ဂရုမစိုက်ခြင်းအနုပညာ

( 5 မှတ်ချက်)

6000 (ကျပ်)

ဒီစာအုပ်ဟာ အောင်မြင်ရေးစာအုပ်မဟုတ်သလို သူဌေးဖြစ်နည်းစာအုပ်လည်း မဟုတ်ဘူး။ အမြန်ဆုံး စိတ်ချမ်းသာနည်းတွေစုထားတဲ့ ဆုံးမစကားပေါင်းချုပ်လည်း မဟုတ်ဘူး။ တက်ကျမ်းလည်းမဟုတ်ဘူး။ လူ့ဘဝရဲ့ ရှောင်မရတဲ့ ပြဿနာပေ့ါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်နိုင်ဖို့၊ ရှုပ်ထွေးတဲ့ပတ်ဝန်းကျင်ကို နည်းနည်းလေးပိုရှင်းသွားအောင် မြင်တတ်ဖို့၊ အရာရာတိုင်းကို ဂရုစိုက်နေရတဲ့ ဒီနေ့လူသားတွေအတွက် ဂရုမစိုက်ခြင်းအနုပညာဆိုတာ ရိုးရိုးလေးပဲပြောပြတဲ့ စာအုပ်ပါပဲ…….

စာမျက်နှာ

226

စာအုပ်အရွယ်အစား

5.8 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အင်းဝစမ်းချောင်းစာပေ၊ 2019 ဖေဖော်ဝါရီလ (တ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

5.6.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 6000 ကျပ်စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

27 in stock

ဂရုမစိုက်ခြင်းအနုပညာ အား ဝေဖန်သုံးသပ်မှု 5 ရှိပါသည်။

  1. Mikaelle

    Very good

  2. Thae Mon

    #ဂရုမစိုက်ခြင်းအနုပညာ စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။ ချမ်းမြေ့ဝင်း ဘာသာပြန်ထားတာပါ။ စာအုပ်ခေါင်းစဥ်ဖတ်ပြီး ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတော့ဘူးလား အလေးထားစရာမလိုတော့ဘူးလားလို့ ထင်မိရင် ထင်မိပါလိမ့်မယ်။ အဲ့သလိုမဟုတ်ပါဘူး။ ဒီစာအုပ်က ကို့အတွက် မဟုတ်တဲ့သူတွေ၊ ကိုယ်ကပဲ ဂရုစိုက်နေရပြီး ကိုယ့်အတွက်ကျ နည်းနည်းလေးမှ ပြန်မကြည့်တဲ့ သူတွေကို စိတ်ထဲမထားပဲ ဂရုမစိုက်ပဲ နေကြည့်ပါ လို့ ပြောပြထားတဲ့ စာအုပ်ကလေးပါ။ အရာရာတိုင်းကို ရေကြီးခွင်ကျယ်လုပ်နေမယ်ဆိုရင် မရှုပ်သင့်တဲ့ ကိစ္စတွေ ရှုပ်သွားပြီး နောက်ဆုံးကျ ကိုယ်ပဲ နာကျင်ရမှာမို့ အစကတည်းက လက်လွတ်သင့်တဲ့အရာတွေကို လက်လွှတ်ပါလို့ ပြောထားပါတယ်။ ပျော်ရွှင်ခြင်းဆိုတာ ဒီအတိုင်း အလိုလိုရောက်လာတာမဟုတ်ဘဲ အခက်အခဲတွေကို ဖြေရှင်းလိုက်မှ ရောက်လာတယ်ဆိုတဲ့အကြောင်း၊ ကျွန်တော်တို့တွေဟာ တစ်ခုကိုလိုချင်ရင်တော့ တစ်ခုကိုတော့ စွန့်လွှတ်ရမယ်ဆိုတဲ့အကြောင်း၊ ဖြစ်လာသမျှဒုက္ခတွေကို ရှောင်မပြေးပဲ တည့်တည့်တိုးပြီး ရင်ဆိုင်သင့်ကြောင်းတွေ ရေးပြထားပါတယ်။ အရာရာကိုဂရုစိုက် နေရတဲ့သူတွေအတွက် ဂရုမစိုက်ခြင်းအနုပညာက အရိုးရှင်းဆုံးပြောပြပေးထားတဲ့အတွက် ခုခေတ်လူငယ်တွေအတွက် မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုချင်ပါတယ်?။

