ဝခရဲနိုင်းရော်

( 2 မှတ်ချက်)

3500 (ကျပ်)

….

စာမျက်နှာ

228

စာအုပ်အရွယ်အစား

5.2 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2021 စက်တင်ဘာလ (ပ-အကြိမ်)

5 in stock

ဝခရဲနိုင်းရော် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. နီ

    မှာထားပါတယ်ရှင့်

  2. Paradise with You

    စာအုပ်လေးရဲ့နာမည်က”ဝခရဲနိုင်းရော်”တဲ့
    မြန်မာလိုဆိုရင် “မခွဲဘူးနော်”တဲ့
    အမှန်အတိုင်းပြောရရင် ဇာတ်သိမ်းကိုမဖတ်ရဲလောက်အောင် အရမ်းကြောက်ခဲ့ရတယ်….
    “မခွဲသွားဘူးနော်”ဆိုတဲ့စကားလေးအတိုင်းတကယ်ဖြစ်လာပါ့မလားလို့ ရင်တဒိတ်ဒိတ်နဲ့ဖတ်ခဲ့ရတဲ့အထိပဲ……
    ဘဝပေးကံမကောင်းခဲ့လို့ တစ်ခုလပ် အိမ်ထောင်ကွဲ Single mom ဖြစ်ခဲ့ရတဲ့မိန်းမတွေဆိုအပြစ်ပြော၊ဝေဖန်၊ကဲ့ရဲ့ရှုံ့ချချင်တဲ့ ပတ်ဝန်းကျင်ကလူတွေအကြောင်းကို ထိထိမိမိ ဝေဖန်ထားတဲ့အပြင်
    ချစ်သူရည်းစားနှစ်ဦးမှားခဲ့လျှင်တောင်
    တာဝန်ယူစိတ်မရှိတဲ့ကောင်ကို အပြစ်ပြောဖို့နေနေသာသာမိန်းကလေးကပဲအနေအထိုင်
    မတတ်လို့ဆိုတဲ့ မြန်မာအသိုင်းအဝိုင်းကလူတွေအကြောင်းကို မီးမောင်းထိုးပြသွားတာ လုံးဝPerfectပဲ…..
    ဖောက်ပြန်မှအိမ်ထောင်ကွဲတတ်ကြတာမဟုပါဘူး….ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်ရင်လည်း အိမ်ထောင်ကွဲတတ်တယ်ဆိုတဲ့အကြောင်း “နွေရိပ်”နဲ့”ကောင်းမြင့်မြတ်” ဆိုတဲ့ဇာတ်ကောင်ကဖော်ကြူးသွားပြန်ရော…..
    “နွေရိပ်”ဆိုတဲ့ မိန်းကလေးတစ်ယောက် သူ့ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့ အတိတ်ဆိုးတွေ Traumaတွေ စိတ်မလုံခြုံမှုတွေ အိပ်မက်ဆိုးတွေ စိတ်ဒဏ်ရာတွေကြားထဲကနေ အကောင်းဆုံးရုန်းထွက်၊ရင်ဆိုင်နိုင်ခဲ့ပြီး လူမျိုးခြားတစ်ယောက်ဖြစ်တဲ့အပြင် လူသားဆန်တဲ့”နစ်ခ်”လိုလူမျိုး လေးနဲ့ဆုံတွေ့ခဲ့ရတဲ့”နွေရိပ်”အတွက်တော့ လုံးဝကျေနပ်ပီတိဖြစ်မိပါတယ်။
    ဒီစာအုပ်လေးဟာ မိန်းကလေးတွေ အထူးသဖြင့် အိမ်ထောင်သည်တွေ ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်အဖြစ်အကြံပြုချင်ပါတယ်…..
    Ps.ကိုယ်ဟာSingle mom တစ်ဦးဖြစ်တဲ့အပြင်ဂျပန်မှာနေထိုင်နေသူတစ်ဦးမို့ဇာတ်လမ်းထဲက
    နစ်ခ်လိုလူမျိုးနဲ့ ဆုံတွေ့ချင်ပါသေးတယ်😬😬
    “ချစ်ခြင်းမေတ္တာဟာနောက်ကျတတ်တယ်ဆိုရင်တောင် ကိုယ်စောင့်နေချင်ပါတယ် တစ်နေ့နေ့အထိ”
    #ခွန်းညိုသွေး
    #ဝခရဲနိုင်းရော်
    #ParadisewithYou
    20220926

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခွန်းညိုသွေး စာအုပ်များ