ဆုလာဘ်
10000 (ကျပ်)
အများနဲ့မတူ၊ ထူးခြားတဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားရတဲ့ အောဂတ်စ်.. ဆိုတဲ့ ကောင်လေးဟာ အခုထိ စာသင်ကျောင်းအစစ်မှာ ကျောင်းမတက်ဖူးသေးဘူး။ ငယ်ကတည်းကနေ ၁၀ နှစ်သား အရွယ်အထိ အိမ်မှာပဲ စာသင်ခဲ့ရတာ။ ဒီနှစ်မှာ သူ ကျောင်းစတက်ရတော့မယ်။ ကျောင်းအသစ်၊ ပတ်ဝန်းကျင် အသစ်ကို သူ ဝင်တိုးရတော့မယ်။ ဒီပတ်ဝန်းကျင် အသစ်က အောဂတ်စ်ကို လက်ခံပါ့မလား၊ စိန်ခေါ်မှုတွေကို သူ ဘယ်လို ရင်ဆိုင်မလဲ။ အခက်အခဲတွေကို သူနဲ့အတူ ရင်ဆိုင်ကျော်ဖြတ်ပေးကြမယ့် မိသားစုဝင်တွေ၊ သူငယ်ချင်း အဟောင်း/အသစ်တွေ.. သူတို့တွေကရော ဒီစွန့်စားခန်းမှာ ဘယ်လို ပါဝင်နေသလဲ။ ဆုလာဘ်..ဆိုတဲ့ ဒီစာအုပ်ကို ဖတ်တဲ့အခါ.. အရွယ်နဲ့မလိုက်အောင် အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ အောဂတ်စ် ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရဲရင့်ခြင်း၊ လူသားဆန်ခြင်းနဲ့ မျှော်လင့်ခြင်းတွေကို သက်ဝင်ခံစားရင်း ရင်ကို နွေးစေပါလိမ့်မယ်။
စာမျက်နှာ | 400 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 1 × 8.5 inches |
ပုံနှိပ်မှတ်တမ်း | ဇာစ်မြစ်စာပေ၊ 2021 ဒီဇင်ဘာလ (ပ-ကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | ၁၄.၆.၂၀၂၃ နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၁၀၀၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
12 in stock
phyo nge nge aung –
ဆရာချမ်းမြေ့ဝင်းရေးသားသော ဆုလာဘ် စာအုပ်လေးဟာ လူငယ်တိုင်းဖတ်သင့်တဲ့စာအုပ်တစ်အုပ်လို့ထင်မြင်ပါတယ်။တကယ့်ကိုဖတ်ကောင်းတဲ့စာအုပ်လေးပါ။
Thae JM –
စာအုပ်လေးနာမည်က “ဆုလာဘ်” တဲ့…..၂၀၂၁ ဒီဇင်ဘာလ ကထွက်ထားတဲ့စာအုပ်လေးဆိုတော့ တော်တော်များများ ဖတ်ပြီးလောက်ပြီ ထင်ပါရဲ့….ဒီစာအုပ်လေး ကျွန်မလက်ထဲရောက်တာတော့ တစ်လလောက်ရှိပြီ……မဖတ်ဖြစ်သေးတာနဲ့ မနေ့ကမှ စဖတ်ဖြစ်လိုက်တယ်…..အစကတော့ တစ်ရက် တစ်ခန်းလောက်ပဲဖတ်မယ်ပေါ့……ဖတ်လည်းဖတ်ရော လက်ကမချနိုင်ဘူး…..တစ်ရက်ထဲကို အပြီးဖတ်မိသွားတယ် ☺☺
“ဆုလာဘ်” ဆိုတဲ့စာအုပ်လေးက ဆရာချမ်းမြေ့ဝင်းရဲ့ ဘာသာပြန်စာအုပ်လေးတစ်အုပ်…… ဝမ်းနည်း ဝမ်းသာ၊ ကြည်နူး ပျော်ရွှင်၊ စိတ်လှုပ်ရှားမှု စတဲ့ feeling အမျိုးမျိုးကို ခံစားလို့ရတဲ့ စာအုပ်လေးတစ်အုပ်လည်းဖြစ်ပါတယ်…… သင်ဟာ သိပ်ပြီး သနားကြင်နာတတ်သူတစ်ဦးမဟုတ်ဘူးဆိုရင်တောင် ဒါလေးဖတ်ပြီးသွားရင် သင့်စိတ်အခြေအနေတွေ ပြောင်းလဲကောင်းပြောင်လဲသွားနိုင်ပါသေးတယ်….. စာအုပ်လေး စဖတ်ကတည်းက ချစ်ခြင်းမေတ္တာတွေ၊ ကိုယ်ချင်းစာတရားတွေကို ခံစားရစေတာကိုး……
သူ့ဇာတ်လမ်းလေးက ဒီလို…………….
