
တောင်တန်းတွေရဲ့အလွန်
Rated 4.86 out of 5 based on 7 customer ratings
( 9 မှတ်ချက်)
25000 (ကျပ်)
ချင်းပြည်နယ်၏ဒေသအလှအပများ၊ ဓလေ့ထုံးစံများ၊ တိုင်းရင်းသားလူငယ်လူရွယ်များ၏ခံစားချက်များ၊ဘ၀ဖြတ်သန်းမှု အခက်အခဲများနှင့်အတူ မိရိုးဖလာ ထုံးတမ်းစဉ်လာအုပ်ထိန်းသူများကြောင့် မွန်းကြပ်အကျဉ်းကျခဲ့ရသော မြန်မာမိန်းမသားတို့၏အချစ်ရေးနှင့် အိမ်ထောင်သည်ဘ၀တို့ကို ထင်ဟပ်ရေးဖွဲ့ပြထားသော ၀တ္ထုဖြစ်သည်။
| စာမျက်နှာ | 424 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 1.0 x 8.2 |
| ပုံနှိပ်မှတ်တမ်း | ပုညခင်စာပေ၊ 2017 ဖေဖော်ဝါရီလ၊ (ပ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 24.3.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 25000ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
12 in stock (can be backordered)
ပုညခင် စာအုပ်များ
-
ပုညခင်လက်ကျန်လရောင်
25000 (ကျပ်)Rated 4.75 out of 5 based on 12 customer ratings( 12 မှတ်ချက်) -
ပုညခင်အိပ်မက်ဆက်ကြိုး
40000 (ကျပ်)Rated 4.86 out of 5 based on 7 customer ratings( 7 မှတ်ချက်) -
ပုညခင်တောင်တန်းတွေရဲ့အလွန်
25000 (ကျပ်)Rated 4.86 out of 5 based on 7 customer ratings( 9 မှတ်ချက်) -
ပုညခင်မြကျေးရုံတို့ပုဂံရွှေပြည်
36000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ပုညခင်နောက်ဆုံးနက္ခတ်
45000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ပုညခင်အထက်တန်းစားရေ
18000 (ကျပ်)Rated 4.67 out of 5 based on 3 customer ratings( 4 မှတ်ချက်) -
ပုညခင်အနောက်တောင်အရပ်မှလာခဲ့သူ
23000 (ကျပ်)Rated 4.75 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
ပုညခင်ပန်းတွေပွင့်ဖို့စောင့်ရချိန်
26000 (ကျပ်)Rated 4.67 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
ပုညခင်တနုံ့နုံ့ဆွသောဆူး
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ပုညခင်ပုံပြင်သီတဲ့ပိုးကြိုးမျှင်
25000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ပုညခင်ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်…
13000 (ကျပ်)Rated 4.33 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
ပုညခင်ဂန္ထဝင်အချစ်မြို့တော်
15000 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ပုညခင်မကြွေပါနဲ့ဆာကူရာ
13000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ပုညခင်မင်္ဂလာပါဆရာမ
17000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ပုညခင်မောင့်ကိုပြောမပြချင်ဘူး
