အထက်တန်းစားရေ
18000 (ကျပ်)
မြန်မာ့နိုင်ငံရေး အခြေအနေတစ်ခုတွင် ဖြစ်ပျက်ခဲ့သည့် သက်ငယ်မုဒိန်းမှုတစ်ခုကို အခြေခံ၍ ရေးသားခဲ့သော ခေတ်ပြိုင်၀တ္ထုဖြစ်သည်။ စာရေးသူက မြန်မာ့လူမှုအဖွဲ့အစည်းကို ခြိမ်းခြောက်လျက်ရှိသည့် သက်ငယ်မုဒိန်းမှုများနှင့် ပက်သက်၍ သတိမူသင့်သည့် အကြောင်းအရာများကိုပါ ဤ၀တ္ထုတွင် ထည့်သွင်းရေးသားခဲ့သည်။ လူငယ်၊ လူရွယ်များကို စိတ်ဓာတ်ခွန်အားပေးနိုင်သော ၀တ္ထုတစ်ပုဒ် အဖြစ်ထင်ရှားသည်။
| စာမျက်နှာ | 335 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.6 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ပုညခင်စာပေ၊ 2023 ဇွန်လ (တတိယအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 26.2.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 18000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
7 in stock (can be backordered)





Pinky Zin Fany –
အထူးသဖြင့် မိန်းကလေးတွေ အနေနဲ့ ဖတ်သင့်တဲ့ စာအုပ်လေးပါ။ ငယ်စဥ်ထဲက ဘဝရဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြားမှာ ကြမ်းတမ်းတဲ့ ရိုက်ခတ်မှုတွေကို ကြုံတွေ့ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ဟာ မထင်မှတ်တဲ့ အရာကို ကြုံတွေ့ခဲ့ရတာတောင် ရဲရဲဝံ့ဝံ့နဲ့ ဘဝကို အရှုံးမပေးပဲ နေထိုင်ခဲ့ပုံတွေ ၊ ဖြစ်လာသမျှလောကဓံတွေကြားက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အောင်မြင်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ပုံတွေ ၊ နောက်ဆုံးချိန်ထိ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လက်မြှောက် အရှုံးမပေးပဲ ပန်းတိုင်ထိရောက်အောင် လုပ်ကိုင်သွားပုံတွေဟာ စိတ်ဓာတ်ခွန်အားဖြစ်စေသလို အတုယူဖွယ်လည်း ကောင်းလှပါတယ်။
“ ကိုယ့်ဘဝကို ကိုယ်မှမဖျက်ရင် ဘယ်သူမှ လာဖျက်လို့မရဘူး´´ ဆိုတဲ့ စာသားလေးကလည်း တစ်ကယ်မှတ်သားဖွယ် ကောင်းလွန်းလှပါတယ်။
သက်ငယ်မုဒိမ်းမှုကို အခြေခံထားတာဖြစ်တဲ့အတွက် မိန်းကလေးတွေအနေနဲ့ ဖတ်ကိုဖတ်ကြည့်သင့်တဲ့ စာအုပ်လေး တစ်အုပ်လို့ recomment ပေးချင်ပါတယ် ☺️။