အများနဲ့မတူ ထူးခြားတဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားရတဲ့ ‘အောဂတ်စ်’ ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့အကြောင်း……. သူမိသားစုကတော့ သူ့ကို ‘အော်ဂီ’ လို့သာခေါ်ကြတယ်….. စဖတ်ကတည်းက ကျွန်မလည်းသူနဲ့ရင်းနှီးနေသလိုပဲခံစားရလို့ ‘အော်ဂီ’ လို့ပဲခေါ်မယ်….
ဘယ်လိုထူခြားတဲ့ မျက်နှာမျိုးကိုပိုင်ဆိုင်ထားတာပါလိမ့်…..ထူးခြားတယ်ဆိုတော့ ကောင်းတာဖြစ်မလား…..ဆိုးတာဖြစ်မလား….. သင်ထင်ချင်သလိုထင်လို့ရပါတယ်…..ကဲ….သူ့မျက်နှာသွင်ပြင်ကို ခနထားဦး….သူ့မိသားစုအကြောင်းဆက်ပြောဦးမယ်…..
အဖေရယ်၊ အမေရယ်၊ ‘ဗီရာ’ဆိုတဲ့ သူ့အမရယ်၊ ပြီးတော့…..သူ့အချစ်ဆုံး ‘ဒေစီ’ ဆိုတဲ့ ခွေးလေးတစ်ကောင်ရယ် အော်ဂီဆီမှာရှိတယ်……သိပ်ကိုနွေးထွေးမှုရှိတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားရတာ အော်ဂီအတွက်တော့ ဆုလာဘ်တစ်ခုပဲ….
အော်ဂီရဲ့ မျက်နှာဟာ မွေးရာပါ ချို့ယွင်းချက်လေးတွေပါနေတယ်…..အကြိမ်ကြိမ်လည်းခွဲစိတ်ကုသမှုတွေကိုခံယူထားရတဲ့ ကောင်လေးတစ်ယောက်….သူ့မျက်နှာက ကျွန်မတို့ထင်ထားတာထက်လည်း ပိုဆိုးနိုင်တယ်လို့ပြောတယ်….ကျွန်မလည်းပုံဖော်ကြည့်မိတယ်….ဒါပေမယ့် သူ့အတွက်တော့ ဒီမျက်နှာဟာနေသားကျနေပြီးသား အရာတစ်ခုဆိုတော့ အထူးအဆန်းမဟုတ်တော့ဘူး….. သူ့ကို စတွေ့မယ့်သူဆိုရင်တော့ အထူးအဆန်းကိုဖြစ်နေတာ….သူ့ကိုမြင်ရင် တစ်ချို့ဆို ဘီလူးသရဲကိုမြင်သလိုလန့်သွားကြ….တစ်ချို့ဆို လှောင်ကြပြောင်ကြ စနောက်ကြတဲ့လေ…….အောဂတ်စ်တစ်ယောက် လူအသစ်အသစ်တွေနဲ့ တွေ့တိုင်း အဲ့ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် ဘယ်လိုများနေပါလိမ့်….