13000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ပုညခင်ကွဲအက်သွားသောမှန်ချပ်များ
15000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ပုညခင်အရှေ့တံခါးအဝင်
15000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ပုညခင်အဆိပ်ခကောင်းကင်
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


ကြည်လဲ့လဲ့စိုး –
သင်ဟာ ခရီးသွားရတာကို နှစ်သက်တဲ့သူလား ။
သင်ဟာ ခရီးသွားရတာကို နှစ်သက်သဘောကျတဲ့သူဆိုရင်တော့ “တောင်တန်းတွေရဲ့ အလွန်”လို့အမည်ရတဲ့ ဝတ္ထုကိုဖတ်ကြည့်ဖို့ အကြံပြုတိုက်တွန်း ပါရစေ။
“တောင်တန်းတွေရဲ့ အလွန်”ဝတ္ထုက ဆရာမပုညခင်ရဲ့ လက်ရာကောင်းတစ်အုပ်ပါ။
ချင်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ လမ်ဇန်၊ကြောင်ဟဲင်း၊လိမ်ခိုင်အစရှိတဲ့ရွာလေးတွေအပြင် ကလေးမြို့၊တီးတိန်မြို့၊ဖလမ်းမြို့ လေးတွေမှာ ဇာတ်လမ်းတည်ထားတာပါ။
နွမ်သဲ၊မာန်သဲ နဲ့ ပါရ်သဲ တို့ သူငယ်ချင်းသုံးယောက် လမ်ဇန်အမည်ရတဲ့ ရွာမှာဆုံတွေ့ကြပြီး အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတယ် ။
ပုမ်ခန့်နွမ်(ခေါ်)မိုင်ဇလပ်နီ က လမ်ဇန်ရွာမှာ သူ့ရဲ့ပီးပီး(အဖွား)ဖြစ်သူနဲ့ နေထိုင်တဲ့ ချင်းတိုင်းရင်းသူလေးတစ်ယောက်ပါ ။အဖွားနဲ့နေထိုင်ရင်း ကျောင်းတက်၊စာအုပ်တွေဖတ်၊ဗဟုသုတတွေ များလာပြီးတော့ ချင်းတောင်တန်းတွေရဲ့ အလွန်မှာ ဘယ်လိုအရာတွေရှိမယ်ဆိုတာကို စူးစမ်းလေ့လာချင်တဲ့သူ။အောက်ချင်းငှက်တွေရဲ့ ဒဏ္ဍာရီကို လက်တွေ့ကျကျ တွေးခေါ်တတ်သူ ။ရဲရင့်သူလေး နွမ်က ချင်းတောင်တန်းတွေရဲ့အလွန်ကိုသွားပြီး ပြန်လာတဲ့အခါ ချင်းပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးချင်သူ ။
လျန်းမာန်(ခေါ်)မာန်သဲကတော့ ကိုးတန်းအောင်ပြီးတော့ ကျောင်းဆက်မတက်တော့ဘဲ သူ့ ပူးပူး(အဖိုး)ရှိရာ လမ်ဇန်ရွာမှာ မုဆိုးအလုပ် လုပ်ကိုင်နေသူ။ သူ့ရည်မှန်းချက်က နွားနောက်လို ကြီးမြတ်ချင်တာ၊သူသေတဲ့အခါ သူ့ကျောက်တိုင်မှာ သူအကောင်ဘယ်နှစ်ကောင် သတ်ခဲ့တယ် ဆိုတာကို ရေးထိုးမှတ်တမ်းတင်ပြီး ဂုဏ်ယူချင်တဲ့ ချင်းအမျိုးသားကလေး။ရိုးရာဆန်တဲ့ ချင်းအမျိုးသား မာန်သဲကတော့ တောင်တန်းတွေရဲ့အလွန်ကို သွားဖို့ စိတ်ကူးမရှိ ။တောင်တန်းတွေကို ကျော်လွန်ပြီး၊ဇာတိမြေကနေထွက်ခွာတဲ့သူတွေက ဇာတိမြေအပေါ် သစ္စာမရှိတဲ့သူတွေလို့ မှတ်ယူထားတဲ့သူ။ အောက်ချင်းငှက်တွေရဲ့ သစ္စာရှိပုံကို မြင့်မြတ်တယ်လို့ ယူဆထားတဲ့ ချင်းတိုင်းရင်းသားလေး ။
