လက်ကျန်လရောင်

( 13 မှတ်ချက်)

28000 (ကျပ်)

မြန်မာတို့၏ တန်ဖိုးထားထိုက်သော ရှေးဟောင်းအမွေအနှစ်ဒေသ ပုဂံမြေကိုနောက်ခံထားကာ မြန်မာ့ယဉ်ကျေးမှုနှင့်တကွ မြန်မာဆန်သော ချစ်ခြင်းမေတ္တာအကြောင်းကို ဖော်ညွှန်းဖွဲ့ဆိုထားသော ၀တ္ထုဖြစ်သည်။

စာမျက်နှာ

442

စာအုပ်အရွယ်အစား

5.5 x 0.7x 8.2 မ

ပုံနှိပ်မှတ်တမ်း

ပုညခင်စာပေ၊ 2017 စက်တင်ဘာ၊ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

5.10.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 28000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

29 in stock

လက်ကျန်လရောင် အား ဝေဖန်သုံးသပ်မှု 13 ရှိပါသည်။

  1. Nang Aye Khin –

    အရမ်းကိုကောင်းတဲ့စာအုပ်လေးပါ မြကျေးရုံနဲ့ဆူးပုပ်ရဲ့ဇတ်လမ်းနဲ့ ပုဂံဘုရားနောက်ခံရှုခင်းတွေကို ကိုယ်တိုင်မြင်တွေ့နေရသလိုပါပဲ

  2. Stella Loki –

    တကယ်သဘောကျခဲ့ရတဲ့စာအုပ်ကလေးပါ။အရင်တုန်းကဆိုBaganကိုအလည်သွားစရာလို့ပဲသတ်မှတ်ထားတာ။နောက်မှBaganဆိုတာမြန်မာတွေဂုဏ်ယူရတဲ့၊ထိန်းသိမ်းရမဲ့တန်ဖိုးထားရမဲ့နေရာတစ်ခုဆိုတာထက်ကိုပိုတယ်ဆိုတာသိမြင်ရပါတယ်။စိတ်ဝင်စားစရာသမိုင်းအကြောင်း၊ယွန်းလုပ်ငန်းအကြောင်းတွေကိုလဲစာအုပ်ထဲမှာတင်သိခွင့်ရတယ်။Baganကိုတန်ဖိုးထားတဲ့စိတ်တွေမြင့်တတ်ခဲ့ပါတယ်🤍

  3. Zaw –

    ပုဂံ ရဲ့အလှအပတွေိနဲ့ ငလျှင် လှုပ်ခဲ့တဲ့ အကြောင်းအရာတွေအပါ လှပတဲ့ ချစ်ခြင်း မေတ္တာတွေနဲ့ ပုံဖော် ရေးဆပ်ထားတဲ့ ဒီ ဝထ္တု ကို ဖတ်ခဲ့ရတာ နောင်တ ရစရာမရှိခဲ့ပါဘူး။
    မြကျေးရုံ ရဲ့ ပေးဆပ် ထောက်ပံချင်းနဲ့ တပါးသူ အပေါ် တိုးတက်ပြောင်းလဲစေလိုသော စိတ် တို့ ဟာ လေးစား အားကြဖွယ်ကောင်းသလို
    ဆူးပုပ်(ရန်မြေအေး) ရဲ့ သူ့ မမ အပေါ်ထားတဲ့ စစ်မှန်သော ချစ်ခြင်း မေတ္တာ တွေ နဲ့ မမ အတွက် သူလုပ်ပေးနိုင်သလောက် လုပ်ပေးသွားနိုင်ရှာ တဲ့ စည်းခြားထားတဲ့ မပိုင်ဆိုင် ရတဲ့ ချစ်ခြင်း တွေနဲ့ ပဲ ဘဝ ကို ပျော်ပျော် ကြီး ရှင်တန်သွား မဲ့ “လကျန်လရောင်” ဆိုတဲ့ ဒီဝထ္တု ကို ဖတ် ခဲ့ရလို့ ပုဂံ ရောက်တိုင်း ပဲ တွေးနေမိ ပါလိမ့်မည်……..

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပုညခင် စာအုပ်များ