အော်ဂီရဲ့ အသက်ဟာ အခုဆိုရင် ၁၀ နှစ်ရှိပြီ…..မူလတန်းထိတော့ သူ့အမေနဲ့ပဲစာသင်ပြီးနေလာခဲ့တာ….တစ်ရက်ကျတော့ အော်ဂီ ကျောင်းတက်ဖို့အကြောင်းဖန်လာခဲ့တယ်…..သူ့အမေက အလယ်တန်းတက်ဖို့ အော်ဂီကိုပြောလာတဲ့ အချိန် အော်ဂီ တစ်ယောက် လက်ခံမှာလား လက်မခံဘူးလား……ပတ်ဝန်းကျင်အသစ်အတွက် သူအဆင်သင့်ဖြစ်ပါ့မလား……..ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ရင်ဆိုင်ရဦးမှာလဲ…….
ဇာတ်လမ်းလေးကတော့ ဒီလောက်ပဲပြောပါမယ်…..ထင်ထားတာထက် ဖတ်လို့ပိုကောင်းမှာဆိုတာတော့ သေချာတယ်……
ကျွန်မ ဒီစာအုပ်လေး မဖတ်ဖြစ်ခင်ကဆိုရင် ကိုယ်ချင်းစာစိတ်သိပ်မထားတတ်တဲ့သူလို့ ပြောလို့ရပါတယ်….. ဒီစာအုပ်လေးဖတ်ပြီး ကိုယ့်ရဲ့လိုအပ်ချက်လေးတွေ ဖြည့်ဖို့လိုနေတာလေးတွေကို အများကြီးတွေ့လာတယ်…..သနားကြင်နာမှု ကိုယ်ချင်းစာတရားတွေက ဘယ်လောက်တောင်အင်အားကြီးမားပြီး နွေးထွေးစေသလဲဆိုတာကို နားလည်လိုက်တယ်…..စိတ်အေးချမ်းမှုတွေဆိုတာ တကူးတကလိုက်ရှာနေစရာမလိုပဲ နေ့စဥ်အဖြစ်အပျက်လေးတွေကနေလည်း ရှာယူလို့ရတယ် ဆိုတာသိလာတယ်…..
မိသားစု၊ မောင်နှမ နဲ့ သူငယ်ချင်း ချစ်ချင်းမေတ္တာလေးတွေကိုဖတ်ပြီး ရင်ထဲနွေးထွေးသွားလိုက်တာ…..စစ်မှန်တဲ့ ချစ်ချင်းမေတ္တာဆိုတာ ဒီလိုလေးပါလား……တချို့ အခန်းလေးတွေဆို ဝမ်းနည်လိုက် ပျော်ရွှင်လိုက်…. တချို့အခန်းလေးတွေဆို ပျော်ရွှင် ကြည်နူးသွားလိုက်….. တချို့အခန်းလေးတွေကျတော့လည်း ဝမ်းနည်း ဝမ်းသာမျက်ရည်လေးတွေနဲ့ဖတ်ရလိုက်နဲ့ တော်တော်ကိုစွဲတာ……ကိုယ်တိုင်လိုက်ပြီး သက်ဝင်ခံစားလို့ကောင်းတဲ့ စာအုပ်လေးတစ်အုပ်ပါ…..
အောဂတ်စ်ဆိုတဲ့ကောင်လေးဟာ အရွယ်နဲ့မလိုက်အောင် အခက်အခဲပေါင်းစုံကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ သူငယ်ချင်းတွေအပေါ် ထားရှိတဲ့ ခင်မင်သစ္စာရှိမှု၊ လူတိုင်းအပေါ်ထားနိုင်တဲ့ သည်းခံစိတ်၊ လူသားဆန်မှုတွေဟာ ကျွန်မအတွက် အတုယူရမယ့်အချက်တွေပါပဲ…….