မေခင်ငြိမ်း(ခေါ်)ပါရ်သဲက ရန်ကုန်ကနေ ချင်းပြည်မှာ တာဝန်ကျတဲ့ ဆရာမရဲ့သမီး။ပါရ် ရဲ့မျက်ဝန်းလေးတွေက အမြဲအားငယ်နေတတ်တယ်၊နွမ့်ကို အမြဲအထင်ကြီးအားကိုးတတ်တဲ့ ပါရ်က ကလေးတစ်ယောက်လို ချစ်စဖွယ်ကောင်းတဲ့သူ။အဖွားဖြစ်သူ၊အမေဖြစ်သူတို့ရဲ့ ရှေးရိုးအယူအဆတွေ၊တစ်ဖက်ပိတ် အယူအဆတွေအောက်မှာ ကြီးပြင်းခဲ့ရသူ။အဖေဖြစ်သူကိုမုန်းတီးနေတဲ့ ပါရ်က ကိုယ့်ကိုသတ်သေဖို့တောင်ကြံစည်ခဲ့ဖူးတယ်။ပါရ်က မြေပြန့်က လာပေမယ့် ချင်းပြည်ကို သူမြတ်နိုးတယ်။ချင်းတောင်တန်းတွေကြားမှာဘဲ သူ့ဘဝကိုဖြတ်သန်းချင်ခဲ့သူ။
နွမ်သဲ၊မာန်သဲ နဲ့ ပါရ်သဲတို့ သူငယ်ချင်းသုံးယောက်လုံး ချင်းပြည်နယ်မှာဘဲ အတည်တကျရှိနေမှာလား။ဘယ်သူတွေရဲ့ ဘဝကတော့ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို ချင်းပြည်နယ်ရဲ့သဘာဝအလှပတ်ဝန်းကျင်ကို စီးမြောခံစားရင်း ဖတ်ရှုရတဲ့ အတွက် ဖတ်နေရင်း ချင်းပြည်နယ်ကို သွားရောက်လည်ပတ်ချင်ခဲ့တယ်။နွမ်တို့ သူငယ်ချင်းတစ်စု ခြေချခဲ့တဲ့နေရာလေးတွေမှာ ခြေချရင်း သူတို့လေးတွေလို စိတ်လက်ပေါ့ပါးစွာ ရယ်မောချင်ခဲ့တယ်။
ချင်းပြည်နယ်ဆိုတာနဲ့ ကျွန်မ အမြင်အာရုံထဲ ပထမဆုံးဝင်ရောက်လာတာက တောင်ကြောတစ်လျှောက် ရဲရဲနီနေအောင် ပွင့်နေတဲ့ တောင်ဇလပ်ပန်းနီနီတွေ။ဒီစာအုပ်ဖတ်ပြီးတော့ နွမ်တို့သူငယ်ချင်းသုံးယောက် တက်ခဲ့တဲ့ လေထန်ကုန်းလို့အမည်ရတဲ့ ကနေဒီယန်တောင်တန်း ကို တက်ချင်ခဲ့မိတယ်။လေထန်ကုန်းပေါ်မှာ လွင့်မျောနေတဲ့ တိမ်ဖြူဖြူတွေ၊တောင်ဇလပ်ပန်းနီနီတွေ ပွင့်ရာတောင်ဇလပ်တော၊ တောင်ဇလပ်တောထဲက ရှားပါးသစ်ခွမျိုးစိတ်တွေအပြင် လေထန်ကုန်းက မြေပြင်တွေပေါ်မှာ မျက်စိတဆုံးပေါက်ရောက်နေတဲ့ ခရမ်းဖျော့ရောင် ဘိန်းဘီပန်းခင်းလေးက ကျွန်မအာရုံထဲ ဖြေးနှင်းစွာ ဝင်ရောက်လာခဲ့တယ် ။
ချင်းလူမျိုးတို့ရဲ့ရိုးရာအစားအစာဖြစ်တဲ့ ဆာဘူးသီး၊ရာဘူးသီး၊အံဘူးသီး၊တောင်ဇလပ်ပွင့်သုပ်၊တောင်ဇလပ်ဝိုင် အစရှိတာတွေကလည်း ချင်းပြည်နယ်ကိုသွားချင်အောင် ကျွန်မကိုဆွဲဆောင်နေခဲ့တယ် ။
ဘွာန်နဲတောင်ရဲ့ သဘာဝအလှအပ၊ ချင်းပြည်ရဲ့အသဲနှလုံးဖြစ်တဲ့ ရိခေါဒါရ်မှာရှိတဲ့ ရိရေကန်(ခေါ်)နတ်သမီးရေကန်ရဲ့ သဘာဝအလှရှုမျှော်ခင်းတွေ၊ရိရေကန်ကနေ ကြည့်ရင် မီးလေးတွေလင်းနေတဲ့ အိန္ဒိယနယ်စပ်က မီဇိုရမ်ပြည်နယ်လေး ရဲ့တည်ငြိမ်တဲ့အလှတွေကြောင့် ချင်းပြည်ဟာ တစ်မျိုးတစ်ဖုံ လှပနေခဲ့တယ်။
ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဝိတိုရိယတောင်(ခေါ်)နတ်မတောင်ကလည်း ကျွန်မတို့နိုင်ငံရဲ့ အဖိုးတန်ရတနာတစ်ခုပေါ့။ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အောင်ချင်းငှက်တွေ၊ရှားပါးတောတိရစ္ဆာန် မျိုးစိတ်တို့ကျက်စားရာ ဝိတိုရိယတောင်ရဲ့အလှက ခရီးသွားတွေရဲ့အာရုံကို ဆွဲဆောင်နိုင်ကြောင်းကို ဖတ်ရှုသိရှိခဲ့ရပါတယ်။
ဒီစာအုပ်က နွမ်တို့သူငယ်ချင်းသုံးယောက်ကြားက သူငယ်ချင်းမေတ္တာ အပြင် ချင်းပြည်နယ်ရဲ့ သဘာဝအလှတွေ၊ချင်းလူမျိုးတို့ရဲ့ရိုးရာပွဲတော်၊ယဉ်ကျေးမှုတွေကို ရေးဖွဲ့ထားတာပါ။
