ဆရာဝန်ကိုမုန်းတဲ့မိန်းမ
6500 (ကျပ်)
ဆရာခွန်းညိုသွေးဟာဆိုရင် ကဗျာတွေ စကားပြေ၊ ရသစာပေ အရေးအသားဘက်တွင်သာမက ဆေးပညာနှင့် နွယ်သည့် အကြာင်းအရာများဘက်တွင်လည်း ဗဟုသုတများ ဝေမျှတတ်ပါတယ်။ ယခုစာအုပ်လေးမှာ ပုံမှန်ရေးနေကျ ကဗျာ၊ အက်ဆေးခံစားမှုများမဟုတ်ပဲ့ ဆရာဝန် နှင့် ဆေးလောကနောက်ခံ လုံးချင်း၀တ္တုစာအုပ်လေးဖြစ်ပါတယ်။
ပေါ့ပေါ့ပါးပါးဖတ်ရှုလိုသူတို့အတွက် သုတလဲရ ရသလည်းပေးစွမ်းမည့် ၀တ္ထုစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 176 |
|---|---|
| စာအုပ်အရွယ်အစား | 5.1x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2023 အောက်တိုဘာလ ( ဒုတိယအကြိမ် ) |
| စျေးနှုန်းအပြောင်းအလဲ | 13.10.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
4 in stock





Aeri Myat –
ဆရာခွန်း Khoon Nyo Thway ရဲ့ ဒီစာအုပ်လေးကို နာမည်နဲ့တင် သိနေခဲ့တာကြာပါပြီ။အခုဒုတိယအကြိမ် ပြန်ထွက်မှပဲ ဖတ်ဖြစ်ပါတယ်။
စာအုပ်နာမည်နဲ့တင် စိတ်ဝင်စားစရာ..
ဆရာဝန်ကို မုန်းတဲ့ မိန်းမတဲ့လေ…။
တခြားတော့မဟုတ် “ကြယ်စင်ဖြူ”ဆိုတဲ့ အမျိုးသမီးလေးပေါ့။
ဆရာဝန်တွေကိုသူမကမုန်းတယ်တဲ့…။
ဆရာဝန်တွေမကောင်းကြောင်းကို
Facebookမှာလည်း ရေးတတ်သလိုမကြာခဏshareတတ်သေးတယ်။
“ညီခန့်နောင်”(ခေါ်)ကိုနောင်ကတော့
သမားတော်ဖြစ်ဖို့ ကြိုးစားနေတဲ့
လက်ထောက်ဆရာဝန်လေးပေါ့။
အခုခေတ်အခေါ် Rich Kid မဟုတ်လေတော့ သူ့ခမျာ ဆေးရုံJuty၊အပြင်ဆေးခန်း၊သမားတော် စာမေးပွဲအတွက်ကျူရှင်တက်ရနဲ့မို့ မအားမလပ် ပင်ပန်းရတယ်။On jutyမှာပင်ပန်းရတဲ့အပြင် OG Wardမှာ တာဝန်ကျစဥ်အခါက စိတ်ကတောက်ကဆ ဖြစ်ရတာလေးတွေ ဖတ်မိပြန်တော့ ဆေးလောကရဲ့ တိုက်ပွဲတွေထဲက တစ်ခုပါပဲလားလို့ မြင်ယောင်ကာ သက်ပြင်းချမိပါတယ်။
“ကိုယ့်အထက် အကြီးက ဘာပြောပြော
(မှန်သည်၊ မှားသည် ရှင်းပြခွင့်မရဘဲ)
ဟုတ်ကဲ့ပါ မျိုးဆက်သစ်တွေ၊ မှန်ပါတယ် ဂျန်နရေးရှင်းတွေ မွေးဖွားရှင်သန်နေရလေသည်တဲ့…”😅
ဇာတ်လမ်းလေးကို ပြန်ဆက်ရရင်တော့
လက်ထောက်ဆရာဝန်လေး”ကိုနောင်”နဲ့
ဆရာဝန်တွေနဲ့ ပက်သတ်ရင် အမုန်းစိတ်
အခံရှိတဲ့ “ဖြူ”တို့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။