  3. EiEitheint

    Ex ကိုမမေ့နိုင်သေးဘူးလား………………..ဒီစာအုပ်ကိုဖတ်ပါ။
    အလုပ်မရှိလို့စိတ်ညစ်နေလား……………….ဒီစာအုပ်ကိုဖတ်ပါ။
    စိတ်ပင်ပန်းပြီးဘဝကအထီးကျန်နေပြီလား………..ဒီစာအုပ်ကိုဖတ်ပါ။
    ကိုယ့်ဘဝကြီးကခက်ခဲကြမ်းတမ်းနေတယ်လို့ထင်လား………..ဒီစာအုပ်ကိုဖတ်ပါ။
    ပတ်ဝန်းကျင်နဲ့အဆင်မပြေဘူးလား…………ဒီစာအုပ်ကိုဖတ်ပါ။
    ဂရုမစိုက်ခြင်းအနုပညာ… ထင်မှာပေါ့ ဘယ်အရာကိုမှ ဘာကိုမှဂရုမစိုက်ခြင်းလို့ xxxxxxxxxx

    စာရေးသူပြောတဲ့ဂရုမစိုက်ခြင်းဆိုတာ စွန့်လွှတ်စရာတွေ သောက်ပြဿနာတွေ သေခြင်းတရားတွေ ကျရှုံးမှုတွေ အစရှိတဲ့ အရေးမပါတာတွေကို ဂရုမစိုက်ဖို့ပြောချင်တာပါ။ ဒီစာအုပ်ကိုစဖတ်ခြင်း page1, page2 မှာကတည်းက အရမ်းဖတ်လို့ကောင်းနေပါပြီ။ စာရေးသူကလည်း စာဖတ်သူရဲ့အတွေးကို ကြိုမြင်နေသလိုပဲ။ ကိုယ့်စိတ်ထဲ ပေါ်လာမယ့်မေးခွန်းတွေကို သူကအရင်သိပြီး အဖြေနှင့်တကွ ရှင်းပြီးပြီလေ။

    လူတွေရဲ့ superhero ဖြစ်ချင်စိတ်တွေ၊ အခွင့်ထူးခံစိတ်တွေ အရေးမပါတဲ့ ပေတံမှားတွေနဲ့ တိုင်းနေတာကအစ၊ စွန့်လွှတ်တက်ဖို့၊ ချစ်ခြင်းမေတ္တာကို အလေးထားတက်ဖို့တွေကို သေသေချာချာ ရှင်းပြထားတာလေးပါ။ တန်ဖိုးထားရမယ့်အရာတွေကို မှားယွင်းစွာ နားလည်နေတက်တာမျိုး၊ ပျော်ရွှင်မှုနဲ့ သာယာမှုကို မခွဲခြားနိုင်တာမျိုး၊ ဒုက္ခဆိုတဲ့ သားရိုင်းကောင်ကြီးကို စေ့စေ့ကြည့်ပြီး လက်ခလယ်ထောင်ပြရဲတဲ့အထိ ခံနိုင်ရည်ရှိအောင် ပြောပြပေးနေသလိုပါပဲ။
    တာဝန်ယူမှု၊ တာဝန်သိမှုမရှိတဲ့ ကျွန်တော်တို့လိုလူမျိုးတွေကို အပီအပြင်ဆုံးမထားပါတယ်။

    စာရေးသူရဲ့ အရေးအသားတွေက ခါးပေမဲ့ အမှန်တရားတွေပါ။ သူပြောတာတွေက အကုန်မှန်တယ်လေ။ ဒီစာအုပ်ဖတ်ပြီးမှပဲ ကိုယ့်ကိုကိုယ် သောက်ပိုတွေလုပ်နေတဲ့ ငကြွားကြီးမှန်းသိတော့တယ်။ ဒီစာအုပ်ဖတ်လိုက်ရလို့ ဘာမှမရရင်တောင် အကျိုးယုတ်မသွားပါဘူး။

    “ဇကာနဲ့ရေခပ်နေရသလိုပဲ
    ဘာမှမရပေမယ့် အနည်းဆုံးတော့ သန့်ရှင်းသွားတယ်လေ”

