ကိုယ့်ဘဝ…ကိုယ့်စိတ်ကြိုက်…
6000 (ကျပ်)
တစ်စစီကြေမွသွားတဲ့ စိတ်ခံစားချက် အပိုင်းအစတွေကို တစ်စစီ ပြန်ကောက်ဆက်ရတာ လွယ်တော့ မလွယ်ဘူးပေါ့။ ဒါပေမဲ့ ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာပဲ.. လို့ ယုံကြည်
လက်ခံ ရမှာပါ။
ငိုခဲ့ဖူးတယ်ဆိုရင် ငိုခဲ့ရတဲ့မျက်နှာပေါ်မှာ အပြုံးတွေ ပြန်ရောက်ဖို့ ဆိုတာကလည်း အားယူရတာပေါ့။ အထိ အခိုက်တွေ များခဲ့သလောက် အရာရာအတွက် ပြန်ပြီး သတ္တိမွေးခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။
စိတ်ဟာ နေအိမ်နဲ့ တူပါတယ်။ လူတစ်ယောက်အတွက် အိမ်ဟာ သက်သောင့်သက်သာ အရှိဆုံး နေရာ ဖြစ်တာ ကို မေ့လျော့လို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကုစားဖို့ လိုနေတဲ့အချိန်တွေမှာ ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာပဲ ဆိုတာကို ဒီစာအုပ်က သတိပေးပါလိမ့်မယ်..ကိုယ့်ဘဝ ကိုယ့် စိတ်ကြိုက်ပဲ စီမံဖို့ပါ။
| စာမျက်နှာ | 89 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4. x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2025 ဇန်နဝါရီလ (ပထမအကြိမ်) |
Out of stock





Aeri Myat –
ဆရာမ စူးရှမေရဲ့ ကိုယ့်ဘဝ ကိုယ့်စိတ်ကြိုက်ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။
ကိုယ်ပိုင်ဘဝမှာ ကိုယ့်စိတ်အတိုင်း နေ နေရတဲ့သူဖြစ်နေရင်တော့ မိတ်ဆွေဟာ ကံကောင်းတဲ့သူတစ်ယောက်ပေါ့။
ကိုယ့်ဘဝ ကိုယ့်စိတ်မပိုင်နိုင်သေးတဲ့ မိတ်ဆွေတွေအတွက်တော့ ဒီစာအုပ်လေးက လမ်းကလေးတစ်ခု
သဖွယ် လမ်းပြပေးပါလိမ့်မယ်။
ကျွန်မ ကိုယ်တိုင်လည်း ကိုယ့်စိတ်ကိုယ်မပိုင်တဲ့
သူမျိုးပါပဲ။ဒီစာအုပ်လေးကနေတဆင့် ကိုယ့်ကိုယ်ကိုယ် အများကြီး ပြန်မြင်ရတယ်။ဆင်ခြင် သုံးသပ်မိပါတယ်။
“စိတ်ပျော်ရာ အရပ်မှာ နေထိုင်ပါ။
ကိုယ့်ရဲ့ စိတ်ကို ပျော်ရွှင်မှုပေးစေနိုင်တဲ့
အရာလေးတွေအတွက် အချိန်ပေးပါ။
ဘဝကြီးက ဘယ်လောက်ပဲ ခက်ခဲခက်ခဲ
အနည်းဆုံးတော့ ငါတို့ရဲ့ စိတ်ကလေးတွေ
ကြည်လင်နေဖို့ လိုအပ်တယ်။” 🤍
” ဘဝဆိုတာ အမြဲ ပျော်စရာကောင်းမနေသလို
အမြဲတော့လည်း ဝမ်းနည်းစရာ မကောင်းနေပါဘူး။
တကယ်တော့ ဘဝဆိုတာ ဟန်ချက်ညီခြင်းပဲ။
ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းတွေအကြားမှာ ဟန်ချက်ညီညီ နေထိုင် ရှင်သန်တတ်ခြင်းပါပဲ။”🤍
ဆရာမ စာအုပ်တွေဖတ်တိုင်း ကိုယ့်စိတ်ကိုယ် Self Reflectလုပ်ဖြစ်လို့ သဘောကျရတယ်။အခုလည်း
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ သင်ယူလိုက်ရပြန်တယ်။
ကိုယ့်ဘဝ ကိုယ့်စိတ်ကြိုက်ဖြစ်ဖို့ ကြိုးစားနေထိုင်ရပါဦးမယ်🤍
စိတ်အတွက် အာဟာရပြည့်ဝစေမယ့် စာလေးတွေ
ရေးသားမျှဝေပေးတဲ့အတွက် ဆရာမစူးရှမေကို ကျေးဇူးအများကြီးတင်ပါတယ်🥰🤍