Homesick – အိမ်လွမ်းနာ
6500 (ကျပ်)
တာဝန်တွေလွှတ်ချထားခွင့်ရှိတဲ့ နေရာ
အပြစ်တွေတင်မဲ့သူတွေ မရှိတဲ့နေရာ
သန်မာစရာမလိုပဲ တကယ်ပျော်ခွင့်ရတဲ့နေရာ….
ကိုယ်ပိုင်တဲ့ ကိုယ့်နေရာ
အမြဲကြိုဆိုနေမဲ့ ကိုယ့်အိမ်ကလေးဟာ
ဒီမိုးကုတ်စက်ဝိုင်းရဲ့ အစွန်းတစ်ဖက်မှာ
ဒီမိုင်တိုင်တွေရဲ့ အဆုံးသတ်မှာ
သေချာပေါက်ရှိနေတယ်။‘အိမ်ကိုလွမ်းနေတဲ့ လူငယ်…
တစ်နေ့တော့ အိမ်ပြန်ရောက်ချင်တယ်”
လူငယ်တွေ အရွယ်ရောက်လာတဲ့အခါ မိသားစုကို ခွဲခွာပြီး အဝေးမှာကြိုးစားရှင်သန်ကြရလေ့ ရှိတဲ့ ခေတ်..။ ကျန်ရစ်ခဲ့တဲ့ မြို့ကလေး .. အိမ်ကလေးကို လွမ်းတဲ့အခါ ဖျားနာနေတဲ့စိတ်နဲ့ အားအင် ဖျော့တော့နေတတ်တဲ့ ခေတ်..။ ဒီလို အိမ်လွမ်းနာကျသူတွေအတွက် ဖေးကူမမယ့်လက်တွေ လိုအပ်လှ တယ်။ လမ်းခုလတ်ချင်းတူတဲ့အခါ THAR HTWE ရဲ့ HOMESICK မှာ တိုက်ဆိုင်သူတွေ များကြပါ လိမ့်မယ်။
သူဟာ သူ့ရဲ့ အမှာစကားစုတွေလိုပဲ ရင့်ကျက်ပါတယ်။ မိသားစု ဆွေမျိုးတွေရဲ့အဝေးမှာ နေ ထိုင်ရ တဲ့အခါ ရောက်တဲ့နေရာမှာ အိမ်ဆောက်ဖို့ လိုတယ်….. လို့ သူက မှာတယ်။ တစ်နေ့မှ ဆိုတဲ့စကားဟာ မသေချာတဲ့ စိတ်ကူးဖြစ်လို့ နေ့ရက်တိုင်း မိဘတွေကို ဦးစားပေးပြီး စောင့်ရှောက် ရမယ်…. လို့ ပြောင်းတွေးဖို့ သူက မှာတယ်။ အိမ်ဆိုတာဟာ အဆောက်အအုံတစ်ခု မဟုတ်ဘဲ နှလုံး သားတစ်စုံ နွေးထွေးမှု ရှိနေတာကို ဆိုလိုတယ် ….. လို့ သူက ယူဆတယ်။
ကဲ တိုက်ဆိုင်တယ်မဟုတ်လား … ဒါကြောင့် စကားကို စာအုပ်ကနေတစ်ဆင့်ပြောပါ။
| စာမျက်နှာ | 96(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5. x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2025 ဇွန်လ (ပထမအကြိမ်) |
4 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