ယောကျာ်းလေးတွေအနေနဲ့လည်း ကိုယ်မထင်မှတ်ပဲ လုပ်လိုက်တဲ့အရာတစ်ခုဟာ ခံလိုက်ရတဲ့သူဘက်မှာ ဘယ်လောက်တောင် အိမ်မက်ဆိုးတွေနဲ့ ရှင်သန်ပြီးကျန်ခဲ့ရတဲ့ ဘဝတွေလဲဆိုတာကို ကိုယ်ချင်းစာတရားလေး ထားတတ်စေချင်တဲ့ စိတ်နဲ့ ဖတ်စေချင်ပါတယ် ?။
May –
ဒီစာအုပ်လေးရဲ့ အဓိက အနှစ်အရသာက ဖြူစင်လွန်းတဲ့ကလေး၁ယောက်ရဲ့ဘဝဟာ ပျိုးပင်စိုက်ရသလို အနုစိပ်ပီးအနုပညာလက်ရာမြောက်လှပါတယ်။ ဘာလို့ဆို ကလေး၁ယောက်ရဲ့ဘဝဟာ မိဘတွေရဲ့ပြုစုပျိုးထောင်မှုကအရေးပါကြောင်းအပြင် မိမိတို့စီးပွားချမ်းသာရရှိဖို့သာတွေးပီး ဖြူစင်လွန်းတဲ့ကလေးတွေရဲ့ ဘဝကို စွန်းထင်းအောင်လုပ်တတ်တဲ့ လောဘလူသားတွေရဲ့အကြောင်းကို ပေါ်လွင်အောင်ရေးသားထားပါတယ်။ နောက်၁ခုက ဘယ်လို ခက်ခဲတွေပဲရှိပါစေ ဘယ်လောက်ပဲစွန်းထင်နေပါစေ မိမိတို့ ကိုယ်ပိုင်ဘ၀ကို မစွန့်လွတ်ဘဲ သတ္တိရှိရှိ ဘ၀ကိုရှေ့ဆက်တတ်ဖို့ လမ်းညွှန်ထားတဲ့စာအုပ်ကောင်းလေး၁ခုပါ။
Mya Thandar Kyaw –
ကိုယ့်အမှားမဟုတ်ဘဲ ဖြစ်ပျက်ခ့ဲတ့ဲအဖြစ်အပျက်တခု
အရွယ်ရောက်တ့ဲအထိ အိပ်မက်ဆိုးတခုကိုခြောက်လှန့်နေခ့ဲတယ်
စိတ်ဓာတ်ကိုတင်းပြီး အကောင်းဆုံးကြိုးစားတ့ဲ မိန်းကလေးတယောက်
အရမ်းကောင်းပါတယ် ဖတ်သင့်တ့ဲစာအုပ်ကောင်းတအုပ်ပါ
Mi Shweyee Win Htet –
အသက်၁၅နှစ်အရွယ်Rape အလုပ်ခံရတဲ့နုမေဟာ ပိုက်ဆံနဲ့အာဏာကြောင့် သူမဘဝကိုအသုံးချခဲ့ပြီးသူမကို နင်းခြေခဲ့တဲ့ သူတွေရဲ့လက်ခုပ်ထဲက “ရေ” ကနေ အထက်တန်းစား ရေအဖြစ် ဇာမဏီငှက်တစ်ကောင်လို ရုန်းကန်ကြိုစားလာခဲ့ရတဲ့ သူမရဲ့ဘဝကို ဇာတ်အိမ်လှလှလေးနဲ့ ရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်ပဲဖြစ်ပါတယ်။
မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ နုမေဟာ သူမရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝကို မုန်းတီးရွံရှာခြင်းဖြင့် ရဲရင့်ခြင်း၊သိက္ခာရှိခြင်းနှင့်အဓိပ္ပာယ်ပြည့်ဝတဲ့ ဇာမဏီငှက်တစ်ကောင်လို ပျံသန်းစေလိုသဖြင့် အသက်၁၅နှစ်နောက်ပိုင်းမှာ ဇာမဏီမေ ဘဝသို့ပြောင်းလဲပစ်လိုက်ပါသည်။
စိတ်တွေကြေမွပျက်ဆီးသွားခဲ့ပေမဲ့ သူမကိုယ်တိုင် ဇာမဏီငှက်တစ်ကောင်အဖြစ် ပုံသွင်းချင်တဲ့ သူမရဲ့စိတ်ဓာတ်ကြောင့်ဇာမဏီငှက်ပုံ ကိုခြေသလုံးမှာတက်တူးထိုးလိုက်ပြီးနောက် သူမရဲ့ဘဝဟာ ဘာတွေပြောင်းလဲလာခဲ့ရသလဲ။
ဘဝမှာ ဘယ်လောက်ပဲခက်ထန်နေပါစေ