“ဖြူ”ဆိုတဲ့ အမျိုးသမီးကို ဆူးအပြည့်လွှမ်းနေတဲ့ နှင်းဆီပန်းနဲ့ တင်စားဖော်ပြထားတယ်။လှတယ်၊ထက်မြက်တယ် ဒါပေမဲ့ ပက်သက်ဆက်နွယ်မိတဲ့အခါ ဆူးလိုမျိုး ရက်စက် နာကျင်စေတတ်တဲ့ အမျိုးသမီးလေးပေါ့။
“ကိုနောင့်”အပေါ် “ဖြူ”ပြောလိုက်မိတဲ့
“အောက်တန်းစား ဆရာဝန်”ဆိုတဲ့ စကားက အတော်လေး နာကျင်ထိရှစေမှာပဲလို့
တွေးရင်း ကရုဏာဒေါသ ဖြစ်မိရတယ်။
ဆေးရုံဆေးခန်းမသွားတာ နှစ်နဲ့ချီတဲ့အထိ ဆရာဝန်တွေကို ဘာလို့ဒီလောက်မုန်းနေလဲဆိုတဲ့ အဖြေကို သိလိုက်ရပြန်တော့လည်း “ဖြူ့”အပေါ် ခွင့်လွှတ်နားလည်ပေးနိုင်သွားပြန်တယ်။
“လူတွေမှာ သူ့ဘက်က ကြည့်လျှင် သူမှန်သည်ဆိုသည့် ဘက်အခြမ်းလေး
ရှိသည်မဟုတ်လား”တဲ့လေ။
အမှန်ပါပဲ…လူတိုင်းကိုယ်စီ ဘဝမှာ
စိတ်ဒဏ်ရာဆိုတာ အနည်းနဲ့အများ ရှိတတ်ကြစမြဲပဲမဟုတ်လား…။
မုန်းစွဲတွေကို မဖျောက်နိုင်သေးတဲ့
အမျိုးသမီးလေးနဲ့ ရှေ့ဆက်နိုင်ဖို့ရာဆိုတာကလည်း ကိုနောင်က ဆရာဝန်တစ်ယောက်ဖြစ်နေတာက ပြောင်းလဲလို့ မရတဲ့ အမှန်တရားတစ်ခု ဖြစ်နေပြန်တယ်။
“အခုခေါ်သံများမှာလည်းကိုယ်
နောက်ပိုင်း ခေါ်သံများမှာလည်းကိုယ်
ခေါ်ဆိုမှု မှန်သမျှရဲ့ခေါင်းလောင်းသံ
ဟိုးရှေးဘဝ နောက်ဘဝတွေအထိ မြည်ဟည်းချင်လို့ တစ်ယောက်တည်းကို
တစ်ဘဝမှာ ကြည့်မိပါတယ်
ကိုယ့်အပြစ်တွေပါပဲ
ချစ်ခြင်းကြောင့်
ဖြစ်လာတဲ့ ကောင်းကင်မှာ
ဝမ်းနည်းခြင်းတွေကို လွှတ်တင်ပြီး
ဖြတ်ချလိုက်တဲ့
ကြိုးစတွေနောက်မှာတော့
ဒလိမ့်ခေါက်ကွေး လွင့်သွားတဲ့
သံယောဇဥ်တွေအကြောင်း
ကိုယ်ဟာ စိတ်မကုန်ဘဲ ရေးချင်သေးပါတယ်
အခုဘဝမှာလည်းကိုယ်
နောက်ဘဝတွေမှာလည်း ကိုယ်…။”
အရှေ့မှာ လုံးချင်းတစ်အုပ်ဖတ်ဖူးထားကတည်းက ဆရာခွန်း စာအုပ်တွေ
သဘောကျနေခဲ့တာ ဒီတစ်အုပ်လည်း
သဘောကျရပါတယ်🥰🤗💜
#ခွန်းညိုသွေး
#ဆရာဝန်ကိုမုန်းတဲ့မိန်းမ
#ဒုတိယအကြိမ်
#reviewby하은
#Oct172023
wai wai shwe thar –
လူဆိုတာကိုယ့်အကြောင်းနဲ့ကိုယ်ဘဲမို့ သူ့မှာလည်းမုန်းရတဲ့အကြောင်းရှိတယ်
အတ္တအရမ်းမကြီးဘဲနားလည်ခွင့်လွှတ်တတ်သူတွေဟာ ဘဝမှာဘယ်လောက်ပျော်စရာကောင်းမလဲဆိုတာ တွေးကြည့်ပြီးသိနိုင်တယ်
တစ်ယူသန် အစွန်းရောက်တဲ့သူတွေကတော့ ဘဝကိုအလိုမကျမှုတွေနဲ့ဘဲဖြတ်သန်းရမယ်ဆိုတာကိုပြသနေတဲ့စာအုပ်ကောင်းလေးဖြစ်ပါတယ်