ဘဝ၏ပျော်ရွှင်ခြင်း၊အချစ်၏လှပခြင်း

( 2 မှတ်ချက်)

5000 (ကျပ်)

ဒီစာအုပ်လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ခေါင်းစဉ်လေးအတိုင်းပါပဲ။ဘဝမှာ ပျော်ရွှင်ဖို့ ၊ အချစ်ရေးမှာ လှပနိုင်ဖို့ပါ။ လူသားတိုင်းဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုရှိတယ်။ဒါဟာ ပျော်ရွှင်ချင်တာပဲ။ပျော်ရွှင်တဲ့ မိသားစုလေး ရချင်တယ်၊ကိုယ်ပျော်တဲ့ အလုပ်ကို လုပ်ချင်တယ်၊ပျော်ရွှင်စွာ ပညာသင်ခွင့်ရချင်တယ်၊အချစ်ရေးမှာ ပျော်ချင်တယ်။ပျော်ရွှင်ခြင်းဟာ လူတိုင်းနဲ့ တည့်တဲ့အရာပဲလေ။တကယ်တော့ ပျော်ရွှင်ခြင်းဟာ ကိုယ်တိုင်ဖန်တီးယူရမယ့် အရာပါ။လိုက်ရှာရမှာ မဟုတ်သလို၊သူများဆီကလည်း မျှော်လင့်နေလို့မရပါဘူး။ဒီစာအုပ်လေးမှာ ကိုယ့်ပျော်ရွှင်မှုကို ဘယ်လိုဖန်တီးယူမလဲ ဆိုတာကို လမ်းညွှန်ထားပါတယ်။လူတိုင်းဟာ ချစ်တတ်ပါတယ်။အချစ်ဟာ သိပ်ကို နူးညံ့သိမ်မွေ့ပြီး လှပလွန်းတဲ့ အရာလေးပါ။အချစ်ဟာ လှပသလောက် တစ်ချို့ လူတွေရဲ့ လက်ထဲရောက်တဲ့အခါ ဒဏ်ရာတွေကိုလည်း ဖန်တီးတတ်ပါတယ်။ဒါကြောင့် အချစ်မှာ ပျော်ရွှင်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ၊ Toxic Relationship ထဲကနေ ဘယ်လို ရုန်းထွက်မလဲ၊ ချစ်ခြင်းမေတ္တာမှာ ဘယ်အရာတွေ လိုအပ်လဲဆိုတာကို ဒီစာအုပ်လေးက ပြောပြပေးမှာပါ ။ ဒီစာအုပ်လေးမှာ motivation တွေ၊mindfulness တွေ ပါဝင်တာကြောင့် စိတ်အားငယ်တဲ့အခါ၊ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေတဲ့အခါ၊Depression တွေဝင်နေတဲ့အခါမျိုးတွေမှာ ဖတ်သင့်ပါတယ်။မိမိကိုယ်ကိုချစ်တတ်ဖို့ ၊ ဂရုစိုက်တတ်ဖို့အတွက် Self Care အကြောင်းတွေလည်း ပါဝင်ပါတယ်။Relationship တစ်ခုကို လှပစွာတည်ဆောက်လိုသူတွေအတွက် ချစ်ခြင်းမေတ္တာအကြောင်းအရာလေးတွေလည်းပါဝင်ပါတယ်။ဒါကြောင့် စာအုပ်တစ်အုပ်တည်းမှာတင် ရသများစွာရရှိမှာပဲ ဖြစ်ပါတယ်။စာအုပ်လေးမှာ အပိုင်းကြီး ( ၂ ) ပိုင်း ပါဝင်ပြီး ခေါင်းစဉ်ခွဲ စုစုပေါင်း ၄၅ ပုဒ်ပါဝင်ပါတယ်။

စာမျက်နှာ

143

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2023 အောက်တိုဘာလ (ဒုတိယအကြိမ်)

7 in stock

ဘဝ၏ပျော်ရွှင်ခြင်း၊အချစ်၏လှပခြင်း အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Hnin Nwe Yee

    ဆရာသားထွေးရဲ့ ကျေနပ်စွာနေထိုင်ခြင်း
    စာအုပ်လေးနဲ့ ဘ၀၏ပျော်ရွှင်ခြင်းအချစ်၏လှပခြင်းစာအုပ်နှစ်အုပ်လုံး
    လက်တွေ့ ဘ၀အတွက် ကျင့်သုံးနေသလို
    စိတ်ချမ်းသာရပါတယ်

  2. Mon Halsey (verified owner)

    ဒီနေ့ Market Place ကိုရောက်တော့ သားထွေးရဲ့ ဘဝ၏ပျော်ရွှင်ခြင်း အချစ်၏လှပခြင်း စာအုပ်ကလေးက နံပါတ် 1 နေရာကိုရောက်ရှိနေတာကို တွေ့လိုက်ရပါတယ်။

    ကျွန်မအတော်သဘောကျနေတဲ့စာအုပ်ကလေး နံပါတ်တစ်
    နေရာကိုရောက်တာတွေ့ရတော့ အတော်ပဲဝမ်းသာသွားပါတယ်။

    ကျွန်မနဲ့စာရေးသူဟာ အပြင်မှာလည်းလူချင်းမသိသလို Facebook ပေါ်မှာလည်း လုံးဝ မသိဖူး ..မတွေ့ဖူးတဲ့သူတွေဖြစ်ပါတယ်..

