ခွင့်လွှတ်ခြင်းဖြင့်လွတ်မြောက်ခြင်း

( 1 မှတ်ချက်)

6000 (ကျပ်)

ဒီစာအုပ်ကလေးဟာ ခွင့်လွှတ်ခြင်း ၊ လက်လွှတ်ခြင်းနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြထားတဲ့ စာအုပ်လေးပါ .. ဘယ်သူတွေအတွက် သင့်တော်လဲ ၊ ဘယ်သူတွေဖတ်သင့်သလဲ ဆိုတော့ ခွင့်လွှတ်ခြင်း ခရီးစဉ်ကို လျှောက်လှမ်းမဲ့ သူတိုင်း ဖတ်သင့်ပါတယ် ..

အထူးသဖြင့် ချစ်သူချင်း လမ်းခွဲထားတဲ့သူတွေ ၊ ဇနီးမောင်နှံ ကွာရှင်းပြတ်စဲထားသူတွေ ၊ ချစ်ခင်မြတ်နိုးရသူ ဆုံးပါးသွားမှုတွေကြောင့် ပူဆွေးသောက (Grief) ရနေသူတွေ ၊ ရှေ့ဆက်လျှောက်လှမ်းရမဲ့ ဘ၀ခရီးမှာ ပျော်ရွှင်မှု ငြိမ်းအေးချမ်းသာမှု ရရှိလိုသူတွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ် ..

ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အခါ နာကြည်းမုန်းတီးမှုတွေကို ခွင့်လွှတ်ဖြေဖျောက်ရင်း ၊ စိတ်ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားရင်းနဲ့ ဘ၀ရဲ့ ပျော်ရွှင် ငြိမ်းချမ်းမှုကို ရယူနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

144

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဩဂုတ်လ (တတိယအကြိမ်)

36 in stock

ခွင့်လွှတ်ခြင်းဖြင့်လွတ်မြောက်ခြင်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ဆရာမစူးရှမေရဲ့ ဒီစာအုပ်လေး
    စမဖတ်ခင် စာအုပ်အဖုံးပေါ်က ပန်းခင်းဝါဝါလေးကိုကြည့်ရင်းနဲ့တင် စိတ်တွေ
    အေးချမ်းရတယ်။

    လွတ်မြောက်ခြင်း ခရီးစဥ်ကိုရောက်သွားတဲ့ မိန်းကလေးတစ်ယောက်….

    သဘာဝတရားကြီးရဲ့ ချစ်ခြင်းမေတ္တာကို ခံစားနေတဲ့ မိန်းကလေး တစ်ယောက်ရယ်လို့ သွားတွေးမိတယ်။ 💛

    ဒီစာအုပ်လေးဖတ်နေရင်း တွေးမိတယ်။
    ကိုယ့်အပေါ်မကောင်းတဲ့သူတွေအပေါ်
    ခွင့်မလွှတ်ဘဲ ရှေ့ဆက်နေခဲ့မိတာမို့
    နှစ်တွေအကြာကြီး စိတ်တွေပင်ပန်းနေခဲ့ရတာကိုပေါ့။

    ကျွန်မအတွက်တော့ အတိတ်မှာကြုံတွေ့ခဲ့ဖူးတဲ့ ဘဝထဲကနေ ထားခဲ့ချင်တဲ့သူတွေ ရှိနေတာမို့ ဒီစာအုပ်လေးက လမ်းပြပေးနေသလိုပါပဲ။

    ဖတ်နေရင်း… ကိုယ်တစ်ယောက်တည်း ဒီလိုခံစားနေရတာမဟုတ်ဖူးဆိုတဲ့
    အသိလေးကိုက စိတ်သက်သာရာ
    ရစေပါတယ်။

    ဘဝထဲက မကောင်းတဲ့ အဖြစ်အပျက်၊
    မကောင်းတဲ့သူတွေနဲ့တွေ့ခဲ့ရတာကို
    ဇွတ်အတင်း မေ့ပစ်ဖို့ ကြိုးစားနေမိတာကိုက တကယ်ခွင့်မလွှတ်နိုင်သေးလို့ ဆိုတာကို သိလိုက်ရတယ်။

    ဒီအရာတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ရမယ်ဆိုတဲ့ အသိလေးရသွားစေတယ်။
    ဆိုးရွားတဲ့ အဖြစ်အပျက်တွေကိုလည်း ဘဝအတွက် သင်ခန်းစာရစေလို့ ကျေးဇူးတင်ပါတယ်။

    “မတောင်းပန်လည်း
    ခွင့်လွှတ်ရပါတယ်တဲ့။” ဒါဟာ…
    တကယ်တော့ မလွယ်တဲ့အရာတစ်ခုပါ။
    ဒါပေမဲ့ တကယ်တမ်း ခွင့်လွှတ်သွားနိုင်ရင်တော့ တော်တော်လေး ပူလောင်တာတွေလျော့ကျသွားမှာလို့ထင်တယ်။
    ကြိုးစားကြည့်ရမဲ့ အပိုင်းလေးပါပဲ။

    စိတ်နှလုံး အေးချမ်းစွာ အိပ်စက်နိုင်ဖို့ကတော့ ညဘက်ဆိုအတွေးတွေကို တတ်နိုင်သလောက် လျှော့ချနိုင်ဖို့ ကြိုးစားဖြစ်ပါတယ်။ ဒါမှသာ မနက်ဖြန်ပေါင်းများစွာကို ရင်ဆိုင်နိုင်ဖို့ စိတ်ခွန်အားလေး ရလာမယ်ထင်ပါတယ်။

    အကျဥ်းချုပ် ပြောရရင်တော့
    ဒီစာအုပ်လေးဟာ စိတ်အေးချမ်းဖို့ရာ
    လမ်းစလေးတစ်ခုလိုပါပဲ။ လမ်းဆုံးထိ
    ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်ဖို့ကတော့ ကိုယ်တိုင်မှာသာ တာဝန်ရှိတာမို့
    ခွင့်လွှတ်နိုင်ဖို့ ကြိုးစားကြည့်စေချင်ပါတယ်။ Relationship တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ခံစားချက်တွေအပေါ် ဘယ်လို
    Handleလုပ်ရမယ်ဆိုတဲ့ အတွေးအမြင်လေးတွေလည်း ရနိုင်သလို ပူဆွေးသောကရောက်နေတဲ့ အခြေအနေတွေကနေ move on လုပ်နိုင်ဖို့ရာလည်း
    ကူညီပေးနိုင်မဲ့ စာအုပ်ကလေးပါ။
    စာအုပ်ကောင်းလေးအတွက်
    ဆရာမ Hsu Wai Wai Aung (စူးရှမေ)ကိုလည်း ကျေးဇူးတင်ပါတယ် 💛

    #စူးရှမေ
    #ခွင့်လွှတ်ခြင်းဖြင့်လွတ်မြောက်ခြင်း
    #စာရိပ်မြိုင်စာပေ
    #bookno91

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စူးရှမေ စာအုပ်များ