိုင်မှုစွမ်းရည်ဆိုတာ ဆက်နွယ်မှုအသစ်တွေ ဘယ်လောက်များများ ဖန်တီးနိုင်သလဲ ဆိုတဲ့ အရည်အချင်းနဲ့ တိုက်ရိုက်အချိုးကျနေတယ်။
    ဒါကြောင့်
    စနစ်ဟောင်းအရ (သိထားပြီးသားအသိတစ်ခု)ဆိုရင် ၁+၁=၂
    စနစ်သစ်အရ(မသိသေးတဲ့ အချက်အလက်တစ်ခု တစ်နည်းအားဖြင့် ဖန်တီးနိုင်မှုစွမ်းရည်)ဆိုရင် ၁+၁=၃

    မသိသေးတဲ့အချက်အလက်တွေ(စနစ်သစ်တွေ)ကို အများကြီး သယ်ဆောင်လာပေးတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။

  4. Amara

    တစ်+တစ် =သုံး တဲ့
    မြှုပ်ကွက်လားပေါ့
    ကျမ မဖတ်ခင်က အထဲမှာ ဘာဇာတ်လမ်းပါသလဲ စိတ်မဝင်စားမိဖူး
    တကယ်တမ်း ဖတ်တော့ ထိတယ် ၊ မိတယ်
    ဆရာချမ်းမြေ့ဝင်းရဲ့ ဘာသာပြန်အရေးအသားကလဲ
    ရှင်းတယ် ပြတ်တယ်
    ဇာတ်လမ်းတိုလေးတွေ ပေါင်းစုထားတာဖြစ်လို့ တထိုင်တည်းမဖတ်ဖြစ်လည်း အေးဆေးဖတ်လို့ရတယ်
    ဘာဆိုလိုချင်လဲ ဘာ message ပေးချင်လဲဆိုတာ ထင်းကနဲသိသာစေတယ်..ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ချမ်းမြေ့ဝင်း စာအုပ်များ