    ကျွန်မကိုယ်တိုင် ဒီစာအုပ်ကလေးကို သင်္ကြန် မတိုင်ခင်ကပဲဝယ်ယူခဲ့ပြီးဖတ်ဖြစ်နေခဲ့ပါတယ်..စာအမျိုးအစားအရ တစ်ထိုင်တည်းနဲ့အပြီးဖတ်ရမယ့် စာအုပ်မျိုးမဟုတ်ဘဲနဲ့ တစ်ခုခုကိုစောင့်နေရတဲ့အချိန်မှာ တစ်ပုဒ်နှစ်ပုဒ်လောက် ထုတ်ဖတ်လိုက်တာမျိုးပါပဲ။ မအိပ်ခင်လေး တစ်ပုဒ်လောက်ဖတ်လိုက်တယ်။

    စာလေးတွေကသိပ်အရှည်ကြီးမဟုတ်ဘူး။ ဒါပေမဲ့ အတော့်ကိုကောင်းတဲ့ အတွေးအခေါ် လေးတွေပါလို့ သဘောကျစရာပါပဲ။
    စာလေးတွေဖတ်ပြီး စဥ်းစားနေမိတာ အများကြီးပါပဲ။

    ကိုယ့်ခွင့်ပြုချက်မပါဘဲဘယ်သူကမှကိုယ့်ကိုနာကျင်အောင်လုပ်လို့မရပါဘူး ..။

    လူတိုင်းကကောင်းတာတွေချည်းတွေးထားတယ် ။ဆိုးတာတွေအတွက်ပြင်ဆင်မထားဘူး..။

    ဘဝဟာအကန့်တွေခွဲထားမှပျော်ရလိမ့်မယ်။

    အခု ကိုယ့်အပေါ်မကောင်းတဲ့သူ..ကိုယ်မကြိုက်တဲ့သူတွေဟာလည်း နှစ်အနည်းငယ်အကြာမှာ ကိုယ်နဲ့ လုံးဝမသက်ဆိုင်တဲ့သူ.. အရေးမပါတဲ့သူတွေဖြစ်သွားပါလိမ့်မယ်..တဲ့။

    ကျွန်မ မှတ်ထားမိတဲ့ စာကြောင်းလေးတွေပါ။
    စိတ်ထဲမှာ Stress လေး တစ်ခုရှိနေတဲ့အချိန် စာလေးတစ်ပုဒ်လောက်ကိုဖတ်လိုက်တာ ပေါ့ပေါ့ပေါးပါးလေးပြန်ဖြစ်သွားတယ်။

    ဒါကြောင့်စာအုပ်ရဲ့ပထမပိုင်းမှာဘဝရဲ့ပျော်ရွှင်ခြင်းဆိုပြီး အပိုင်းခွဲထားတာဖြစ်ပါလိမ့်မယ် ။

    နောက်တစ်ပိုင်းကတော့ အချစ်၏လှပခြင်းဖြစ်ပါတယ်။ အဲဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေပါတယ်။

    သမီးရည်းစားတွေဖုန်းကြာကြာမပြောသင့်ဘူး။ ဖုန်းပြောချိန်ကိုလျော့သင့်တယ်.. ဆိုတာမျိုးလေးတွေ့ရတယ်။

    ကျွန်မ Relationship တွေအကြောင်း အများကြီးရေးခဲ့ဖူးပေမယ့်..ဒီအချက်ကို တစ်ခါမှတောင်မတွေးခဲ့.. မမြင်ခဲ့မိပါဘူး။ သူရေးထားတာဖတ်ရတော့မှပဲ ..ဟုတ်လိုက်တာ …ဖုန်းကြာကြာပြောလေ စကားတွေများလေ.. ပြဿနာတက်လေပါပဲ.. လို့တွေးရင်းပြုံးမိပါတယ်.. ။

    ဒီလိုအချိန်မှာ အေးအေးဆေးဆေးလေးဖတ်ဖို့ စာအုပ်ကလေး တစ်အုပ်ကို ညွှန်းပါဆို ကျွန်မ ဒီစာအုပ်ကလေးကို ညွှန်းပေးချင်ပါတယ်။

    Congratulations ပါကိုသားထွေးရေ။
    နောက်ထပ်လည်း ဒီလို လှပတဲ့စာလေးတွေဖတ်ရဦးမယ်လို့ယုံကြည်မျော်လင့်နေပါတယ်။

    #Tharhtwe
    #ဘဝ၏ပျော်ရွှင်ခြင်းအချစ်၏လှပခြင်း
    #bookreview
    #bookiveread

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

Thar Htwe စာအုပ်များ