အရှေ့တံခါးအဝင်

( 2 မှတ်ချက်)

10000 (ကျပ်)

မြန်မာနိုင်ငံ၏ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ နှင့် ပြည့်တန်ဆာများ၏ ရပ်တည်မှု၊ အမှောင်လောကမှ ဘ၀အခက်အခဲများ၊ ဟိုတယ် နိုက်ကလပ်များတွင် ကျင်လည်လှုပ်ရှားနေသော မိန်းကလေးများ၊ လမ်းဘေးတွင် လှုပ်ရှားနေသော မိန်းကလေးများ၊ လမ်းဘေးတွင် လှုပ်ရှားရှင်သန်နေရသော မိန်းကလေးများစွာ၏ ဘ၀များနှင့် ဟိုတယ်ဝန်ထမ်းမိန်းကလေးတို့၏ လုပ်ငန်းသဘောသဘာ၀များကို အခြေပြု၍ ရေးဖွဲ့ထားသော ၀တ္ထုဖြစ်သည်။

စာမျက်နှာ

331

စာအုပ်အရွယ်အစား

5.5 x 0.6x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပုညခင်စာပေ၊ 2023 ဇွန်လ၊ (ဒုတိယ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.7.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 10000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

10 in stock

အရှေ့တံခါးအဝင် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. May

    မြန်မာနိုင်ငံရှိ လူတိုင်းရွံရှာ စက်ဆုပ်ကြတဲ့ မိန်းကလေးတွေအကြောင်းရေးဖွဲ့ထားတာပါ။ မေလည်းအစတုန်းကတော့ ဒီမိန်းကလေးတွေ ဘာလို့ဒီလိုအလုပ်လုပ်တာလည်းဆိုပီး တွေးကြည့်ခဲ့ဖူးပါတယ်။ မိသားစုအခြေအနေ ပတ်၀န်းကျင်အသိုင်းအဝိုင်း မတူညီမှုတွေကြောင့် ဖြူစင်ခဲ့တဲ့ကလေးမလေးတွေက လူတိုင်းရွံရှာမှုကို ခါးသီးစွာခံရပုံရေးဖွဲ့ထားတာ ဖြစ်တဲ့အတွက် စာအုပ်ဖတ်အပြီးမှာ မေသူတို့ဘ၀လေးကိုစာနာလာတယ် သူတို့အပေါ်ကိုမေကိုယ်တိုင်အမြင်တွေပြောင်းလဲ ခဲ့ပါတယ်။ ဆရာမရဲ့ဆုံးမမှုကြောင့် မေတို့သူတို့ကို တန်းတူဆက်ဆံဖို့ရယ် သူတို့ရဲ့ဒဏ်ရာတွေကို ဆေးမထည့်ပေးနိုင်တောင် အနာထပ်မပေးစေဖို့ အတွက် ဖတ်သင့်တဲ့စာအုပ်လေးပါ။ လူတိုင်းက သူတစ်ပါးရဲ့ ခံစားချက်တွေအပေါ် အလေးထားတတ်ဖို့ လမ်းညွှန်းထားတဲ့အတွက် လူတိုင်းနှလုံးသားနဲ့ခံစားဖတ်ကြည့်ရင်ပိုကောင်းပါတယ်။

  2. Khin Khin Wai

    ကိုယ်ခန္ဓာနဲ့ရင်းပီးအသက်မွေးဝမ်းကြောင်းပြုနေတဲ့မိန်းကလေးတွေရဲ့ နောက်ကွယ်ကဘဝအမှန်တွေနဲ့သူတို့အပေါ်လူသားဆန်ဆန်မြင်တတ်လာဖို့ရည်ရွယ်ရေးဖွဲ့ထားတဲ့စာအုပ်ကောင်းလေးပါ ပီးတော့ စံ ဆိုတဲ့ကောင်မလေးနဲ့သတိုးသိုက်တို့ရဲ့ လွတ်လပ်‌‌စေတဲ့အချစ်ယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ချစ်သူဘဝလေးကိုလဲအားကျဖွယ်တွေ့မြင်ခဲ့ရပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ပုညခင် စာအုပ်များ