ဖီလစ်ပိုင်သမိုင်း

( 0 မှတ်ချက်)

20000 (ကျပ်)

ဖီလစ်ပိုင်အာဇာနည် ဟိုဆေးရီဇော်ကို အတော်များများ သိပါလိမ့်မယ်။ ဟိုဆေးရီဇော်ကို မသိရင်တောင် အာဏာရှင် မားကို့စ် အမည်ကိုတော့ ကြားဖူးပါလိမ့်မယ်။ မားကို့စ်ကိုမှ မကြားဖူးရင်တော့ သိသင့်တာက
ဒီကနေ့ ဖီလစ်ပိုင် သမ္မတ ဘောင်ဘောင်းမားကို့စ်ဆိုတာဟာ ဖီလစ်ပိုင်လူထုတစ်ရပ်လုံး အုံကြွဖြုတ်ချခဲ့တဲ့ အာဏာရှင် မားကို့စ်ရဲ့ သားတစ်ဦးဆိုတာပါပဲ။
ဒါဟာ ထူးဆန်းနေတယ်လို့ ထင်စရာပေမဲ့ အာရှမှာ
မထူးဆန်းပါ။

ဖီလစ်ပိုင်နိုင်ငံဟာ အာရှက ရှားရှားပါးပါး ခရစ်ယာန်နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့တာဟာ စပိန်နယ်ချဲ့တွေကြောင့်ပါ။ စပိန်ဟာ ကက်သလစ်အစွန်း ရောက်တွေပါ။ ဒါပေမဲ့ သူတို့အစွန်းရောက်တာဟာ ခရစ်ယာန်ကို ခုတုံးလုပ်ပြီး နယ်ချဲ့ဖို့ အတွက်ပါပဲ။
ဒါကြောင့် ဖိလစ်ပိုင်ကို နယ်ချဲ့တော့ ခရစ်ယာန်ဘာသာကို အဓမ္မသွတ်သွင်းခဲ့လို့ ဖီလစ်ပိုင်ဟာ ခရစ်ယာန်နိုင်ငံ ဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ ဖီလစ်ပိုင်လူထုဟာ ခရစ်ယာန်အချင်းချင်း ဖြစ်လာပေမဲ့ နယ်ချဲ့ကို နယ်ချဲ့လို့ပဲ မြင်ပါတယ်။
ဒါကြောင့် နယ်ချဲ့​ စပိန်ကိုတော့ အစဥ်တစိုက် တွန်း လှန်ခဲ့တာပါပဲ။ အဲ့ဒီ့စပိန်တော်လှန်ရေးမှာပဲ သတ်ညဖြတ်ခံရလို့ ဟိုဆေးရီဇော်ဆိုတာ ဖြစ်လာတာပါပဲ။

ဒါပေမဲ့ ဖီလစ်ပိုင်ဟာ ကံဆိုးတာလား ကံကောင်းဖို့လား မသိတာက ကိုလိုနီနှစ်ဆက်နဲ့ ကြုံရတာပါ။ ၁၈၉၈ မှာ စပိန်နဲ့ အမေရိကန်စစ်ဖြစ်ကြတော့ အမေရိကန်က အနိုင်ရပြီး စပိန်ကိုလိုနီ ဖီလစ်ပိုင်ကို ဆက်ပြီး ကိုလိုနီပြုပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ကိုလိုနီပြုခြင်းဟာ ဖီလစ်ပိုင်ရဲ့ အနာဂတ် ဒီမိုကရေစီ လမ်းကြောင်း ဖြစ်လာတာပါပဲ။

ဒါပေမဲ့ နောက်ထပ် ကံကောင်းတာလား ကံဆိုးတာလား မသိတဲ့အချက်က ဖီလစ်ပိုင်ရဲ့ ဒီမိုကရေစီလမ်းကြောင်းကပဲ အရပ်သား အာဏာရှင် မားကို့စ် ထွက်ပေါ်လာခဲ့ပြီး အဲ့ဒီ့အာဏာရှင်ကိုပဲ အမေရိကန်က ထောက်ခံ အားပေးခဲ့တာပါ။

