မရွာသွန်းတတ်သောတိမ်တို့၏ တတိယရပ်ဝန်းတွင်

( 3 မှတ်ချက်)

9000 (ကျပ်)

သစ်ပင်တစ်ပင် ရှင်သန်ကြီးထွားလာတဲ့အချိန်မှာ ဘာတွေလိုအပ်လိမ့်မယ်လို့ သင်မျှော်လင့်ထားဖူးပါသလဲ…

ခွန်းညိုသွေး၏ တတိယမြောက် လုံးချင်းဝတ္ထုစာအုပ်ဖြစ်ပြီး ရေးထားတဲ့ အဖွဲ့ကလေးနဲ့ ပါဝင်တဲ့ အကြောင်းအရာတွေက မိုးရာသီနှင့် လိုက်ဖက်မှုရှိကြောင်း စာရေးသူမှ မှတ်ချက်ပြုထားပါတယ်။

 

စာမျက်နှာ

212

စာအုပ်အရွယ်အစား

5.2 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2024 ဇူလိုင်လ (ဒုတိယအကြိမ်)

5 in stock

မရွာသွန်းတတ်သောတိမ်တို့၏ တတိယရပ်ဝန်းတွင် အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Thet Naing Aung

    📌 ဖခင်ဖြစ်သူနဲ့တူတဲ့ ဘယ်သန်ကောင်လေးတယောက် ။ အဲ့ဒီ ဖခင်ဖြစ်သူဟာ အိမ်ထောင်ရေးဖောက်ပြန်
    သွားတာမို့ မိခင်ဖြစ်သူက ဖခင်နဲ့တူတဲ့သားကို(မိခင်ဝတ္တရားကျေပွန်ပေမယ့် )အရာရာဖခင်နှင့် နှိုင်းတတ်လို့ စိတ်အနာတရများစွာနဲ့ အဲ့ဒီကောင်လေးဟာ ရှင်သန်ကြီးပြင်းလာခဲ့ရတယ်။ အရာရာမှာ ပုံစံနဲ့နေထိုင်ခဲ့ရသူမို့ အဲ့ဒီကောင်လေးဟာ ပုံစံတွေကိုမုန်းတီးတတ် သူများအလိုကျနေထိုင်ရတဲ့ဘဝကို မုန်းတီးတဲ့သူတယောက်ဖြစ်လာခဲ့တယ်။

    🔘တကယ်တော့ လောကကြီးမှာ လူသားတွေ လိုအပ်နေတာ သူတို့ရဲ့စိတ်တွေကို ခဏတာပဲဖြစ်ဖြစ် ယုံကြည်စွာအပ်နှံထားနိုင်တဲ့ တစုံတယောက်သာဖြစ်ပါတယ်။(စာ-၄၅)

    🔘လူဟာ သူ့အလိုလို သေဆုံးမှာကို သိနေပြီး သေပစ်လို့ မရနိုင်တဲ့အခြေအနေတွေမှာတော့ ရှင်သန်ဖို့ နေထိုင်ဖို့ တတ်နိုင်သလောက် သူ အားတင်းရမှာပါပဲ။(စာ-၅၉)

    📌ဆရာဝန်ဘဝရောက်လာပြီး ဘဝလက်တွဲဖော်ရလာခဲ့ချိန်မှာ လက်တွဲဖော်ဖြစ်သူဟာလည်း သူ့အပေါ်အုပ်မိုးချယ်လှယ်ချင်ပြီး သူမစိတ်ကြိုက်၊သူမအလိုကျ ဖြစ်ချင်လာတဲ့အခါ သူဟာ သူ့ချစ်သူကိုကျောခိုင်းပစ်တဲ့ထိ သူဟာ သူ့ဘဝကိုအချယ်လှယ်ကင်းစွာ ရှင်သန်နေထိုင်ခဲ့တယ်။ဒါပေမယ့်
    တနေ့မှာတော့ သူ့ဘဝထဲကို သူ့ထက်ငယ်တဲ့ ညီမလေးတယောက် ဝင်ရောက်လာတဲ့အခါမှာတော့ သူဟာ သူ့ပုံစံကို များစွာပြောင်းလဲပစ်ခဲ့ပါတော့တယ်။

    🔘တန်ဖိုးဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုရပါမလဲ။ လိုအပ်ချက်လေးတွေအပေါ် မူတည်တဲ့ ဂရုစိုက်မှူ ၊ ဖြည့်ဆည်းမှူလေးတွေဟာ သူ့ဒေသမှာ ဘယ်တော့မှမရွာသွန်းတတ်သော တိမ်ငွေ့လေးတွေသာ။(စာ-၇၆)