စာအုပ်လေးဖတ်ပြီးသွားတဲ့အခါ ကျွန်မနားလည်လိုက်တာ သနားကြင်နာမှုဟာ ပိုပြီးကောင်းမွန်တဲ့ ကမ္ဘာကြီးကိုတောင် တည်ဆောက်နိုင်တယ်ဆိုတာပဲ……သနားကြင်နာမှုလောက် အေးချမ်းစေတဲ့ နွေးထွေးစေတဲ့အရာမရှိတော့ပါဘူး……. “လိုအပ်တာထက်ပိုပြီး သနားကြင်နာသင့်တယ်တဲ့”…..”ဘာလို့လဲဆိုတော့ သာမန်လောက်ပဲ ကြင်နာသနားရုံနဲ့ မလုံလောက်ဘူးတဲ့”…… ကျွန်မကြိုက်မိတဲ့ စာစုလေးပါ….ဘယ်လောက်တောင်တန်ဖိုးရှိတဲ့ စကားလေးလဲ….. ကျွန်မလည်း လိုအပ်တာထက်ပိုပြီး သနားကြင်နာတတ်ဖို့ ကြိုးစားရပါဦးမယ်…..
“အော်ဂီ” ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့ချို့ယွင်းချက်ကို ဆုလာဘ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်……. သူ့ပြောခဲ့တဲ့စကားလေးက ” လူတိုင်းဟာ တစ်သက်မှာ တစ်ခါတော့ အားလုံးရဲ့ မတ်တပ်ရပ်၊ လက်ခုပ်တီး ကောင်းချီးသြဘာပေးတာကိုခံစားဖူးသင့်တယ်။ ကျွန်တော်တို့ အားလုံးဟာ အခက်အခဲမှန်သမျှကို ကျော်ဖြတ်နိုင်မယ့် သူတွေပဲလေ။” တဲ့…..
“အော်ဂီ” တစ်ယောက် အသက်ကြီးတဲ့အထိ ဘယ်လိုမျိုးနေသွားလဲ……အချစ်စစ်နဲ့ရောတွေ့သေးလားဆိုတာတော့ ကျွန်မစိတ်ဝင်စားမိတဲ့နောက်ဆက်တွဲလေး….. ကိုယ့်ဟာကိုယ် အရှည်ကြီးတွေတွေးပြီး စိတ်ကူးယဥ်ကြည့်တာပေါ့ 😛 ဒုတိယပိုင်းလေးဖတ်ရရင်ကောင်းမှာပဲ လို့လဲတွေးမိရင်း……….
လူသားဆန်မှုလေးတွေကို ခံစားချင်ရင်တော့ ‘ဆုလာဘ်’ စာအုပ်လေးကို ဖတ်ကြည့်ပါလို့ ပြောပါရစေ…….
စေတနာဖြင့်
Thae JM
#ဆုလာဘ်
Yumi (verified owner) –
ဖတ်ပြီးတာနဲ့ ရင်ထဲမှာနွေးသွားတာပဲ
လူသားအချင်းချင်း ကြင်နာသနားမှု စာနာမှု အားနည်းသူကိုကာကွယ်မှု အားလုံးကို ဒီစာအုပ်ထားမှာ ထည့်ထားတယ်
မူရင်းစာရေးဆရာရော ဘာသာပြန်ပေးတဲ့ ဆရာချမ်းမြေ့ဝင်းရော ကျေးဇူးတင်ပါတယ်
အခုလို အရာအားလုံး ဆိုးယုတ်မှုတွေကြားမှာ ရှင်သန်ရုန်းကန်နေရတဲ့ ကာလကြီးမှာ ဒီစာအုပ်လေးဖတ်ရတာ တကယ့် အလင်းတန်းလေးတခုလိုပါပဲ
ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာလဲ ပိုပြီး ကြင်နာသနားတတ်တဲ့ ပိုပြီးစာနာတတ်တဲ့ အမူအကျင့်တွေ ပျံ့ပွါးဖို့မျှော်လင့်ပါတယ်
တကယ် အရမ်းကောင်းတဲ့ စာအုပ်လေး
Highly recommend ပါ
Aeri Myat –
ဆရာချမ်းမြေ့ဝင်းရဲ့ စာအုပ်ကို
ပထမဆုံးအကြိမ် ဖတ်ဖူးခြင်းပါ။
“ဆုလာဘ်” ဆိုတဲ့ ဘာသာပြန်စာအုပ်လေးအကြောင်းကို နည်းနည်း မျှဝေချင်ပါတယ်။
ဒီစာအုပ်လေးရဲ့အကြောင်းကတော့
“အောဂတ်စ်”ဆိုတဲ့ ကောင်လေး
အကြောင်းလို့ ပြောလို့ရပေမဲ့၊ ဖတ်နေရင်း ခံစားမိတာက ချစ်ခြင်းမေတ္တာတွေပါပဲ။
မူမမှန်တဲ့ မျက်နှာနဲ့ မွေးဖွားလာရတဲ့
ကလေးလေးပေမဲ့ သူအကောင်းဆုံး
ကြိုးစားရှင်သန်တယ်။
သူ့ရဲ့ဖြစ်တည်မှူကို သူလက်ခံပေးတယ်။
အများအမြင်ကိုလည်း သူက
နားလည်ပေးတတ်သေးတယ်။
တစ်ခါတလေ
ဝမ်းနည်းရတာမျိုးတွေရှိတဲ့အခါမှာ
“အော်ဂတ်စ်”ငိုရင် စာဖတ်နေရင်း
ကျွန်မပါ မျက်ရည်ကျမိတော့တာပဲ။🥺
အောဂတ်စ်ရဲ့ မိသားစုကလည်း
တကယ်ကို နွေးထွေးကြတယ်။
အစ်မဖြစ်သူ”ဗီရာ”ကလည်း
မောင်လေးကိုအရမ်းချစ်၊
အဖေ၊ အမေကလည်း
ဒီသားလေးကို ပစ်ပယ်မထားဘဲ၊
ချစ်ခြင်းမေတ္တာနဲ့ ထွေးပွေ့ထားတယ်။
ဒီစာအုပ်ထဲမှာပါတဲ့ ဇာတ်ကောင်တစ်ခုချင်းဆီမှာ သူ့ဇာတ်လမ်းလေးတွေနဲ့သူ
ရှိကြတယ်။အတွေးအမြင်
အသစ်လေးတွေ ရစေပါတယ်။
သိပ်သဘောကျမိတဲ့
ဆောင်ပုဒ်လေးတစ်ခုလည်း ရှိတယ်။
“အမှန်တရားနဲ့ သနားကြင်နာခြင်း
တစ်ခုကို ရွေးရမယ်ဆိုရင်…
ကြင်နာသနားဖို့ကိုသာ ရွေးချယ်ပါ”
သိပ်ကိုနွေးထွေးတဲ့ဆောင်ပုဒ်လေး💗
အခါခါရွတ်ရင်း သဘောကျမိနေတာပဲ။
ဒီစာအုပ်လေးကနေ သည်းခံခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို သတိပြုမိစေတဲ့အတွက်၊ မူရင်းရေးသားသူနဲ့ ဘာသာပြန်ရေးသားသူ စာရေးဆရာ နှစ်ယောက်လုံးကို ကျေးဇူးတင်မိပါတယ်။
ဘဝမှာ အခက်အခဲတွေ ကြုံလာတိုင်း
“အောဂတ်စ်”ကို မြင်ယောင်ကြည့်ပြီး စိတ်ခွန်အားတွေ အများကြီး
ရလာစေမယ့် စာအုပ်လေးပါ။✨️
ဒီလအတွက် ပထမဆုံး
ဖတ်ဖြစ်တဲ့ စာအုပ်ကလေးလည်း
ဖြစ်ပါတယ်။ ✨️
#ဆုလာဘ်
#ချမ်းမြေ့ဝင်း
#January
#bookno1