အမှောင်
11000 (ကျပ်)
❌(အသက် ၁၈ အောက်များ ဖတ်ရန် မသင့်)❌
လစ်ဘီဒေး..ဆိုတဲ့ ကောင်မလေး
ခုနစ်နှစ်သမီးအရွယ်မှာ သူ့အမေနဲ့ အစ်မနှစ်ယောက်ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်။လူသတ်သမားက တခြားသူ မဟုတ်။လစ်ဘီဒေးရဲ့ အစ်ကိုအရင်း။
အခု..နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာသွားပြီ။ဘဝထဲမှာ ကမ်းမမြင်လမ်းမမြင် မျောနေရင်း..အတိတ်ကအဖြစ်အပျက်တွေကို စိတ်ရဲ့ ဟိုးအတွင်းပိုင်းအမှောင်..ထဲမှာ သော့ခတ်သိမ်းထားရင်းလစ်ဘီဒေး အသက် သုံးဆယ်ကျော်လာပြီ။
အဲဒီအချိန်မှာ “လူသတ်အသင်း” လို့နာမည်ပေးထားတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခု လစ်ဘီ့ကို ဆက်သွယ်လာတယ်။လူသတ်အသင်းဆိုတာက မှုခင်းဝါသနာရှင်တွေစုပြီး တည်ထောင်ထားတဲ့အသင်းအဖွဲ့။အမှုမှန်မပေါ်သေးတဲ့ လူသတ်မှုကြီးတွေကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖော်ထုတ်ချင်ကြတဲ့ သူတွေပေါ့။
လူသတ်အသင်းက ပြောတယ်။လစ်ဘီ့အစ်ကို သတ်တယ်ဆိုတာ သူတို့ မယုံဘူးတဲ့။တကယ့်လူသတ်သမား အခုထိ လွတ်နေသေးတယ်လို့သူတို့ ယူဆတယ်တဲ့။ ဒါကြောင့် ဒီအမှုကိုဆက်စုံစမ်းချင်တယ်။ သဲလွန်စတွေကို ပြန်ဖော်ထုတ်ဖို့လစ်ဘီဒေးကို ပိုက်ဆံပေးပြီး ခိုင်းတယ်။
ပိုက်ဆံ အသည်းအသန် လိုနေတဲ့ လစ်ဘီဒေး..အတိတ်အမှောင်ထဲကို ပြန်တိုးဝင်ဖို့ လိုအပ်လာတယ်။
မေ့ပျော်ကထားတဲ့ အမှတ်တရတွေကို တူးဆွရတော့မယ်။ပိတ်ထားတဲ့ စိတ်တံခါးတွေကို ဖွင့်ကြည့်ရင်း
အတိတ် အမှောင်ထဲက မကောင်းဆိုးဝါးတွေခုန်ထွက်လာတဲ့အခါ..
ရထားပေါ်က မိန်းကလေးဝတ္ထုကို ကြိုက်နှစ်သက်ခဲ့သူများအတွက် ထပ်မံအကြိုက်တွေ့ကြဦးမည့် အသည်းတအေးအေးနဲ့ဖတ်ရမယ့် လျှို့ဝှက်သည်းဖိုဝတ္ထုစာအုပ်ကောင်းတစ်အုပ်…
စာမျက်နှာ | 498 |
---|---|
စာအုပ်အရွယ်အစား | 5.8 x 1 x 8.9 inches |
ပုံနှိပ်မှတ်တမ်း | ဇာစ်မြစ်စာပေ၊ 2023 ဇန်နဝါရီလ (တတိယအကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 8.2.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 11000စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
20 in stock
May Htet Htet Kyaw (verified owner) –
#အမှောင် Review
ဆရာချမ်းမြေ့ဝင်းဘာသာ ပြန်တာဆိုတော့ ကောင်းမယ်ဆိုတာ ဆရာချမ်းမြေ့ဝင်းစာအုပ်တွေ ဖတ်ဖူးတဲ့သူတိုင်း သိကြမှာပါ။ စာအုပ်က စာမျက်နှာ 1 ကနေ 498 ထိ ပါတယ်။ (စာမျက်နှာ များပေမယ့် ဖတ်ပီးရင်းဖတ်ချင်နေတာတော့ အမှန်ပဲ)
ဘယ်လိုစာအုပ်မျိုးလဲ?
