ခရမ်းရင့်ရောင်မိုးတိမ်များ
6000 (ကျပ်)
၂၀၂၀ ဒီဇင်ဘာမှာ ” ည ၁၂ နာရီ ၁၅ လမ်းမှတ်တိုင်” ဆိုတဲ့ ထူးခြားတဲ့ ခေါင်းစဉ်နဲ့ ဝတ္ထုတိုတွေကို သူ့ဘက် ကိုယ့်ဘက် အပြိုင်ရေးသား အတွဲညီခဲ့တဲ့ ခွန်းညိုသွေး နဲ့ ဖရော်ဆန်တို့ ရဲ့ ၂ နှစ်အကြာမှာ ပြန်လည် collaborate လုပ်ထားတဲ့ ဒုတိယခြေလှမ်း အဖြစ် ” ခရမ်းရင့်ရောင် မိုးတိမ်များ” ဆိုတဲ့ စာအုပ်ကို ထပ်မံ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဝတ္ထုတို အပုဒ် ၂၀ ပါဝင်ပြီး တူညီတဲ့ အကြောင်းအရာပေါ်မှာ မတူညီတဲ့ အတွေး၊ မတူညီတဲ့ အကြောင်းအရာမှာ တူညီတဲ့ အတွေး တို့ကို အပြိုင် အဖွဲ့ဝတ္ထုတိုတွေ အဖြစ် စာရေးသူ နှစ်ယောက်က သူတို့ရဲ့ ရေးဟန်တွေအတိုင်း ထပ်မံ ချိတ်ဆက်ရေးဖွဲ့ထားပါတယ်။ စာဖတ်သူများကတော့ စာရေးသူ ၂ ယောက် Battle ဆိုင်ကြပြန်ပြီ လို့ စနောက်နေကြပါတယ်။
” တိမ်တွေမှာ နဂိုတုန်းက အဖြူရောင် ရှိပါသလား။ တိမ်တွေရဲ့အရောင်ဟာ အဖြူရောင်လား။ ကျွန်တော်တို့ ဘဝတွေမှာတော့ ခရမ်းရင့်ရောင်တွေ မြင်မကောင်းအောင် စွန်းထင်ပေကျံနေတဲ့ မိုးတိမ်တွေ ရှိပါလိမ့်မယ်။ ဒီစာအုပ်နဲ့အတူ မိတ်ဆွေများလည်း ဘဝရဲ့ ခရမ်းရင့်ရောင်ဒဏ်ရာတွေကို အတိုင်းအတာတစ်ခုအထိ ဆေးကြောပစ်လိုက်နိုင်မယ်လို့ ရည်စူးပါတယ်။ ”
(ခွန်းညိုသွေး)
” ကျွန်မတို့ လူသားတိုင်းမှာ မတူညီတဲ့ story တွေ ကိုယ်စီရှိတတ်ကြပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့စိတ်တွေဟာ တိမ်တွေလိုမျိုး အရောင်အမျိုးမျိုး ပြောင်းလဲနေတတ်ကြပြန်ပါတယ်။ ဘဝအခြေအနေအရ ကိုယ်တိုင် ပြောင်းလဲလိုက်ရတဲ့အရောင်တွေ ရှိသလို၊ တစ်ခါတစ်လေ ပတ်ဝန်းကျင်ရဲ့ အရောင်ဆိုးခံလိုက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီစာအုပ်လေးကတော့ ကျွန်မတို့ ဖွင့်လှပ်မိသမျှ ခရမ်းရင့်ရောင်မိုးတိမ်တွေအကြောင်းပါပဲ။ ဒီစာအုပ်လေးဖတ်ပြီး မိတ်ဆွေတို့လည်း ဘဝမှာရှိခဲ့ဖူးတဲ့ ခရမ်းရင့်ရောင်ဒဏ်ရာတွေကို သက်သာနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ အားလုံးလည်း ကြည်လင်အေးမြတဲ့ ဘဝမိုးတိမ်တွေကို ကိုယ်စီ ဖန်တီးပိုင်ဆိုင်နိုင်ကြပါစေ…။ ”
(ဖရော်ဆန်)
စာမျက်နှာ | 210 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2022 ဒီဇင်ဘာလ (ပထမအကြိမ်) |
7 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