သုခမြေပုံ
10000 (ကျပ်)
မူရင်းစာရေးဆရာ အဲရစ်ဝိုင်နာဟာ ကမ္ဘာတစ်ပတ်ခရီးထွက်ပြီး ဘယ်နေရာမှာ၊ ဘယ်လိုလူတွေဟာ ဘာကြောင့်ပျော်နေကြသလဲ ဆိုတာကို အသေးစိတ်လေ့လာထားတဲ့စာအုပ်ဖြစ်ပါတယ်။ အမြဲတမ်းစိတ်ညစ်ညူးနေတတ်သူတစ်ယောက်ရဲ့ပျော်ရွှင်ခြင်းကိုရှာဖွေလေ့လာတဲ့ခရီးသွားမှတ်တမ်းစာအုပ်ဖြစ်တာကြောင့် ပိုမိုစိတ်ဝင်စားဖို့ ကောင်းတာပဲ ဖြစ်ပါတယ်…။
ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်ကိုရှာဖွေလိုသူများ၊ နိုင်ငံတွေအကြောင်း၊ လူမျိုးတိုရဲ့ဓလေ့စရိုက်တွေအကြောင်း၊ ယဉ်ကျေးမှုတွေအကြောင်း ပိုမိုသိရှိလိုသူများအတွက် မဖြစ်မနေဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်…
စာမျက်နှာ | 373 |
---|---|
စာအုပ်အရွယ်အစား | 5.8 x 1 x 9 inches |
ပုံနှိပ်မှတ်တမ်း | အင်းဝစာပေ၊ ၂၀၂၂ အောက်တိုဘာ (ဒု-ကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | ၁၄.၆.၂၀၂၃ နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၁၀၀၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
33 in stock
Pyae Phyoe –
ဒီစာအုပ်ကို မူရင်းစာရေးသူထုတ်ဝေခဲ့တာက ၂၀၀၈ ခုနစ်ကတည်းကပါ အဖြစ်အပျက်အခြေအနေ အ ကြောင်းရာတွေက နောက်ကျနေပေမယ့်လဲ ဖတ်လို့အဆင်ပြေပါတယ်။
ပျော်ရွှင်မှုကို ရှာဖွေခြင်းဟာအရင်ကလဲရှိခဲ့ အခုလဲရှိနေသလိုနောင်လဲရှိနေအုံးမှာပါပဲ။
ပျော်ရွှင်မှုဖြစ်ပေါ်ဖို့အတွက် ပျော်ရွှင်စေဖို့ အထောက်အပံ့တွေလိုပါတယ်။ဒါတွေကို ဖန်တီးရှာဖွေကြရတယ်။ပျော်ရွှင်မှုရခဲ့ရင်တောင် တကယ်တမ်းကျေနပ်မှုရကြရဲ့လားလို့မေးစရာရှိလာပြန်တယ်။လူတွေ တကယ်ေရာပျော်ရွှင်ကြရဲ့လား ပျော်ရွှင်မှုကရော ဘဝမှာမရှိမဖြစ် လိုအပ်ချက်တစ်ခုလား။
ဒီစာအုပ်ကိုဖတ်ကြည့်ပါ အဖြေကတော့ ကိုယ်တိုင်ရှာဖွေရပါလိမ့်မယ်။
ကျွန်တော်ကတော့ ဒီစာအုပ်ဖတ်ပြီး ပျော်ရွှင်မှုထက် စိတ်အေးချမ်းမှုကိုပဲ ရွေးချယ်လိုက်ပါတယ်။ပြင်ပအထောက်အပံ့တွေကို မှီခိုစရာမလိုအပ်ပဲ ရှာဖွေဖန်တီးနေဖို့လဲမလိုပဲ ကျေနပ်နှစ်သက်နိုင်လို့ပါပဲ။
ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။
Ma Mar Saw Mi –
It’s a really good book!!!
Aye Mya Mya Naing –
နောက်ဆုံးနိဂုံးလေးကအသက်။စာရေးသူဟာပျော်ရွှင်ခြင်းကိုရှာဖွေဖို့ နိုင်ငံ၁၀နိုင်ငံ အထိသွားခဲ့ပြီး ပျော်ရွှင်မှုသုတေသီတွေနဲ့တွေ့ဆုံတယ်။ဒေသခံတွေရဲ့လူနေမှုဘဝတွေကိုလေ့လာပြီး ပျော်ရွှင်ခြင်းကိုတိုင်းတာစစ်တမ်းကောက်တယ်။(အဲ့ဒီ့အစား သာမန်ခရီးထွက်ခြင်းလို့သဘောထားပြီး အထင်ကရနေရာတွေလျှောက်လည် ၊သဘာဝအလှအပတွေခံစား၊အစားအသောက်ကောင်းတွေစားပြီး အနားယူမယဆိုရင် သူ့ခရီးစဥ်လေးကပိုပြီးပျော်ရွှင်ဖွယ်ဖြစ်ပါလိမ့်မယ်။)(Just my point of view)
ပျော်ရွှင်မှုကိုတိုင်းတာရာမှာ အခြေအနေအချိန်အခါ ကာလံဒေသံ လိုက်ပြီးအမျိုးမျိုးကွဲပြားနိုင်ပေမယ့် စိတ်ထားတတ်ဖို့က အဓိကအရေးကြီးကြောင်း သိမြင်ရမှာပါ။ဒီစာအုပ်လေးဖတ်လို့ပျော်ရွှင်ခြင်း ကိုရှာမတွေ့ရင်တောင် မပျော်စေမယ့်အရာတွေကိုတော့ တွေ့မြင်ပြီး ဖယ်ချနိုင်လိမ့်မယ်ထင်ပါတယ်။
Juliana –
အိမ်မှာနေရင်း နိုင်ငံအနှံ့ခရီးသွားလိုက်ရသလိုပါပဲ ဘာသာပြန်တဲ့ဆရာက,တော်တဲ့အတွက် ပိုပြီးဖတ်လို့ကောင်းသွားတယ် နိုင်ငံတစ်ခုရောက်တိုင်း ခံစားမှုတစ်မျိုးစီရတယ် ဘူတန်ရောက်တော့ စိတ်အေးချမ်းသွားသလို အိန္ဒိယရောက်တော့လည်း ဆူညံရှုပ်ထွေးနေတာတွေခံစားရအောင်ရေးထားတယ် တစ်နိုင်ငံချင်းစီရဲ့ လူမျိုး၊ ယဉ်ကျေးမှုတွေပိုသိလာတယ် စာအုပ်ဖတ်ရင်းနဲ့ သိလာတာတော့ ပျော်ရွှင်မှုဆိုတာ အပြင်ပတ်ဝန်းကျင်ကြောင့်ပျော်တာထက် ရင်ထဲကလာတဲ့ စစ်မှန်တဲ့အပျော်က ပိုကောင်းတာပါပဲ ရောက်တဲ့အရပ်မှာပျော်အောင်နေဆိုသလိုပါပဲ ပျော်ရွှင်မှုဆိုတာ ရှာတတ်ရင် ရှိပါတယ်