    ကျွန်မကတော့ ဒီစာအုပ်ဖတ်ပြီးပြီးချင်းမှာ “အတန်ငယ်တော့အေးချမ်းသွားတယ်”

  4. Daunoonyo

    ကျွန်တော်ဖတ်တဲ့စာအုပ်တိုင်းကိုကျွန်တော်ပြန်ပြီး အသုံးမချမိဖြစ်ပါဘူး။အနည်းငယ်သောစာအုပ်များကိုသာ နေ့စဉ်အသုံးချမိပါသည်။ထိုအနည်းငယ်သောစာအုပ်ထဲတွင် ဆရာချမ်းမြေ့ဝင်း၏ ဂရုမစိုက်ခြင်းအနုပညာသည်လည်းတစ်အုပ်အပါအဝင်ဖြစ်သည်။တွေးရမှာပျင်းသူများအတွက်အတွက်တော့ ဒီလိုစာအုပ်မျိုးဟာ အရသာသိပ်ရှိနေမှာမဟုတ်ပါဘူး။သို့ပေမယ် ဒီစာအုပ်ကိုတော့ဖတ် ကြည့်ပါလို့ပြောပြချင်ပါသည်။ကိုယ်ကပတ်ဝန်းကျင်ကို အဖတ်မလုပ်သလို ပတ်ဝန်းကျင်ကလည်းကိုယ့်ကိုအမြင်စောင်းနေသူများ ၊ပြဿနာပေါင်းသောင်းခြောက်ထောင်နှင့်နေစဉ်ရင်ဆိုင်နေရသူများအတွက်တော့ ဒီစာအုပ်ဟာ ဖြစ်ပါ့မလားကိုဖြစ်အောင်လုပ်ပေးမည့်စာအုပ်ဟုပြောပြချင်ပါသည်။
    ဘာသာပြန်စာအုပ်ဖြစ်သဖြင့် တစ်ကြောင်းကိုနှစ်ခေါက်လောက်ဖတ်ပြီး လေးလေးနက်နက်တွေးကြည့်ပါလို့ပြောလိုက်ပါရစေ။ဂရုမစိုက်ခြင်းအနုပညာဆိုသည်မှာ ဘာကိုမျှဂရုမစိုက်ဘဲနေခြင်းမဟုတ်ပေ။ဘဝတစ်သက်တာတွင် ဂရုစိုက်သင့်သည်များကို ဂရုစိုက်ပြီး ဂရုမစိုက်သင့်သည်များကို အဖတ်မလုပ်မိစေဖို့ စောကြောပေးမည့်စာအုပ်ဖြစ်သည်။ကျွန်တော်တို့ရဲ့နေစဉ်ဘဝမှာ ဂရုမစိုက်သင့်သော အရာများကိုဂရုစိုက်မိသဖြင့် စိတ်ပင်ပန်းရသည်။(ဥပမာ-ကိုယ့်အရမ်းခင်တဲ့သူငယ်ချင်းက ကိုယ်တင်ထားတဲ့ ပုံကို like မပေးလို့၊အင်တာနက်လိုင်းမကောင်းလို စသည်ဖြင့်)
    ကျွန်တော်တို့နေစဉ်ဘဝမှာ တစ်ခါတစ်လေကိုယ်ကမရွေးချယ်ပါဘဲနှင့် ကိုယ်မလိုချင်တာတွေရလာတတ်ပါသည်။ဥပမာ-ထမင်းဆိုင်မှာ ကိုယ်ကြိုက်တဲ့ဟင်းက ကုန်သွားတာမျိုး၊ကိုယ့် crush ကကိုယ့်ကိုပြန်မကြိုက်တာမျိုး။ကိုယ်မလိုချင်တာတွေရလာတဲ့အခါမှာ ဘယျလိုရငျဆိုငျရမလဲဆျိုသညျကို ဤစာအုပ်လေးကပြောပြပေးပါလိမ့်မည်။ကျွန်တော်အကြိုက်ဆုံး အတွေအမြင်တစ်ခုကတော့ အခွင့်ထူးခံလူတန်းစားအကြောင်းပဲဖြစ်သည်။ငါကဘာဖြစ်နေလို့၊ငါကဆင်းရဲလို့၊ငါ့မှာအမေမရှိလို့ ငါကသူများတွေထက်ပိုသနားစရာကောင်းတယ်၊ငါ့ကိုသနားကြပါလို့အော်နေတဲ့ အခွင့်ထူးခံလူတန်းစားတွေအတွက် ဒီစာအုပ်လေးဟာ အခွင့်ထူးခံတိုင်းကောင်းတာမဟုတ်ကြောင်းရိုးရိုးရှင်းရှင်းလေးပြောပြထားသောစာအုပ်လေးပါ။လူပေါင်း ၇ ဘီလီယံ ရှိနေတဲ့ကမ်ဘာကြီးမှာ ကိုယ်တစ်ယောက်တည်း အမေမရှိတာမဟုတ်ဘူး။ကိုယ်တစ်ယောက်တည်း ဆင်းရဲနေတာမဟုတ်ပါဘူး။ကိုယ်တစ်ယောက်တည်းကျမှ ထူးပြီးဖြစ်နေတာမျိုးမဟုတ်ပါဘူး။
    ဘာကိုလုပ်ရမလဲမသိဖြစ်နေရင် တစ်ခုခုကိုစလုပ်ပါတဲ့။အဲ့ဒီကမှ ကိုယ့်လုပ်ရမယ့်လမ်းစ၊ကိုလုပ်ချင်တဲ့အလုပ်ကိုတွေပါလိမ့်မယ်တဲ့။ဆရာတစ်ယောက်ပြောဖူးသလို ဘောလုံးက ကိုယ့်ရှေ့မှာ ဂိုးတိုင်ကလည်းကိုယ်ရှေ့မှာ ကိုယ်ကလည်းဘောလုံးသမားဆို ဘာမှမတွေးတော့ပဲနှင့်ကန်လိုက်ပါတဲ့။ဆိုလိုတာက ကိုယ်နဲ့အနီးစပ်ဆုံးကနေစလုပ်ပါတဲ့။လမ်းပျောက်ပြီး ဘာလုပ်ရမလဲမသိတဲ့လူငယ်တွေအတွက် အကျိုးရှိတဲ့စာသားလေးပါ။နာကျင်မှု၊ရွေးချယ်မှု ၊ငြင်းပယ်မှု၊အောင်မြင်မှုကိုတိုင်းတာခြင်းအစရှိတဲ့ လူငယ်တိုင်းသိသင့်တဲ့အချက်တွေပါဝင်သောကြောင့် ၁၈ နှစ်ပြည့်ပြီးသောလူငယ်တိုင်း ဖတ်ကိုဖတ်သင့်တယ်လို့ ပြောပြလိုက်ပါရစေ။