    🔘လူသားတယောက်နဲ့တယောက် ချည်နှောင်ဖို့ အကောင်းဆုံးဟာ ချစ်ခြင်းမေတ္တာပါ အမေ။ အေးတိအေးစက် ကျေးဇူးတွေမဟုတ်ပါဘူး။(စာ-၇၉)

    📌တကယ်တော့လေ ဒီစာအုပ်ကို ဖတ်တဲ့အခါ ပထမပိုင်းမှာ သီဟကျော်စွာ၊ နန္ဒာ ၊ မိခင်ဖြစ်သူ ဒေါ်နှင်းဆီ တို့ရဲ့အကြောင်းတွေကိုဖတ်ရင်း ကိုယ့်စိတ်တွေဟာ တိမ်တွေထူထပ်နေသလို အုံ့မှိုင်းနေခဲ့မိတယ်။ မိခင်တယောက်ရဲ့အတ္တတွေကို ဖတ်ရတဲ့အခါ ကိုယ့်မှာ သီဟနဲ့ထပ်တူ မွန်းကျပ်စွာခံစားရတယ်။ နန္ဒာနဲ့လမ်းခွဲပြီး ငွေလနဲ့တွေ့ဆုံကြတဲ့အခါမှာတော့ ခုနက အုံ့မှိုင်းနေတဲ့ ကိုယ့်စိတ်တွေဟာ ကြည်လင်သာယာရှိနေသလို သီဟ ဘဝဟာလည်း ပျော်စရာအတိပေါ့။ ဒါပေမယ့် ဒါပေမယ့်ပေါ့လေ ဘဝဆိုတာ မမျှော်လင့်ထားတာတွေဖြစ်တတ်တာမို့ သီဟနဲ့ငွေလတို့ဟာလည်း မမျှော်လင့်သောဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့သွားခဲ့ကြတယ်လို့ပဲဆိုကြပါစို့။

    📌ညီမလေးတွေကို ကြူးချင်တဲ့ ကိုကြီးတွေအတွက် စာပိုဒ်လေးတခုလက်ဆောင်ပေးပါမယ်နော်။

    ❤️ ချစ်ခြင်းမေတ္တာလို့ မေးရင်
    ညီမလေး လို့ ဖြေမယ်။
    ချစ်ခြင်းမေတ္တာအကြောင်းဆိုရင်
    ညီမလေး လို့ ရေးမယ်။
    ရင်ခုန်တတ်တဲ့အသံလို့မေးရင်
    ငွေလသော်တာ လို့မြည်မယ်။

