အိပ်မက်ဆက်ကြိုး

( 7 မှတ်ချက်)

40000 (ကျပ်)

သို့…လူစီ
ကမ္ဘာ့အစောဆုံး ရှေးဦးမိန်းမသားကျောက်ဖြစ်ရုပ်ကြွင်းရဲ့
နာမည်က လူစီ(Lucy) တဲ့ …။
ခင်ဗျားဟာ ကျွန်တော့အတွက်တော့ လူစီပါပဲ…။
ခင်ဗျားနာမည် ဘယ်လိုပဲရှိရှိ ကျွန်တော်ကတော့
ခင်ဗျားကို လူစီလို့ပဲခေါ်မယ်…။

သို့…နီယို
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃သန်းကာလက
နီယိုဂျင်း (Neogene) ကာလ အစပြုခဲ့သတဲ့…။
ကျွန်မတို့ လူသားတွေ စတင်ပေါ်ပေါက်ခဲ့တဲ့ကာလဟာ
နီယိုဂျင်းကာလပါပဲ…။
ရှင့်နာမည် ဘယ်လိုပဲရှိရှိ ကျွန်မကတော့ ရှင့်ကို
နီယိုလို့ပဲခေါ်မယ်…။

ယခု၀တ္ထုနှင့်ပက်သက်၍ စာရေးသူမှ ဤသို့ မှတ်ချက်ပြုထားပါတယ်။
ဤ၀တ္ထုရေးဖွဲ့ရာတွင် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို အခြေခံ၍ လွန်ခဲ့သော နှစ် ၂၀၀၀ဝန်းကျင်ကာလက ပျူနိုင်ငံများ၏ ယဉ်ကျေးမှုအနုပညာ၊ ကိုးကွယ်ယုံကြည်မှုနှင့် ပျူခေတ်နိုင်ငံခြား ဆက်ဆံရေးတို့ကို အခြေခံကာ ပျူခေတ်ကာလ အခြေအနေတို့ကို ပြန်လည်ဖန်တီးတည်ဆောက်လျက် ထိုအခင်းအကျင်းထဲတွင် စိတ်ကူးဇာတ်ကောင်များ ဖန်တီးအသက်သွင်းခဲ့ပါသည်။ အချို့ဇာတ်ကောင်များမှာ ဒဏ္ဍာရီကို အခြေခံပြီး အချို့ဇာတ်ကောင်များမှာ သုတေသနအထောက်အထားများကို အခြေခံပါသည်။ ပျူခေတ်မှ လူအမည်များကို လက်လှမ်းမမီနိုင်ပါသဖြင့် မိမိစိတ်ကူးဖြင့်သာ ဆီလျော်အောင်ရွေး၍ပေးခဲ့ရပါသည်။ ပျူခေတ်အခင်းအကျင်းကို ရေးဖွဲ့ရာ၌ ကျော်ကြားပြီးဖြစ်သော ဒဏ္ဍာရီများထက် သုတေသနဆိုင်ရာ အချက်အလက်များဘက်ကို အလေးသာ၍ရေးဖွဲ့ခဲ့သည်ဖြစ်ရာ လူအများရှေးယခင်က ယုံကြည်ထားသည့် ယုံကြည်မှုများနှင့် ကွာခြားမှုများလည်းရှိနိုင်ပါသည်။

This story is based on blended legends and archaeological evidence excavated in ancient Pyu cities of Myanmar.

 

ဤစာအုပ်သည် ပျူခေတ်ဒဏ္ဍာရီနှင့် ပျူမြို့ဟောင်းသုံးမြို့မှ တူးဖော်တွေ့ရှိချက်များအပါအဝင် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို အခြေခံ၍ရေးဖွဲ့ထားသောစာအုပ်ဖြစ်ပါသည်။

စာမျက်နှာ

574

စာအုပ်အရွယ်အစား

6.3 x 1.6 x 9.3 inches (Hard Cover)

ပုံနှိပ်မှတ်တမ်း

ပုညခင်စာပေ၊ 2025 ဖေဖော်ဝါရီလ၊ (ပဉ္စမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

25.2.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 40000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

5 in stock

အိပ်မက်ဆက်ကြိုး အား ဝေဖန်သုံးသပ်မှု 7 ရှိပါသည်။

  1. ဟန်နီ –

    Highly Recommended💯💯💯MUST READ THIS BOOK AT LEAST ONCE IN YOUR LIFE❗️Ending ရောက်လသည်အထိ လက်ကနေမချချင်အောင်ဆွဲဆောင်နိုင်ပါတယ်။