  5. Wuthmone Phyu

    ခေါင်းစဉ်အတိုင်း ဘာကိုမှဂရုမစိုက်ပဲနေရမယ်လို့ဆိုလိုတာမဟုတ်ဘဲ..ဘဝရဲ့ အရေးအကြီးဆုံး ဂရုစိုက်စရာတွေနဲ့ အရေးမကြီးတဲ့ဂရုစိုက်စရာတွေကို…သိအောင်ပြောပြထားပေးတယ်လို့တော့ထင်မိတာပါပဲ..။ ကိုယ်ခံစားရတဲ့ စိတ်အနေအခြေကို လိုက်ပြီး…ဖတ်ရတဲ့ခံစားချက်ကလည်းပြောင်းလဲသွားမယ် ထင်ပါတယ်..။သူ့စာအုပ်အမှာစာထဲမှာ သူ့စာအုပ်ကို ကြိုက်သည်ဖြစ်စေ..မကြိုက်သည်ဖြစ်စေ..ဖတ်ပြီးမှ အဆင်မပြေရင်လည်း စိတ်မကောင်းဘူးဆိုတဲ့အကြောင်း သဘောကျတဲ့သူတွေကိုကျေးဇူးတင်တယ်..ဖတ်ပြီးအရင်ကထက်ပိုအေးဆေးသွားပါစေ..ဆိုတဲ့အကြောင်းရေးထားတဲ့…အဲ့ဒီအမှာစာလေးကိုတော့ လေးစားမိတယ်..စာဖတ်သူအပေါ်ထားတဲ့သူ့ရဲ့ စိတ်လေးကို သဘောကျမိလို့ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ချမ်းမြေ့ဝင်း စာအုပ်များ