– ဒီ စာအုပ်ထဲမှာ မိသားစုလိုက် သတ်ခံရတဲ့ လူသတ်မှု့ကြီးကို ကျန်နေခဲ့တဲ့ သမီး အငယ်ဆုံးကနေပီး နှစ်တွေ အများကြီးကြာမှ အဖြစ်မှန်ကို သေချာ သိချင်လို့ စုံစမ်းတဲ့ပုံစံနဲ့ သရုပ်ဖော်ထားတယ်။
စုံထောက်ဝတ္ထုလားဆိုတော့လည်း အဲ့လို ပုံစံမဟုတ်ဘူး။ ပြောရတာ ခက်တယ်။ ကျမက ဝတ္ထုတွေ သိပ်မဖတ်တော့ သေချာ မသိတာလည်းပါမယ်။ ဖတ်ရတာ ရသမျိုးစုံရတယ်။ ဇာတ်ကောင် တစ်ခုချင်းစီရဲ့ စရိုက်တွေက ကွဲပြားနေတယ်။
#ဇာတ်လမ်းအကြောင်း
ဇာတ်ကောင် ငယ်ငယ်လေးအချိန်မှာ မိသားစု ၃ ယောက်လုံး အသတ်ခံရပီး သူတစ်ယောက်တည်းကျန်နေခဲ့တယ် သူ့အစ်ကိုက ကိုယ့်မိသားစုကိုယ် ပြန်သတ်တဲ့အမှု့နဲ့ ထောင်ထဲမှာ တစ်သက်တစ်ကျွန်း
စိတ်ဒဏ်ရာ ဗလက်ဗွနဲ့ လစ်ဘီလေးဟာ မထင်မှတ်ပဲ သူ့မိသားစု အမှု့ကို ပြန်လည်စုံစမ်းတဲ့အခါမှာ မကောင်းတဲ့သူ့ရဲ့ အမှု့အကျင့်တွေ အတိတ်ရဲ့ အကြောင်းအရာတွေကို ဖော်ထုတ်သွားတယ်။သာမာန်ပုံစံလေးနဲ့ ဇာတ်လမ်းဆင်သွားတယ် ။ ဇာတ်လမ်းက ဖတ်ရင်းဖတ်ရင်း မထင်မှတ်ထားတာတွေ ဇာတ်ကောင် တစ်ခုချင်းစီရဲ့ လျှို့ဝှက်ချက်တွေ ၊ အခန်းတစ်ခုချင်းစီမှာ နောက်ထပ် အခန်းတွေအတွက် သဲလွန်စ သေးသေးလေးတွေ ချန်သွားတယ်။ ရှေးခတ်ပုံစံ ၊ ဆင်းရဲ့တဲ့ မိသားစု အခက်အခဲတွေ ၊ အဲ့အခက်အခဲတွေကို ရုန်းကန်ရင်း အမှန်တရား အကုန် အဆင်ပြေစေဖို့ လုပ်တဲ့အခါ လွဲချော်မှု့တွေ ၊ ချမ်းသာတဲ့မိသားစုရဲ့ သားသမီးတွေ ရတဲ့ အခွင့်အရေးတွေကို ကလေး အတွေးလေးတွေနဲ့ လုပ်လိုက် ပြောလိုက်မိတာတွေဟာ ဘဝတစ်ခုလုံးကို ပြောင်းလဲသွားတာတွေကို ဖော်ပြထားတယ်။
တစ်ခု ဝန်ခံရအုန်းမယ် စာအုပ် ဖတ်နေရင်း ပီးခါနီး ဖြစ်နေတာကို မနေနိုင်တော့လို့ အဆုံးကို ကျော်ဖတ်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် လူသတ်တရားခံကိုသိပီးပေါ့လေ။ ကျန်တာ ဘယ်လိုတွေ ဖြစ်တာလဲ သိဖို့ပဲ ဖတ်ဖို့ကျန်တာဆိုပီး ဆက်ဖတ်တယ် အမလေး ဘယ်ဟုတ်မလဲ ဇာတ်လမ်းက ကိုယ် မထင်ထားတဲ့ပုံစံတွေ ဖြစ်နေရော။ လုံဝ amazing ပဲ။ ဇာတ်သိမ်းလဲ မိုက်တယ် ။(ကျော်မဖတ်နဲ့နော် တစ်ဆင့်ခြင်းဖတ် (teeth))
#သတိထားရန်
စာအုပ်က 18+ တွေ ပါတယ်။ စာအုပ်ရဲ့ အနောက်အဖုံးမှာ 18+ လို့ရေးထားတယ်။(ကိုယ်ဒွေက စာအုပ်အကုန်ဖတ်ပီးမှ တွေ့တာ (yummi)) သွေးသံရဲရဲတွေ ၊ မူးယစ်ဆေးရှူတာတွေ ပါတယ်။
လူငယ်တွေရဲ့ အယူမှားတာ မကောင်းတဲ့ ပတ်ဝန်းကျင်ပုံစံ ရေးဖွဲ့ထားတယ် ၊ (အဲ့လို ပုံစံတွေကြောင့်လဲ လူသတ်မှု့ရဲ့ ဇာတ်အိမ်က ရုပ်လုံးကြွတတ်သွားတယ်လို့ ထင်မိတယ်)