အိပ်မက်ဆက်ကြိုး
12000 (ကျပ်)
သို့…လူစီ
ကမ္ဘာ့အစောဆုံး ရှေးဦးမိန်းမသားကျောက်ဖြစ်ရုပ်ကြွင်းရဲ့
နာမည်က လူစီ(Lucy) တဲ့ …။
ခင်ဗျားဟာ ကျွန်တော့အတွက်တော့ လူစီပါပဲ…။
ခင်ဗျားနာမည် ဘယ်လိုပဲရှိရှိ ကျွန်တော်ကတော့
ခင်ဗျားကို လူစီလို့ပဲခေါ်မယ်…။သို့…နီယို
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃သန်းကာလက
နီယိုဂျင်း (Neogene) ကာလ အစပြုခဲ့သတဲ့…။
ကျွန်မတို့ လူသားတွေ စတင်ပေါ်ပေါက်ခဲ့တဲ့ကာလဟာ
နီယိုဂျင်းကာလပါပဲ…။
ရှင့်နာမည် ဘယ်လိုပဲရှိရှိ ကျွန်မကတော့ ရှင့်ကို
နီယိုလို့ပဲခေါ်မယ်…။
ယခု၀တ္ထုနှင့်ပက်သက်၍ စာရေးသူမှ ဤသို့ မှတ်ချက်ပြုထားပါတယ်။
ဤ၀တ္ထုရေးဖွဲ့ရာတွင် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို အခြေခံ၍ လွန်ခဲ့သော နှစ် ၂၀၀၀ဝန်းကျင်ကာလက ပျူနိုင်ငံများ၏ ယဉ်ကျေးမှုအနုပညာ၊ ကိုးကွယ်ယုံကြည်မှုနှင့် ပျူခေတ်နိုင်ငံခြား ဆက်ဆံရေးတို့ကို အခြေခံကာ ပျူခေတ်ကာလ အခြေအနေတို့ကို ပြန်လည်ဖန်တီးတည်ဆောက်လျက် ထိုအခင်းအကျင်းထဲတွင် စိတ်ကူးဇာတ်ကောင်များ ဖန်တီးအသက်သွင်းခဲ့ပါသည်။ အချို့ဇာတ်ကောင်များမှာ ဒဏ္ဍာရီကို အခြေခံပြီး အချို့ဇာတ်ကောင်များမှာ သုတေသနအထောက်အထားများကို အခြေခံပါသည်။ ပျူခေတ်မှ လူအမည်များကို လက်လှမ်းမမီနိုင်ပါသဖြင့် မိမိစိတ်ကူးဖြင့်သာ ဆီလျော်အောင်ရွေး၍ပေးခဲ့ရပါသည်။ ပျူခေတ်အခင်းအကျင်းကို ရေးဖွဲ့ရာ၌ ကျော်ကြားပြီးဖြစ်သော ဒဏ္ဍာရီများထက် သုတေသနဆိုင်ရာ အချက်အလက်များဘက်ကို အလေးသာ၍ရေးဖွဲ့ခဲ့သည်ဖြစ်ရာ လူအများရှေးယခင်က ယုံကြည်ထားသည့် ယုံကြည်မှုများနှင့် ကွာခြားမှုများလည်းရှိနိုင်ပါသည်။
This story is based on blended legends and archaeological evidence excavated in ancient Pyu cities of Myanmar.
စာမျက်နှာ | 574 |
---|---|
စာအုပ်အရွယ်အစား | 6 x 1.4 x 9 inches |
ပုံနှိပ်မှတ်တမ်း | ပုညခင်စာပေ၊ 2021 နိုဝင်ဘာလ၊ (ပ-ကြိမ်) |
7 in stock (can be backordered)
Hana Htar Ai –
Good
XYLV –
တကယ်ကို ကောင်းတဲ့စာအုပ်ပါ
SYH –
I thought it was expensive, but when I read it, it was very valuable.
It is worth the price.
Su Yee –
I thought it was expensive, but when I read it,
it was very valuable. It is worth the price.
Helen –
စာဖတ်လိုက်ချိန်မှာတကယ်ကိုသမိုင်းနဲ့ပတ်သတ်တဲ့အထောက်အထားတွေကိုသိလိုက်ရပါတယ်..ဈေးကြီးတယ်ထင်ရပေမယ့်တော်တော်ဖတ်လို့တန်တဲ့စာအုပ်ကောင်းတစ်အုပ်ပါ…အဖြစ်အပျက်တွေကိုကိုယ်တိုင်ကြည့်နေရသလိုခံစားရပါတယ်ရှင်….ရသတစ်ခုခုကိုလဲရမှာသေချာပါတယ်ရှင်..