အပြစ်အနာဆာရှိနေပါစေ ထက်မြက်တဲ့မိန်းမသားဖြစ်လာတယ်။ကိုယ့်ခြေတောက်ကိုရပ်တည်နိုင်တဲ့မိန်းမသားဖြစ်လာတယ်။ပညာထူးချွန်ပြီး ဘက်စုံ ထက်မြက်နေတဲ့မိန်းမသားဖြစ်လာတယ်။ရေကူးချန်ပီယံမိန်းမသားတစ်ယောက်ဖြစ်လာတယ်။လူတကာလေးစားအားကျလာခဲ့ရတဲ့ မိန်းမသားတစ်ယောက်ဖြစ်လာတယ်။
“ကျွန်မကို ဘဝပျက်တယ်လို့ မပြောနဲ့၊ ကျွန်မဘဝကိုဘယ်သူမှ လာဖျက်လို့မရဘူး။ကျွန်မဘဝ ညစ်နွမ်းခဲ့တာပဲရှိမယ်၊ ကျွန်မကိုယ်တိုင်ကမှ ကိုယ့်ဘဝကိုမဖျက်ရင်ဘယ်သူမှ လာဖျက်လို့မရဘူး။ ကျွန်မဘဝဟာ ကျွန်မလက်ထဲမှာပဲရှိတာ၊ကျွန်မဘဝကိုဖျက်ဆီးတာနိုင်တာကလည်း ကျွန်းမပဲ၊
ကျွန်မဘဝကိုဖန်တီးတည်ဆောက်နိုင်တာလည်း ကျွန်မပဲ ၊ဒီ၁၀နှစ်အတွင်းမှာ ကျွန်မဘဝကို ကျွန်မလက်၊ကျွန်မခြေ ၊ကျွန်မဦးနှောက်အသိဉာဏ်နဲ့ လှလှပပတည်ဆောက်ထားနိုင်ခဲ့တယ်”
ဆိုတဲ့ ဇာမဏီမေရဲ့စံထားစရာစိတ်ဓာတ်တွေကိုတွေ့ရမည့်အပြင် မိန်းကလေးတစ်ယောက်အနေနဲ့ ဘဝမှာဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားရမလဲဆိုတဲ့ အသိတွေကိုပါရရှိစေပါတယ်။
သူမအရမ်းချစ်ရတဲ့ ချစ်သူ”လင်းလွန်း”ဟာ သူမမုန်းတီးခဲ့ရတဲ့ ကိုယ့်ရဲ့စီးပွားရေးအတွက်၊အာဏာရဖို့အတွက် သူမကို အသုံးချခဲ့တဲ့” ဦးထွဋ်ခေါင်းလွန်း”ရဲ့ သား ဖြစ်နေတာကိုသူမ သိပြီးနောက် သူမမှာ ဘာတွေဆက်ဖြစ်သွားသလဲ၊”ဦးထွဋ်ခေါင်းလွန်း”ကရော လွန်ခဲ့တဲ့၁၀နှစ်တုန်းက သူအသုံးချခဲ့တဲ့ကလေးမလေးဟာ သူအရမ်းတန်ဖိုးထားချစ်မြတ်နိုးတဲ့ သား”လင်းလွန်း”နဲ့ ချစ်သူဖြစ်နေတာကို သိပြီးနောက်ပိုင်း “ဦးထွဋ်ခေါင်လွန်း”ဘာတွေကြံစည်ထားအုံးမလဲ၊”လင်းလွန်း” ကရော သူမရဲ့ အပြစ်အနာဆာကို သိပြီးနောက်ပိုင်း သူမကိုဆက်ပြီးချစ်နေပါအုံးမလား။
တက်တူးဆရာရဲ့သား “ဇင်မိုးသာ”နဲ့ဇာမဏီမေတွေ့ဆုံပြီးနောက် သူမကို တိတ်တခိုး ချစ်နေမိပေမဲ့ သူချစ်ရတဲ့သူမမှာ ချစ်သူရှိပြီးနောက်ပိုင်း
“ဇင်မိုး”ဟာ လူငယ်ပီပီ အသည်းကွဲခဲ့ပေမဲ့ စိတ်ဓာတ်ရင့်ကျက်တဲ့သူတစ်ယောက်အဖြစ် သူမရဲ့ဘေးနားမှာ တစ်သက်လုံးနေချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ပင် သူမကို အဆုံးထိကူညီပေးခဲ့ပါသည်။
ဇင်မိုးဟာ သတင်း Presenterတစ်ယောက်အနေနဲ့ သူမရဲ့အပြစ်မှန်ကိုသိပြီးတဲ့နောက်ပိုင်း တစ်ပြည်လုံးကိုliveလွင့်ပြီး သူမ ပြောချင်တဲ့စကားတွေ