မားကို့စ်ဟာ တခြားအာဏာရှင်တွေလို လူထုအပေါ် ဖိနှိပ်မှု လွန်လွန်ကျူးကျူး မရှိပါဘူး။ နိုင်ငံရေးစနစ်အရ လုပ်လို့မရပါ။ ဖီလစ်ပိုင်မှာတင် အမေရိကန် စစ်အခြေစိုက်စခန်း ရှိနေသလို ဖီလစ်ပိုင်စစ်တပ်ဟာ
အမေရိကန်က တည်ထောင်ပေးထားတဲ့ စစ်တပ်ပါ။ ဒါကြောင့်လည်း လူထုအုံကြွလာတဲ့အခါ ဖီလစ်ပိုင်စစ်တပ် နှစ်ခြမ်းကွဲပြီး လူထုဘက်က ရပ်တည်တဲ့ ရားမို့စ်လို စစ်ဗိုလ် ထွက်လာတာပါ။

ဒါကြောင့် မားကို့စ်ဟာ စစ်တပ်အခြေပြု အာဏာရှင်မဟုတ်ပဲ တစ်ကိုယ်တော် ဥပဒေတွင်း မလိမ့်တပတ်နဲ့ အာဏာယူထားသူပါ။ သူရဲ့ အဓိကပြဿနာက တိုင်းပြည်ဘဏ္ဍာကို အလွန်အကျူး ခိုးနေတာပါ။ သူ့ဆွေမျိုးတစ်သိုက်ကိုလည်း ရာထူးတွေ ခွဲပေးထားပြီး သူ့မိန်မ အလှမယ်ကိုလည်း မတန်မရာ ရာထူးပေးပြီး ခိုးနေကြတာပါ။ သူ့အစ်ကို ဝမ်းကွဲတစ်ယောက်ကိုလည်း ကာချုပ်ရာထူးပေးပြီး စစ်တပ်ကို ခါးပိုက်ဆောင်ဖြစ်ဖို့ လုပ်ထားပါသေးတယ်။

ဒါကို လူထုက အုံကြွလာတဲ့အခါ ဘယ်အာဏာရှင်မှ လူထုအင်အားကို မဆန့်ကျင်နိုင်ပါဘူး။ ဒါကြောင့် နောက်ဆုံးတော့ မားကို့စ်လည်း အမေရိကန်ကို ထွက်ပြေးရပါတော့တယ်။ ကံကောင်းတဲ့အချက်က အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကြောင့် ဖီလစ်ပိုင်ရဲ့လူထုအုံကြွမှုမှာ ဖီလစ်ပိုင်တပ်မတော်က လက်လွတ်စပါယ် သတ်ဖြတ်တာမျိုး မလုပ်ရဲကြပဲ လူထုဖက်က ရပ်တည်လိုက်သလို အမေရိကန်ကလည်း သူ့လူ
မားကို့စ်ကို ခေါ်ထုတ်သွားလို့ပြုပြင်ပြောင်းလဲရေးကို အောင်မြင်စွာ လုပ်နိုင်ခဲ့တာပါ။

ဒီစာအုပ်ဟာ ဖီလစ်ပိုင်ရဲ့ ကနဦး သမိုင်းအစကနေ နယ်ချဲ့ခုခံမျိုးများအထိ၊ ခေတ်သစ်သမိုင်းမှာ အာဏာရှင်မားကို့စ်ကို ဆန့်ကျင်ခဲ့တဲ့ အကွီနို၊ အကွီနိုကို နိုင်ငံတကာ လေဆိပ်မှာတင် လုပ်ကြံသတ်ဖြတ်ခဲ့လို့ အုံကြွလာတဲ့ ဖီလစ်ပိုင် လူထုအာဏာလုပ်ရှားမှု၊ မုဆိုးမ ကော်ရာဇန်အကွီနိုရဲ့ ပြုပြင်ပြောင်းလဲမှုများအဆုံး ဒီကနေ့ အာဏာရှင်မားကို့စ်ရဲ့သားက ဖီလစ်ပိုင်သမ္မတ ဖြစ်လာသည်အထိ ပြည်စုံ ခိုင်ခံစွာ ပြုစုရေးသားထားတဲ့ သမိုင်းစာအုပ် ဖြစ်ပါတယ်။

စာမျက်နှာ

250

စာအုပ်အရွယ်အစား

7.3x 0.4 x 10.3 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2024 နိုဝင်ဘာလ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဖီလစ်ပိုင်သမိုင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကိုကိုလေး စာအုပ်များ