ပုံပြင်သီတဲ့ပိုးကြိုးမျှင်

( 2 မှတ်ချက်)

25000 (ကျပ်)

ခရီးသွားဘလော့ဂါ မိန်းကလေးတစ်ဦး၊ rich kid လူငယ်လေးတစ်ဦး ၊ မင်းကွန်းတစ်ဖက်ကမ်း နန်းတော်ကျွန်းရွာကလေးနှင့်ဆင်ကျွန်းရွာကလေးမှ လွမ်းမောဖွယ် ချစ်ပုံပြင် ၊ ဧရာဝတီလင်းပိုင်များနှင့်သံယောဇဉ်ငြိတွယ်ခဲ့ကြများကြားမှ ချစ်ခြင်းမေတ္တာ ၊ဧရာဝတီလင်းပိုင်တို့၏ သဘာဝ၊ ဧရာဝတီကိုမှီတင်းနေထိုင်ရပ်တည်ရှင်သန်ရသောဘဝများနှင့် ဧရာဝတီ၏သမိုင်းကြောင်းကို အခြေခံ၍ ရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည် ။

စာမျက်နှာ

460

စာအုပ်အရွယ်အစား

5.3 x 1.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပုညခင်စာပေ၊ 2024 ဩဂုတ်လ၊ (တတယအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

2.7.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 25,000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

9 in stock

ပုံပြင်သီတဲ့ပိုးကြိုးမျှင် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    ဒီစာအုပ်ထဲမှာဧရာဝတီမြစ်ကြီးနဲ့ ဧရာဝတီလင်းပိုင်လေးတွေကဇာတ်လိုက်ပေါ့… လူတွေကိုကူညီတတ်တဲ့ကြယ်ဖြူတို့နှာအောမတို့ကိုချစ်ရတယ် ဧရာဝတီမြစ်ကြီးကိုချစ်ရတယ်💗
    လင်းပြည့်,ကသစ်နု,သစ်ညို ,မေမင်းဖြူ,ကျော်လေး သူတို့ကြားက ဆက်နွယ်နေတဲ့ အချစ်အလွမ်းခံစားချက်တွေကိုဖတ်ရတာသဘောကျတယ်

    တကယ်တော့ဘဝဆိုတာ အလွမ်းနဲ့ မျှော်လင့်ချက်ကြားက အခိုက်အတန့်လေးတစ်ခုပါပဲ…။

    ကသစ်နုရဲ့ သစ်ညိုအပေါ်မှာထားတဲ့
    ချစ်ခြင်း
    လင်းပြည့်ရဲ့ ကသစ်နုအပေါ်မှာထားတဲ့ ချစ်ခြင်း
    ကျော်လေးရဲ့ မေလေးအပေါ်မှာထားတဲ့ ချစ်ခြင်း
    သစ်ညိုနဲ့ မေလေးတို့ရဲ့အပြန်အလှန်ထားရှိတဲ့ချစ်ခြင်းမေတ္တာတွေ ဖတ်ရတာနူးညံ့လှတယ် စိတ်ထားပြည့်ဝကြသူတွေမို့ မုန်းစရာသူတယောက်တလေရယ်တောင်မပါဘူး 💗 ဧရာဝတီမြစ်ထဲက
    သောင်တူးသဘော်ကြီးတွေအကြောင်းလည်းဗဟုသုတရဖွယ်သိလိုက်ရတယ်
    နောက်ပြီး ရှောခ့်ရိုက်ပြီးငါးဖမ်းတဲ့သူတွေကြောင့်သေသွားရတဲ့ လင်းပိုင်လေးတွေအကြောင်း ဖတ်ရတာစိတ်မကောင်းဖြစ်ရတယ်… 🥺
    ဧရာဝတီမြစ်ကြီးလည်းသန့်ရှင်းပါစေ ချစ်ဖို့ကောင်းတဲ့ လင်းပိုင်လေးတွေလည်းဘေးကင်းပါစေလို့ဆုတောင်းရင်း… 🙏

  2. Win Ko Ko Zin

    ရသမျိုးစုံနဲ့ အရမ်းကိုကောင်းတဲ့ စာအုပ်လေးတစ်အုပ်ပါ။
    ပုညခင် ဟူသည့် ကလောင်ကို မြင်သည်နှင့် တစ်ပြိုင်နဲ့ မည်သည့်စာအုပ်မျိုးမဆို မဖတ်ရမနေနိုင်အောင် စွဲဆောင်လှသည်မှာ အမှန်ပင်။
    မည့်သို့ပင်ဖြစ်စေ ပုညခင် ဟာ ပုညခင် ဖြစ်နေဆဲ….

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပုညခင် စာအုပ်များ