ရထားပေါ်ကမိန်းကလေး
10000 (ကျပ်)
အင်္ဂလိပ် စာရေးဆရာမ ပေါ်လာဟော့ကင်းရဲ့ ပထမဆုံးဝတ္ထုစာအုပ် ဖြစ်တဲ့ ရထားပေါ်ကမိန်းကလေး စာအုပ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ အုပ်ရေ 15သန်းကျော် ရောင်းချထားတဲ့ စာအုပ်တစ်အုပ်ပါ။ မိန်းကလေးတွေရဲ့ ခွန်အား၊ခံယူချက်၊သိက္ခာ၊ အချစ် နဲ့ အစွဲအလမ်းတွေကို မညှာမတာ အပွင့်လင်းဆုံးရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်…။
လျို့ဝှက်သည်းဖိုဇာတ်လမ်း ဇာတ်ကွက်တွေကို ဖတ်ရှုလိုတဲ့ စာဖတ်သူအတွက် လက်ကမချတမ်း စွဲတသသဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်။
စာမျက်နှာ | 375 |
---|---|
စာအုပ်အရွယ်အစား | 5.8 x 1.0 x 8.9 inches |
ပုံနှိပ်မှတ်တမ်း | ဇာစ်မြစ်စာပေ၊ 2019 မတ်လ (ပ-ကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 9.11.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 10000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
16 in stock
Thet Oo Maung –
ဆရာချမ်းမြေ့ဝင်းရဲ့ ဒီစာအုပ်လေးကတော့အရမ်းကိုရသမြောက်လှတဲ့စာအုပ်လေးပါပဲ။အရမ်းလမ်းစိတ်ဝင်စားခဲ့ရတယ်။ကျွန့်တော်လို့လူငယ်ယောက်ျားလေးတယောက်အနေနဲ့တောင် မိန်ကလေးတေရဲ့စိတ်နေစရိုက် တေကိုနားလည်အောင်ရှင်းပြနိုင်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ကျွန်တော်ဆိုရင်စာအုပ်အနေနဲ့အမြဲတမ်းဖတ်နေဖို့အဆင်မပြေတဲ့အတွက် ဖုန်းထဲမှာပဲစာအုပ်လင့်ကို ဒေါင်းပီးဖတ်ခဲရတယ်။နေ့တိုင်းလိုလိုဖြည်းဖြည်းချင်း အချိန်ဆွဲပြီးဖတ်ခဲ့တယ်။အစပိုင်းမှာတော့ နည်းနည်းအီအီတီတီဆိုပေမဲ့ ဖတ်ရင်းဖတ်ရင်းနဲ့တင်အရမ်းကိုစွဲသွားရတယ်။နောက်ပိုင်းလေပိုပြီးစိတ်ဝင်စားဖို့ကောင်းလေ၊သည်းထိတ်ရင်ဖိုဆန်လေဖြစ်လာတယ်။မှုခင်းတေ၊အိမ်ထောင်ရေးတေ၊ကျန်းမာရေးတေပါ ပါဝင်တယ်။ေရချယ်၊အန်နာ၊မီဂန်ဆိုတဲ့ မိန်းကလေးသုံးယောက်ရဲ့ဆက်စပ်နေမှုကိုတဖြည်းဖြည်းနဲ့ပေါ်လာခဲ့တယ်။မထင်မှတ်ထားတဲ့ဇာတ်လမ်းဇာတ်ကွက်တေနဲ့အတူ ဇာတ်လမ်းဟာရုပ်လုံးကြွလာခဲ့တယ်။ဆရာချမ်းမြေ့ဝင်းရဲ့ဘာသာပြန်စွမ်းရည်ကလည်း ဒီစာအုပ်မှာအရမ်းကောင်းမွန်ခဲ့တယ်။ဒီစာအုပ်ကိုဖတ်ပြီးတော့ ခက်ခဲမွန်းကြပ်စွာနေထိုင်နေရတဲ့လူတေအကြောင်းတေ၊အိမ်ထောင်ရေးပဋိပက္ခတေ၊နားလည်ပေးမှုမရှိမှုတေ၊အထင်လွဲမှားမှုတေ၊အတ္တ၊မာနတေနဲ၊လိုချင်တပ်မက်မှုတေနဲ့ လူတေရဲ့အကြောင်းကိုသေချာသိရှိလာခဲ့ရတယ်။ကျွန်တော့်အနေနဲ့လည်း ဒီစာအုပ်ဖတ်နေချိန်မှာ social media သုံးနေတာတေတောင် နည်းပါးသွားခဲ့တယ်။မြန်မာပြည်မှာလည်းဒီလိုမျိုး unreliable narrators (စိတ်မချရသော
ဇာတ်ကြောင်းပြောသူများ)ပုံစံမျိုးဇာတ်လမ်းတေ စာအုပ်တေ ဒီ့ထက်မကထွက်စေ့ချင်ပါတယ်။ဒီစာအုပ်အနေနဲ့ အရမ်းကောင်းမွန်တဲစာအုပ်ဖြစ်တာကြောင့် လူငယ်များကိုလည်းဖတ်ရှုဖို့အကြံပေးချင်ပါတယ်။
Thet Oo –

Eain –
ကျွန်မက စာအုပ်စုရတာဘဲ ဝါသနာ ပါလှတာ စာဖတ်ရတာတော့ ဝါသနာမပါလှပြန်ဘူး …
တနေ့ အတော်ပျင်းနေတာနဲ့ စာအုပ်လေး ဖတ်ဦးမှပေါ့ …
စာအုပ်ဖတ်ရင်လဲ စာအုပ်ကိုင်တာနဲ့ အိပ်ပျော်ပါလေရော ဒါကတော့ ထုံးစံလိုကို ဖြစ်နေတော့တာ ….
စာအုပ်ဖတ်ရုံနဲ့ အိပ်ပျော်တာလဲ မပြောနဲ့ စာအုပ်အိပ်ယာထဲ ရောက်ရင်တောင် အိပ်ပျော်တတ်တာ…
ပြန်ဆက်ရရင် ဒီစာအုပ်လေးကို စဖတ်မိတယ်ပေါ့ တရွက်ပြီးတရွက် စာရွက်တွေကုန်သွားတယ် ဘေးနားမှာ ဖျော်ထားတဲ့ ကော်ဖီတွေလဲ တခွက်ပြီး တစ်ခွက် ကျွန်မ သတိရလို့ ဘေးဘီ ကြည့်မိတော့ နေရောင်ခြည်က အိမ်ထဲ တောင် ရောက်နေပီ …
စာအုပ်တစ်အုပ်လုံးကို တစ်ရက်နဲ့ တစိုက်မတ်မတ် ဖတ်ဖစ်ခဲ့တာ ဒီစာအုပ်ပါဘဲ ခုထိလဲ အခန်းတိုင်းက ရင်ထဲ စွဲနေတုန်းဘဲ အဲ့စာအုပ်ဖတ်ပီးသွားချိန်တုန်းကတော့ ဝမ်းနည်းတယ် ဒီလို အရသာရှိတဲ့ စာအုပ်မျိုး နောက်ထပ်ရှိပါဦးမလားပေါ့ …
နောက်တစ်လလောက်နေတော့ စာအုပ်အကြောင်း စကားစပ်မိတော့ သူငယ်ချင်းက ပြောတယ် ဇာတ်လမ်းပြန်ရိုက်ထားတာ ရှိတယ် တဲ့ ….
စာအုပ်ထက် movies ပိုကြိုက်လွန်းတတ်သူကျွန်မ ရှာတောင်မကြည့်ခဲ့ပါဘူး ရင်ထဲထိ ရောက်ခဲ့ရတဲ့ ဒီစာအုပ်လေးရဲ့ အနှစ်သာရတွေ ကို သစ္စာရှိချင်တာကြောင့်ရယ်ပါ….
Review တွေ တခါမှ မပေးဖူးပေမဲ့ ကျွန်မလို စာအုပ် review လေးတွေ ရှာ ဖတ်ပီးမှ ဝယ်တတ်တဲ့ သူတွေအတွက် ကျွန်မသဘောထားလေးနဲ့ အမှတ်တရလေး ပြန်လည်ဝေမျှခြင်းပါ….
ခုတော့ ဆုလာဘ်ဆိုတဲ့ စာအုပ်လေး ဖတ်နေပါတယ် …
ဆုလာဘ် ကလဲ ရင်ထဲ ထိတာမို့ ဖတ်ပြီးမှဘဲ ဆုလာဘ်အောက်မှာ သဘောထားလေး သွားရေးပါဦးမယ် ….
စာဖတ်ဝါသနာမပါတဲ့စာဖတ်သူ