ည ၁၂ နာရီ ၁၅ လမ်းမှတ်တိုင်
3000 (ကျပ်)
” ဒီစာအုပ်မှာ အနုအယွ စကားလုံးတွေ ပါချင်မှပါမယ်။ ဘ၀ရဲ့ စိတ်ဒဏ်ရာတွေ၊ နာကျင်မှုတွေ၊ လွဲချော်မှုတွေ အခြေခံထားပြီး ရေးဖြစ်ပါတယ်။ မတူညီတဲ့ ခံစားချက်၊ အရေးအသားတွေရဲ့ ပေါင်းစပ်မှုကို ဖြစ်ပေါ်စေမယ်လို့ မျှော်လင့်ပါတယ်။”
(စာရေးသူ ခွန်းညိုသွေး၏ အမှာကောက်နှုတ်ချက်)
ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းမှာ ချစ်ခြင်းမေတ္တာအားဖြင့် နောက်ကျမှာကို၊ update မဖြစ်မှာကို ဝမ်းမနည်းကြပါဘူး။ အချိန်ရွှေ့လိုက်ရလို့ ထိခိုက်ဆုံးရှုံးမှာမျိုးကိုလည်း မစိုးရိမ်ကြဘူး။
ချစ်ခြင်းမေတ္တာဆိုတာ ကျွန်မအပါ်တစ်ခါက လွှမ်းခြုံလာပေးတဲ့ နွေးထွေးမှုလေးပါပဲ အခုမရှိတော့ပေမယ့် အဲဒီ့နွေးထွေးမှုကို ကျွန်မဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။
စာမျက်နှာ | 159 |
---|---|
စာအုပ်အရွယ်အစား | 5.9 × 0.4 ×8.2 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2020 ဒီဇင်ဘာလ (ပ-ကြိမ်) |
Out of stock
Mi Shweyee Win Htet –
စာရေးသူ၂ယောက်ပေါင်းပြီးရေးထားတဲ့ ဒီဝတ္ထုတိုများရဲ့ဇတ်လမ်းဟာ
တစ်ပုဒ်ထဲမှာတင် ခံစားချက်၂မျိုးကို ခံစားရမှာပါ။ အချစ်၊ဘဝ၊လူမှုရေး၊ပတ်ဝန်းကျင်၊မိဘမေတ္တာတွေစတဲ့
ခေတ်နှင့်အညီဖြစ်ပေါ်လာတဲ့ ဖြစ်ပေါ်မှုများကို လူငယ်တွေရဲ့ အကြိုက်အလိုက် ရေးသားထားတယ်လို့
လူငယ်တစ်ယောက်အနေနဲ့ ခံစားရပါတယ်။
ဒါအပြင် မထင်မှတ်ထားတဲ့ ဇာတ်လမ်း အဖြစ်အပျက်တွေကို ဖန်တီးရေးသားထားတဲ့ စာရေးဆရာ၂ယောက်ရဲ့ ဆန်းသစ်တီထွင်ရေးသားမှုကိုလည်း တွေ့မြင်ရမှာပါ။
သင်ကြားရေးဆရာမအနေနဲ့ရော၊သူနာပြုဆရာမအနေနဲ့ရော၊ စိတ်ပညာဆရာဝန်အနေနဲ့ရော တက္ကသိုလ်ဆရာတစ်ယောက်အနေနဲ့ရော၊မိဘအနေနဲ့ရော၊သားသမီးအနေနဲ့ရော ဝင်ရောက်ခံစားရမယ့်အပြင်
တစ်ဖက်သက်အချစ်၊အိမ်ထောင်ရေးအချစ်၊ စိတ်ပျက်စရာတွေပြည့်နှက်နေတဲ့အချစ်၊ပြည့်စုံပြီးလှပလွန်းတဲ့အချစ်၊ စတဲ့အချစ်ရေးအဖြာဖြာ ဇာတ်လမ်းတွေပါခံစားရင်း
လူတစ်ယောက်ရဲ့နောက်ဆုံးထွက်သက်အချိန်မှာ သိထားသင့်တဲ့ အကြောင်းအရာဗဟုသုတများ၊ပြည့်စုံတဲ့မိသားစုနွေးထွေးမှုဆိုတာဘယ်လိုမျိုးလဲ၊ ဒါအပြင်
ငယ်စဥ်ကနေ ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြောင့် ဖြစ်လေ့ရှိသော ရှေးဆက်အကျိုးသက်ရောက်မှု၊
နားကြင်တဲ့ အတိတ်ကိုမေ့ပစ်ဖို့ လူတစ်ယောက်သည် ပူဆွေသောကကြားကနေ ဘယ်ကိုထွက်ပြေးရှောင်တိမ်းသွားမလဲဆိုတာ ဒီစာအုပ်က
ဘက်ပေါင်းစုံကနေ တကယ့်လူနေမှု လက်တွေ့ဘဝရဲ့ ဇာတ်လမ်းတွေကို ခံစားရမှာပါ။
အချစ်ဝတ္ထုမှာလည်း အတွေးသစ်တစ်မျိုးအနေနဲ့ ဖန်တီးထားတဲ့အတွက် စိတ်ဝင်စားစေပြီး ၊ အလိုမကျတဲ့ ဇာတ်သိမ်းလည်းရှိသလို စာဖတ်သူအနေနဲ့လည်း
တစ်မူထူးခြားမှုတွေကို ရရှိခံစားစေပါတယ်။
အမျိုးသား အမျိုးသမီး နှစ်ဦးနှစ်ဖက် ရဲ့ အချစ်ရေးမှာလည်း
အမျိုးသားဘက်က ရှုထောင့်နဲ့ အမျိုးသမီးဘက်က ရှုထောင့်တွေကိုပေါင်းစပ် ရေးသားထားတဲ့အတွက် မိန်းကလေးဘက်ကနေဖတ်ရင် ဇာတ်လမ်းဟာ ပြီးဆုံးသွားတယ်လိုထင်ရပေမဲ့
တကယ်တမ်းကျတော့ ယောကျာ်းလေးဘက်ကနေလည်း
အဖြစ်အပျက်တွေရှိနေပါသေးတယ်။နားလည်လွယ်အောင်
ပြောရရင် ဇာတ်လမ်းတစ်ခုရဲ့နောက်ကွယ်ကနေ
(behind the sence) တစ်ခုလို သီးသန့်အကြောင်းအရာတွေကို ဖတ်ရှု ခံစားရမှာပါ။
အပူအအေး သင့်တင့်မျှတတဲ့ စာအုပ်တစ်အုပ်ဖြစ်သလို
နှစ်ဦးနှစ်ဖက် မျှတွေးတတ်ပြီး နားလည်နိုင်စွမ်းတွေ
တိုးတက်လာစေတဲ့ စာအုပ်ကောင်းတစ်အုပ်လည်းဖြစ်ပါတယ်။