ကုစားခြင်းနှင့်ရှေ့ဆက်ခြင်း
9000 (ကျပ်)
ဒဏ်ရာတိုင်းဟာသင်ခန်းစာပါပဲ။ နာကျင်မှုတိုင်းဟာ ကျွန်မတို့ဘ၀ကို ဆက်လက်ကြီးပြင်းစေဖို့ သင်ခန်းစာတွေပါ ။ လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့်နဲ့ စိတ်ဒဏ်ရာတွေရကြတယ်။ စိတ်ဒဏ်ရာတွေရတာဟာ ကိုယ်ရဲ့အပြစ်မဟုတ်ပေမဲ့ စိတ်ဒဏ်ရာတွေကိုကုစားဖို့ကတော့ မိမိရဲ့တာဝန်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဘ၀မှာ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ သူတစ်ပါးကြောင့်ပဲဖြစ်ဖြစ် ရလာခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ကုစားပြီး ရှေ့ဆက်စရာ ရှိတာကို ရှေ့ဆက်နိုင်တာသည် အင်မတန်မှ သန်မာတဲ့ ရွေးချယ်မှုမျိုးဖြစ်ပါတယ်။
“ကုစားခြင်းနှင့်ရှေ့ဆက်ခြင်း” စာအုပ်တွင် ဆရာစူးရှမေကိုယ်တိုင် စိတ်ဒဏ်ရာတွေကို ကုစားနေရင်း ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စိတ်ဒဏ်ရာတွေအကြား မိမိကိုယ်မိမိ ပျောက်ဆုံး ဆုံးရှုံးခဲ့မှုတွေ၊ ကုစားခြင်းတွေ၊ ရှေ့ဆက်ခြင်းနဲ့ပတ်သက်လို့ ဆရာမရဲ့ ခံယူချက်၊ အတွေး၊ အမြင်လေးတွေကို ပေါ့ပေါ့ပါးပါး ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။
| စာမျက်နှာ | 116 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ပန်နိုရာစာပေ၊ 2025 စက်တင်ဘာလ၊ (ပထမအကြိမ်) |
8 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