  2. Aeri Myat –

    ဆရာမပုညခင်ရဲ့ရေးသားဟန်တွေကတော့အမြဲ
    သဘောကျစရာပါပဲဒီအိမ်မက်ဆက်ကြိုးဆိုရင်လည်းလက်ထဲကမချချင်လောက်အောင်စဖတ်တည်းကဆွဲဆောင်သွားတာပါ🤍
    #ကြေးမုံတာရာ ငယ်စဥ်ကရှေးဟောင်းသမိုင်းပြတိုက်လေ့လာရေးသွားတော့တခြားကလေးတွေနဲ့
    မတူတကယ်စိတ်ပါဝင်စားပြီးသဘောတကျလေ့လာသူ အရွယ်ရလာတော့သူ့ဆန္နအိမ်မက်တွေအကောင်အထည်ဖော်ဖို့ကြိုးစားရင်းစိတ်ပင်ပန်းစရာတွေကိုဖြေရှင်းရင်း#သန့်သူရ ဆိုသူနဲ့တွေ့လာတယ်
    သန့်သူရပြောတဲ့စကားလေးတခု #ဖြူဖြူစင်စင်ပျော်ရွှင်နိုင်ပါစေ တဲ့စိတ်ထဲစွဲမိစေတဲ့စကားတခွန်းပါပဲ သမိုင်းကိုလေ့လာတာဝါသနာပါတဲ့သူတို့၂ယောက်
    ဆွေးနွေးကြတဲ့ အိုးခြမ်းပဲ့တွက်နည်း,ပျူကချေသည်ရုပ်၅ရုပ် , ကာဗွန်14ဓါတ်ခွဲနည်းစတဲ့အကြောင်းအရာတွေ mythနဲ့ legendအကြောင်းလည်းကွဲကွဲ
    ပြားပြားသိလာရပါတယ် နောက်အိုးအမျိုးအစားအစုံ( stamp,decorated,painted)အကြောင်းတွေ အများကြီးဗဟုသုတရဖွယ်ဖတ်ရှူရပါတယ်
    နောက်ပြီးမြို့ဟောင်းရဲ့အငွေ့အသက်တွေဖတ်ရင်းကိုယ်ပါလွမ်းချင်သလိုဖြစ်မိပါတယ်နောက်ထပ်သဘောကျမိတာကတော့ သခ်ဒီပနဲ့မဏိပန်ထွာ(ပန်ထွာဘုရင်မ)တို့အကြောင်းပါပဲ စိတ်ထဲစွဲနေတာကတော့
    ပိုးပြာရောင်ခေါင်းပေါင်းလေးနဲ့နဂါးဗျပ်စောင်းတီးတဲ့သခ်ဒီပကိုပါပဲ 😁 စိတ်နေစိတ်ထားမြင့်မြတ်ပြီး
    မဏိပန်ထွာအပေါ်ပါရမီဖြည့်ဖက်ကောင်းတယောက်
    လိုမျိုးဘဝတလျှောက်လုံးကောင်းပေးခဲ့သူပါ
    သူ…မဏိပန်ထွာကိုပြောတဲ့စကားလေးလည်း
    သဘောကျမိပြန်တယ်
    “မင်းအောင်မြင်တိုင်း မင်းဘေးမှာကျုပ်ရှိမယ်
    ရှုံးနိမ့်ရင်ရော ရှိနေမှာပဲ ”
    တကယ်ကိုမဏိနဲ့စတွေ့တဲ့အချိန်ကနေဗိသနိုးနိုင်ငံရဲ့
    ပန်ထွာဘုရင်မဖြစ်လာတဲ့အထိအမြဲအနားမှာ
    ကာကွယ်စောင့်ရှောက်ကူညီပေးခဲ့သူရယ်ပါ
    #မဏိပန်ထွာကလည်းတကယ်ကိုနွေးထွေးတဲ့
    ပြည်သူအကျိုးလိုလားပြီးအောက်ခြေလူတန်းစားထိ
    ကျောသားရင်သားမခွဲခြားဘဲတိုင်းပြည်ကိုကာကွယ်
    စောင့်ရှောက်ပေးခဲ့တာလေးစားမိပါတယ်
    မဏိတွေးသလို ပုံမှန်အိုးလုပ်သူငယ်မဘဝနဲ့ဆိုရင်တော့ဖြင့်သခ်နဲ့အေးဆေးပျော်ရွှင်တဲ့ဘဝလေးပိုပိုင်ဆိုင်ရမယ်ထင်ပါတယ် တအုပ်လုံးတော်တော်သဘောကျမိပါတယ် သခ်တို့ကုန်သည်အဖွဲ့ကုန်ကူးသွားတဲ့အိန္နိယပြည်ဘက်တွေ အနုပညာလက်ရာတွေ
    ပျူအရိုးအိုးအကြောင်း နဝကြယ် ဝိသာခါကြယ်စု
    စတဲ့အကြောင်းအရာတွေလည်းအများကြီးဖတ်ရှုမှတ်သားရပါတယ်
    အရမ်းကြိုက်ပါတယ်
    အပိုင်လည်းသိမ်းချင်မိတယ် 😁❤

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပုညခင် စာအုပ်များ