လျှို့ဝှက်မြို့ရိုး၏ နောက်ဆုံးအုတ်ချပ်

( 0 မှတ်ချက်)

11000 (ကျပ်)

ဆရာသိုးဆောင်းရဲ့ “လျှို့ဝှက်မြို့ရိုး၏ နောက်ဆုံးအုတ်ချပ်” ဆိုတဲ့ လုံးချင်းဝတ္ထုက စာဖတ်ပရိသတ်တို့ရဲ့ စိတ်ကို လှုပ်ခတ်စေပြီး ရင်ခုန်စရာ၊ ထိတ်လန့်စရာ အတွေ့အကြုံတွေကို တစ်ပြိုင်နက်တည်းပေးစွမ်းမယ့် ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ယခုဇာတ်လမ်းတွင် ဓာတ်ပုံဆရာတစ်ယောက် ပြင်ဦးလွင်ကို အပျော်တမ်းဓာတ်ပုံရိုက်ဖို့ ရောက်ရှိလာရာကနေ စတင်ထားပါတယ်။ မြို့ထဲသွားရင်း စာအုပ်အဟောင်းဆိုင်လေးတစ်ဆိုင်ကို ရောက်သွားတယ်။ “လျှို့ဝှက်မြို့ရိုး” ဆိုတဲ့ စာအုပ်တစ်အုပ်ကို တွေ့လိုက်ရတယ်။ ယူကြည့်လိုက်တော့ စာအုပ်ထဲမှာ ဘာစာမှမပါသလို စာမျက်နှာ ဆယ့်တစ်မျက်နှာပဲပါတယ်။ ဒါပေမဲ့ ဒီစာအုပ်လေးရဲ့ ညို့အားပြင်းတဲ့မျက်နှာဖုံးကြောင့်ပဲ ဝယ်ယူခဲ့တယ်။ ညရောက်လို့ မီးပျက်နေတုန်း ဖယောင်းတိုင်မီးနဲ့ စာအုပ်ဖတ်နေရင်း အိပ်ပျော်သွားခဲ့ရာက ထိတ်လန့်စရာ အိပ်မက်တစ်ခုမက်ခဲ့တယ်။

လန့်နိုးလာတဲ့အခါမှာ “လျှို့ဝှက်မြို့ရိုး” စာအုပ်ထဲက စာရွက်တွေ လှန်နေတာကို သတိထားမိလိုက်တယ်။ ပြီးတော့ အခန်းနံရံမှာ ဖယောင်းတိုင်မီးရောင်ကြောင့် စာကြောင်းသုံးကြောင်း ထင်ထင်ရှားရှား ပေါ်လာတာကို တွေ့လိုက်ရတယ်။ ပထမအုပ်ချပ်နဲ့ အစချီတဲ့ စာကြောင်းသုံးကြောင်းက ဟောကိန်းလိုလိုစာတွေပေါ့။ နောက်တစ်နေ့မနက်မှာ ဒီအဖြစ်အပျက်တွေက အိပ်မက်လား၊ တကယ်လားဆိုပြီး ဇဝေဇဝါဖြစ်နေရင်း အပြင်ထွက်ခဲ့ရာမှာ စာအုပ်ထဲက ဟောကိန်းအတိုင်း ပန်းတွေဝန်းရံနေတဲ့ ရေကန်ကြီးဘေးမှာ မမျှော်လင့်ဘဲ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ပါတော့တယ်။ ဒီဝတ္ထုဟာ သာမန်ဓာတ်ပုံဆရာတစ်ဦး ဘယ်လို ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရပြီး သူ့ရဲ့ဘဝ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမှာဖြစ်ပါတယ်။

 “လျှို့ဝှက်မြို့ရိုး” ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ၊ အချစ်ရဲ့လှပမှုတွေနဲ့ မမျှော်လင့်ဘဲ ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်ဆန်းတွေက စာမျက်နှာတိုင်းမှာ ဆွဲခေါ်သွားမှာဖြစ်ပါတယ်။

စာမျက်နှာ

244 (Burma Paper)

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အောင်မြင်စာပေ၊ 2025 ဩဂုတ်လ(ဒုတိယအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

23.5.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 11000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လျှို့ဝှက်မြို့ရိုး၏ နောက်ဆုံးအုတ်ချပ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သိုးဆောင်း စာအုပ်များ