ဖြစ်ချင်တဲ့ဆန္ဒကို သူ အရမ်းချစ်ရတဲ့အလုပ်တစ်ခုနဲ့ အလဲအလှယ်လုပ်ပြီး liveလွင့်ပေးခဲ့ပါသည်။
မတ်လ၈ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသမီးနေ့ ကို
အကြောင်းပြုပြီး မိန်းမသားတွေကိုသူမပြောချင်တဲ့စကားတွေ၊
သူမရဲ့ဘဝမှန်မှာဖြစ်သန်းလာရတဲ့ခံစားချက်တွေ၊မွန်းကြပ်မှုတွေကို ဖွင့်ဟလိုက်ပါသည်။rape အလုပ်ခံရတဲ့မိန်းကလေးတစ်ယောက်အတွက် ထိရောက်တဲ့ ဥပဒေတွေ၊ပြည့်တန်ဆာတွေကိုနှိပ်ကွပ်တဲ့ဥပဒေကိုပြင်ဆင်သင့်တယ်လို့ယူဆထားပြီး၊မိန်းကလေးတစ်ယောက်အတွက်လုံခြုံတဲ့ဥပဒေတွေကိုပါတင်သွင်းသင့်တယ်လို့ ဥပဒေဘွဲ့ရသူ ဇာမဏီမေရဲ့ liveလွှင့်ခြင်းပြောဆိုမှုပြီးဆုံးသွားချိန်မှာ သူမရဲ့ဆန္ဒအတိုင်း လွှတ်တော်မှာအတည်ပြုခဲ့သလားဆိုတာကို ဒီဝတ္ထုမှာ စိတ်ဝင်တစားနဲ့ဖတ်ရှု့ရမှာပါ။
“ကျွန်မကရေ ပါ။
ဒါပေမဲ့ သောင်ကနှောက်ယှက်လို့ ကျိုးကျန်ခဲ့ရတဲ့ မြစ်ကျိုးအင်းထဲက ထွက်ပေါက်မဲ့ ရေမျိုးမဟုတ်ဘူး။
ကောင်းကင်ကကျလာပေမဲ့ လမ်းပျက်ချိုင့်ခွက်ထဲမှာ တင်ကျန်နေခဲ့ရင်း လမ်းသွားလမ်းလာ လူတကာခြေဆေးသွားလို့ နောက်ကျိုးညစ်ပတ်ဗွက်ဖြစ်ပြီးမှ ခမ်းခြောက်ရတဲ့ မိုးရေမျိုးလည်းမဟုတ်ဘူး။
ကျွန်မက ဟိုးအဝေးကြီးကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းလာခဲ့ပြီးမှ ကြီးမားတဲ့ ခွန်အားအဟုန်မျိုးနဲ့ ကျောက်ဆောင်ကျောက်သား၊ချောက်ကမ်းပါးတွေကိုတောင် ရင်ဆိုင် ပွတ်တိုက် ထိခတ်ပွနါးပဲ့ပြတ်ရှပြောင်းလဲနိုင်စွမ်းရှိတဲ့ ရေတံခွန်က “ရေ “ပါ
#ဇာမဏီမေ
ကျွန်တော်က ကျောက်ဆောင်ပါ ဒါပေမဲ့ ရေတံခွန်ရဲ့တိုက်စားပြုပြင်ပြောင်းလဲခြင်းကိုခံခဲ့ရလို့ ပြောင်းလဲသွားရတဲ့ “ကျောက်ဆောင်”ပါ။
#လင်းလွန်း
ကျွန်တော်က မြေပြင်ပါ အရှိန်ပြင်းပြင်းနဲ့ ရေဘယ်လောက်ပဲစီးစီး ဟိုးအောက်ခြေကနေ ကြံ့ကြံ့ခံ ဖြည့်ဆည်းပေးနေမယ့် ရေအောက်”မြေပြင်”ပါ.
#ဇင်မိုးသာ
ရသ လည်းရ၊ သုတလည်းရသည့်အပြင် ဇာမဏီငှက်တစ်ကောင်လို
ရဲရင့်ခြင်းနှင့်သိက္ခာရှိစွာ ဘဝကိုဖြတ်သန်းရမယ်ဆိုတဲ့ စိတ်ခွန်အာတွေ၊ အထက်တန်းစား “ရေ” ဖြစ်တဲ့ရေတံခွန်ကရေလို အရိုန်ပြင်းထန်းစွာနဲ့ ကြိုးစားလာမှ နောက်ဆုံး ကိုယ်ပြောင်းလဲချင်တဲ့အရာတွေ၊ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေဟာ ဖြစ်လာတတ်တယ်ဆိုတာကို အဓိက messageအနေနဲ့
သိရှိခဲ့ရပါတယ်။