နံနက်ခင်းမှာသီချင်းတွေမရှိတော့ရင်
6500 (ကျပ်)
“နံနက်ခင်းမှာ သီချင်းတွေ မရှိတော့ရင်…”ဒီစာအုပ်လေးဟာ စာရေးသူ ဆရာခွန်းညိုသွေးရဲ့ လုံးချင်းဝတ္ထုအသစ်ဖြစ်ပြီး ဒီစာအုပ်လေးထဲမှာ သီချင်းတွေကို ချစ်မြတ်နိုးတဲ့ လူငယ်လေးတစ်ဦးနဲ့ သူ့ရဲ့ သံယောဇဉ်နွယ်မိသော မေတ္တာရပ်ဝန်းမှ အမျိုးသမီးငယ်လေးတစ်ဦးတို့အကြောင်းကို ဇာတ်အိမ်တည်ကာ ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
ဒီစာအုပ်ထဲက ဇာတ်ကောင်လူငယ်လေးဟာ မမျှော်လင့်ဘဲ အိပ်မက်တွေ ကျပျောက်သွားရတဲ့အခါ၊ ငယ်ဘဝရဲ့ဒဏ်ရာတွေကို ပြန်အထိနာလာရတဲ့အခါ ၊ သူ ရွေးချယ်လိုက်မိတဲ့ အချစ်နဲ့ အမုန်း၊ အရှုံးနဲ့အနိုင် စတဲ့ တသတ်မတ်တည်းမရှိနိုင်တဲ့ လူ့စိတ်အဇ္ဈတ္တရဲ့ အနိမ့်အမြင့်၊ အလင်းအမှောင်တွေကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။
“အသစ်ရောက်ရှိလာတဲ့ နံနက်ခင်းမှာ နှစ်သက်လှစွာသော သီချင်းတစ်ပုဒ် မရှိနေခဲ့ဘူးဆိုရင် ဒါဟာ ဘယ်လို ဝမ်းနည်းဖွယ်ရာများပါလိမ့်”တဲ့ ။ ကျွန်တော်တို့ အားလုံးလည်း အသစ်ရောက်လာတဲ့ မနက်ခင်းတိုင်းမှာ ကိုယ် နှစ်သက်လှစွာသောအရာတွေကို အနားမှာ အစဉ်အမြဲရှိနေစေဖို့ ဆန္ဒပြုမျှော်လင့်မိပါတယ်။
စာမျက်နှာ | 252 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.6 x 8 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2023 မေလ(ပထမအကြိမ်) |
9 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