စိတ်လုံခြုံမှုရပ်ဝန်းငယ်

( 0 မှတ်ချက်)

5500 (ကျပ်)

“မိမိကိုယ်ကိုချစ်မြတ်နိုးပြီး ကိုယ်ပိုင်စိတ်လုံခြုံမှုရပ်ဝန်း​လေးတစ်ခု တည်​ဆောက်လိုသူတိုင်းအတွက် မဖြစ်မ​နေဖတ်သင့်တဲ့စာအုပ်​ကောင်း​လေးတစ်အုပ် ”

ဒီစာအုပ်​လေးဖတ်ပြီးရင်​တော့ မိမိကိုယ်ကို ချစ်မြတ်နိုးမှု (self-love) ရနိုင်သလို၊ တခြားလူ​တွေအ​ပေါ်မှာ ခွင့်လွှတ်စိတ်နဲ့ ပူပင်​သောက​တွေကို လွှတ်ချလာနိုင်ပါလိမ့်မယ်။ ဘဝကို ဘယ်လို​ပျော်ရွှင်ချမ်း​မြေ့​အောင်​နေရမလဲ၊ မိမိရဲ့ စိတ်​နေသ​ဘောထား​တွေကို ဘယ်လိုပြုပြင် ​ပြောင်းလဲ ​နေထိုင်ရမလဲဆိုတဲ့ အချက်​တွေလဲ ​ဖော်ပြထားလို့ စာဖတ်သူ​တွေအတွက် တကယ့်ကို ‘စိတ်လုံခြုံမှုရပ်ဝန်း​လေး’ ဖန်တီး​ပေးပါလိမ့်မယ်။လူငယ်တစ်ဦးအ​နေနဲ့ ကိုယ်တိုင်ကြုံ​တွေ့ ခံစားရတာ​လေး​တွေနဲ့ နှိုင်းယှဥ်​ရေးသားပြတဲ့အတွက် လူငယ်ထုအတွက်လဲ အတုယူကာ၊ မိမိစိတ်ကို ပြုပြင်​ပြောင်းလဲနိုင်ဖို့အတွက် စိတ်ခွန်အား​တွေ​ပေးတဲ့ စာစု​လေး​တွေအဖြစ် မြင်​တွေ့ရပါတယ်။

စာ​ရေးဆရာဆိုတာ စာဖတ်သူအ​ပေါ်မှာ ရိုးသားဖြူစင်မှုရှိရပါမယ်။ ဒီအချက်နဲ့လဲ စာ​ရေးသူက ပြည့်စုံ​နေပါတယ်။ စာ​ရေးသူကိုယ်တိုင် လူငယ်သဘာဝအရ စိတ်ခံစားမှုပြသနာ​လေး​တွေ ကြုံ​တွေ့ရ​​ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ​ဆွေး​နွေးအကြံ​ပေးမှု Professional Counseling ခံယူခဲ့​ကြောင်း၊ မိမိကိုယ်ကို စိတ်သန့်ရှင်း​ရေးလုပ်ပြီး ပြန်လည်​ပျော်ရွှင်​အောင် ပြုပြင်​နေထိုင်ခဲ့​ကြောင်း စတဲ့အချက်​လေး​တွေကပဲ ရိုးသားဖြူစင်မှုကို ​ဖော်ပြ​နေပါတယ်။ပြီး​တော့ ‘စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူတယ်ဆိုတာ ရှက်စရာမဟုတ်​ကြောင်း’ လဲ ပညာ​ပေး​ရေးသားထားပါတယ်။ Peer Counselor ပမာ ဘဝတူလူငယ်​တွေအတွက် ဘဝကို ပျော်ရွှင်​အေးချမ်းစွာ ဘယ်လိုဖြတ်သန်းရမယ်၊ စိတ်ဖိစီးမှုကြုံရင် ဘယ်လိုနည်းလမ်း​တွေနဲ့ ​​လျှော့ချရမယ်ဆိုတာ​​လေး​တွေပါ ​ရေးသားထားတဲ့အတွက် တန်ဖိုးရှိတဲ့စာအုပ်​ကောင်းတစ်အုပ်လို့ ညွှန်းဆိုချင်ပါတယ်။

ဒီစာအုပ်​လေးမှာပါဝင်တဲ့ စာစု​လေး​တွေက​တော့ အားလုံး​ကောင်းတဲ့အတွက် စာဖတ်သူအ​နေနဲ့ ကိုယ်တိုင်ဖတ်ရှုခံစားကြည့်ပါလို့ အကြံပြုချင်ပါတယ်။ စာအုပ်ရဲ့​နောက်ဆုံးအပိုင်း’သင့်ရဲ့အိမ်က​လေး’ အထိ အပြီးဖတ်ပြီးသွားရင်​တော့ စာဖတ်သူဟာ စိတ်လုံခြုံမှုရပ်ဝန်းငယ်အဖြစ် သင့်ရဲ့ကိုယ်ပိုင်အိမ်​လေးတစ်လုံး တည်​ဆောက်ပိုင်ဆိုင်သွားမှာပါ လို့​ပြောပါရ​စေ။

ဆရာမ​ဒေါ်မြမြ​​ဆွေ(စိတ်ပညာ)၏ အမှာစာမှ ကောက်နှုတ်ဖော်ပြချက်

 

စာမျက်နှာ

184

စာအုပ်အရွယ်အစား

5.4 x 0.4 x 8.3 inches

ပုံနှိပ်မှတ်တမ်း

Country Roadစာပေ 2022 ဇူလိုင်လ (ပထမအကြိမ်)

28 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စိတ်လုံခြုံမှုရပ်ဝန်းငယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

စူးရှမေ စာအုပ်များ