ခရီးသွားရတာဝါသနာပါတဲ့သူတွေ၊နယ်မြေသစ်ကိုစူးစမ်းလေ့လာချင်သူတွေ ဖတ်သင့်တဲ့ စာအုပ်လို့ ကျွန်မယူဆမိတယ်။ဒီစာအုပ်က ချင်းပြည်နယ်ကို သွားချင်လာအောင် ကျွန်မရဲ့စိတ်အာရုံကို ဖမ်းစားထားနိုင်ခဲ့တယ် ။မဖတ်ဖူးသေးတဲ့သူတွေလည်း ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။ဖတ်ပြီးတဲ့သူတွေလည်း ချင်းပြည်နယ်ရဲ့ အလှတွေကို နောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ဖို့ အကြံပြုရင်း စာညွှန်းရေးသားခြင်းကို အဆုံးသတ်ပါရစေ။
#Review_By_အလဲ့လေး
#ပုညခင်
#တောင်တန်းတွေရဲ့အလွန်
အမည်မသိ –
ဒီစာအုပ်လေးဖတ်ပီးတာ ၄ နှစ်လောက်ရှိပီ အခုချိန်ထိ ချင်းပြည်နယ် ရိုးရာဓလေ့တွေ ချင်းတောင်တန်းအလှတွေ ကို အမှတ်ရနေမိတယ် ဆာဗူးသီးထောင်း နဲ့ တောင်ဇလပ်ပန်း တွေလဲ ကိုယ်တိုင်တွေ့ချင်မိတယ်
စိတ်တွေမွန်းကျပ်တဲ့အချိန်မျိုးဆို လေထန်ကုန်းကို ပြေးသွားချင်တဲ့စိတ်တွေ ခုထိ စွဲကျန်နေခဲ့ပါတယ်
အရမ်းကောင်းတဲ့စာအုပ်ပါ
MoMo –
ကိုယ့်မြို့နယ်စာကြည့်တိုက်က ငှားဖတ်တာ နှစ်ခါရှိပါပြီ။ ဆရာမရဲ့စာအုပ်ကို ကွဲအက်သွားသောမှန်ချပ်များကစပြီး ဖတ်တာပါ။ အရေးအသားအရမ်းကိုကြိုက်လွန်းလို့ ဆက်ဖတ်ဖြစ်ပါတယ်။ နှမပြီးကို အရမ်းမြတ်နိုးပါတယ်။ စိတ်သဘောထားခံယူချက်တွေကိုလည်း အရမ်းနှစ်သက်ပါတယ်။ ကိုယ်က ရခိုင်တိုင်းရင်းသားဖြစ်ပေမယ့်လို့ ငယ်ငယ်ကတည်းက ချင်းပြည်နယ်၊ ချင်းတိုင်းရင်းသားတွေအကြောင်း အရမ်းကို စပ်စုတတ်သူပါ။ အခွင့်သာပေးရင် ချင်းပြည်နယ်မှာ အခြေချချင်လောက်တဲ့ထိကို သံယောဇဉ်ရှိပါတယ်။ ဦးစံပီးရဲ့ ချစ်တဲ့ချင်းတောင်တန်းလေးက မိုမို့ရဲ့ အကြိုက်ဆုံးသီချင်းပါဘဲ။ နားထောင်ရင် အရမ်းနွေးထွေးပါတယ်။ အဲ့လို ချင်းပြည်နယ်မြတ်နိုးတဲ့သူမှ တောင်တန်းတွေရဲ့အလွန်ကို ဖတ်မိတဲ့အခါ ကိုယ်ဟာ နှမပြီး ဖြစ်သွားသလို vibes မျိုး ခံစားရစေပါတယ်။ အရမ်းကြိုက်ပါတယ်။
Adam –
စာအုပ်ရဲ့ စလယ်ဆုံး ချင်းပြည်နယ်ရဲ့အလှတရားတွေကို မေတ္တာတွေချစ်ခြင်းတရားတွေအဖြစ်အပျက်တွေနဲ့ရေးဖွဲ့ထားပုံမှာ ကိုယ်ကိုယ်တိုင်ချင်းပြည်နယ်ကိုရောက်ရှိသွားသလိုခံစားမိပါတယ်။ မြန်မာနိုင်ငံရဲ့အလှတရားတွေဟာ မပေါ်လွင်ဖြစ်နေရမှုကိုတွေးမိပြီးလည်း ဝမ်းနည်းရပါတယ်။ သူငယ်ချင်းတွေကြားက မေတ္တာတရားတွေနဲ့ ၅၂၈ကနေ၁၅၀၀အကူးအပြောင်းတွေကစိတ်နှလုံးထဲမချိမဆန့်ဖြစ်မိပါတယ်။ တောတောင်သဘာဝ ရေမြေ ထုံတမ်းအစဥ်အလာဓလေ့ အလှတွေမပျက်မစီးပဲ ချင်းပြည်နယ်ရဲ့ လူငယ်တွေမှသည် သတ္တဝါအားလုံးရဲ့ဘဝတွေ
မိမိမွေးဖွားရာဇာတိတွင်ပင် တိုးတက်စေကြောင်းမျှော်လင့်ရင်း ချင်းပြည်နယ်အားရောက်အောင်သွားမည်ဟု ဆန္ဒပြုမိသော ဝတ္ထုကောင်းတစ်ပုဒ်ပါတည်း။