  2. Aeri Myat

    ဘယ်သန်ကလေးတစ်ယောက်ရဲ့
    စိတ်နာကျင်မှု၊ မိခင်မေတ္တာကို မရရှိဘဲ ဘဝတလျှောက်လုံး စိတ်ဒဏ်ရာတွေနဲ့ အသားတကျ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတစ်ယောက်အကြောင်းကို ဒီစာအုပ်လေးထဲမှာ ကရုဏာသက်ဖွယ် ဖတ်ရှုရပါလိမ့်မယ်။
    ပုံစံခွက်လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်တွေ၊မိဘဆိုတာနဲ့ပဲ သားသမီးအပေါ်မှာ
    အရာရာကို ခြယ်လှယ်ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတဲ့ တစ်ယူသန် အတ္တတွေ
    ကြောင့် ချစ်ခြင်းမေတ္တာကို မယုံကြည်နိုင်တဲ့၊ လက်ခံရရှိခြင်းတွေမှာ မချင့်မရဲဖြစ်ရခြင်းများစွာနဲ့ ဘယ်သန်ကလေး သီဟကျော်စွာရဲ့ ဘဝဟာ မှောင်မိုက်သွားခဲ့ရတယ်။
    “သူ့ကန္တာရနှင့်သူ စိတ်တိုင်းကျ
    စိမ်းလန်းခွင့်မရခဲ့သော သစ်ပင်တစ်ပင်။
    သူဟာ ဘယ်ဆုလာဘ်ကိုမှ မလိုချင်တော့တဲ့ ဒဏ်ခံကြိုးလေး။
    စိတ်တို့၏မလုံခြုံခြင်းများ။
    ဝမ်းနည်းနာကျင်မှုများ၏ ခရမ်းရင့်ရောင်နံရံများ။”
    “သီဟကျော်စွာ” လိုအပ်နေခဲ့တဲ့ မေတ္တာရပ်ဝန်းကလေးဖြစ်တဲ့ “လဝန်းသော်တာ”
    အိုပါးလို့ ခေါ်တတ်တာလေးကရော၊
    သီဟကျော်စွာကို စာနာပေးတတ်တဲ့အပြင် လွတ်လပ်ပေါ့ပါးစွာ ရယ်မောစေတတ်တဲ့သူလေးမို့ လူရောစိတ်ထားပါ
    ချစ်စရာကောင်းသူလေးပေါ့❤️
    “ချစ်ခြင်းမေတ္တာဟာ ကောင်းကင်တစ်ခုလို သူ့ကို ရပ်စောင့်နေခဲ့တယ် ဆိုပါစို့။
    သူ့ထံတွင် မရွာသွန်းတတ်သော တိမ်တွေသာ ရှိနေခဲ့ပါတယ်။”
    မိခင်ရဲ့ ထိုးနှက်တတ်တဲ့ စကားလုံးတွေ၊
    နှိုင်းယှဥ်ခံရမှုတွေကြားမှာ အသားကျနေတဲ့ “သီဟကျော်စွာ”တစ်ယောက်ဟာတကယ်ကို သနားစရာကောင်းပါတယ်။
    တကယ်ကို မရွာသွန်းတတ်တော့တဲ့ တိမ်ကလေးကို မေတ္တာအပြည့်နဲ့ နွေးထွေးပေးချင်မိတာပါပဲ။
    ဘဝမှာ ရွေးချယ်ခွင့်များများစားစား
    မရှိခဲ့တဲ့ နောက်ထပ်သော
    သီဟကျော်စွာတွေကို စာနာနိုင်ဖို့၊
    တချို့သောမိဘတွေရဲ့ အတ္တက
    သားသမီးတွေအတွက် သေရာပါမယ့်
    အနာတရတစ်ခု ထပ်မဖြစ်စေဖို့
    စေတနာတွေနဲ့ စာရေးသူက မီးမောင်းထိုးပြထားတဲ့ စာအုပ်လေးပါ။
    သီဟကျော်စွာ ပြောတာလေးတစ်ခုက
    ကျွန်မအတွေးထဲမှာ စွဲကျန်နေစေခဲ့တယ်။
    “သူဖြစ်ချင်တာပဲ ဖြစ်ခွင့်ရတဲ့ကလေး ဖြစ်စေချင်တယ်”တဲ့။
    ကျွန်မကိုယ်တိုင်လည်း ပုံစံခွက်လိုမျိုး
    ရှင်သန်နေထိုင်ခြင်းမှာ အသားကျရသူမို့ သီဟကျော်စွာရဲ့ အနာတရကို အပြည့်အဝ မဟုတ်တောင် တစ်စိတ်တစ်ပိုင်းမက စာနာ နားလည်နိုင်ပါတယ်။
    သားသမီးတိုင်းကိုလည်း မိဘတွေရဲ့အတ္တလောင်းရိပ်တွေကနေ
    လွတ်မြောက်စေချင်ပါတယ်။
    စာနာ နားလည်နိုင်ကြဖို့လည်း
    မချင့်မရဲ မျှော်လင့်မိပါသေးတယ်။
    လုံးချင်းဝတ္ထုတစ်အုပ်ထက်ပိုတဲ့ စာနာခြင်းတွေကို ခံစားရစေတဲ့အတွက်
    ဆရာခွန်းကိုလည်း ကျေးဇူးတင်ပါတယ်💜
    မရွာသွန်းတတ်သော တိမ်တို့၏
    တတိယရပ်ဝန်းတွင်…. 🤎🤎🤎

  3. wai wai shwe thar

    childhood trumaတွေရဲ့ကြောက်စရာကောင်းပုံတွေကိုပြသထားတဲ့စာအုပ်လေးပါ
    ချစ်ခြင်းတရားဟာအသက်အရွယ်မရွေးပေါက်ဖွားတတ်တာကို လှလှပပလေးရေးသားထားတဲ့စာအုပ်လေးပေါ့
    endingလေးကိုhappy endingလေးဖြစ်စေချင်တာတော့personallyအရပါ
    စံသတ်မှတ်ချက်တွေများလွန်းတဲ့လောကကြီးမှာလွတ်လွတ်လပ်လပ်ရှင်သန်ရတာဟာလဲ ကောင်းချီးတစ်ခုဘဲဆိုတာကိုသိလိုက်ရတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ခွန်းညိုသွေး စာအုပ်များ