Positive Vibes

( 3 မှတ်ချက်)

5500 (ကျပ်)

အ​ကောင်းမြင်စိတ်နဲ့ ​
ကောင်းမွန်သော
အပြုအမူ​တွေဟာ
​ပျော်ရွှင်​အေးချမ်းသော
ဘ၀တစ်ခုဆီသို့
သင့်ကို
ခေါ်​ဆောင်သွားပါလိမ့်မယ် …

​​ပျော်ရွှင်​နေတဲ့သူ​တွေဟာ ဘဝမှာ အခက်အခဲ​တွေ မကြုံ​တွေ့ရတဲ့သူ​တွေမဟုတ်ပါဘူး။
သူတို့ကြုံလာတဲ့အရာ​တွေကို အ​​ကောင်းမြင်စိတ်​​လေးနဲ့ကြည့်ပြီး ဘဝကို ဖြတ်သန်း​နေကြသူပါ။ ဒါ​ကြောင့် သင်ဟာ ​အေးချမ်း​ပျော်ရွှင်ချင်တယ်ဆိုရင် သင့်ရဲ့စိတ်​နေ​စိတ်ထား​လေးကိုသာ ​ပြောင်းကြည့်ပါ။ အရာအားလုံး ​ပြောင်းလဲလာပါလိမ့်မယ်။

ဒီစာအုပ်​လေးထဲမှာ ဘဝ​အခက်အခဲ​တွေကို ဖြတ်သန်းတဲ့အခါ ထားသင့်တဲ့ စိတ်​နေစိတ်ထား​တွေ ၊ အပြုအမူ​တွေနဲ့ … ကိုယ့်​ဘေးမှာ အ​​ကောင်းမြင်စိတ်နည်းပါးသူ​တွေနဲ့ကြုံ​တွေတဲ့အခါ လုပ်​ဆောင်သင့်တဲ့ အရာ​လေး​တွေကိုပါ ​ဖော်ပြ​ပေးထားတယ်။

စာမျက်နှာ

176

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2023 စက်တင်ဘာလ(တတိယအကြိမ်)

စာအုပ်အရွယ်အစား

4.9 x 0.3 x 7.2 inches

⛔️ BOOK JECKET SERVICE

*စာအုပ်တွင် ဖောင်းကြွ Spot Laminate ပါဝင်ခြင်းကြောင့် စာအုပ်နှင့်မလိုက်ဖက်ပါသဖြင့်* ပန်းဆက်လမ်း၏ အခမဲ့လက်ဆောင် ဝန်ဆောင်မှုဖြစ်သော Book Jacket (စာအုပ်မိုးကာ) ကို ယခု စာအုပ်အတွက် ချန်လှပ်ပါသည်။

37 in stock

Positive Vibes အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. MyaHmue

    စာအုပ်ကဖတ်လို့အရမ်းကောင်းတယ်

  2. Thiha Zaw

    အရမ်းကောင်းတဲ့ စာအုပ်လေးပါ…

  3. Aeri Myat (verified owner)

    Positive Vibes…💛

    မမအားမီဆီကနေ လက်ဆောင်ရလို့ ဖတ်ဖြစ်ခဲ့တဲ့စာအုပ်လေးပါ။ဒီစာအုပ်လေးက
    အထွေအထူး ညွှန်းစရာရယ်တော့ မလိုပါဘူး။တော်တော်များများ ဖတ်ဖူးကြမယ်ထင်ပါတယ်။ကျွန်မကတော့ ဆရာ Thar Htwe Pageကနေတဆင့် ဆရာတင်တဲ့ စာလေးတွေ ဖတ်ဖြစ်ခဲ့တာ ကြာပါပြီ။
    စာအုပ်အနေနဲ့တော့ ဒီစာအုပ်လေးက
    ပထမဆုံးဖတ်ဖူးတာပါ။ဆရာ့အရေးအသားတွေက လူငယ်ပီပီ ရိုးရှင်းတယ်။
    ကျွန်မ စိတ်အခြေအနေနဲ့ဆိုရင်လည်း
    ဆက်စပ်တွေးလို့ရတဲ့ အခြေအနေမျိုးမို့
    စာအုပ်လေးဖတ်ရတာ ပိုအသက်ဝင်နေတယ်လို့ ခံစားရပါတယ်။

    စာအုပ်လေးအကြောင်း အနည်းငယ်
    ပြောရရင်…ကျွန်မတို့ နေ့စဥ်ဘဝမှာ
    ထားရမဲ့ စိတ်နေစိတ်ထား၊အလေ့အကျင့်ကောင်း၊အပြုအမူကောင်းတွေကို
    ပြောင်းလဲတိုးတက်စေနိုင်မယ့် အကြောင်းအရာလေးတွေကို ရေးသားထားတာ တွေ့ရပါတယ်။

    ပြဿနာတွေမရှိအောင်နေဖို့ထက် နေ့စဥ်ဘဝမှာ ပြဿနာတွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းပြီး နေထိုင်နိုင်ဖို့လိုအပ်ပါတယ်။
    ဒီအကြောင်းအရာအတွက် ပြောပြပေးထားတဲ့ ငါးလှောင်ကန်နဲ့ ငါးမန်းပေါက်”
    ဥပမာလေးကို သဘောကျမိပါတယ်♡

    သူတစ်ပါးရဲ့ အတွေးအမြင် အယူအဆတွေပေါ်မှာ အခြေမခံဘဲ မိမိစိတ်အတိုင်း
    သူတစ်ပါးမထိခိုက်စေဘဲ နေထိုင်သွားဖို့ရာလည်း စိတ်ခွန်အားရစေပါတယ်။

    ကျွန်မ မကြာခဏ ခံစားရလေ့ရှိတဲ့
    Automatic Destructionအကြောင်းကိုလည်း remindလုပ်မိသွားတယ်။
    ဒီစာပိုဒ်လေး ဖတ်ပြီးပြီးချင်း လုပ်စရာရှိတယ်လို့ တွေးမိတဲ့အရာတွေကို အချိန်မဆိုင်းဘဲ ထလုပ်ဖြစ်ခဲ့တာတော့ အမှတ်တရပါပဲ♡

    နောက်ပြီး ဝမ်းနည်းမိတဲ့ စကားလေးတစ်ခွန်းလည်းရှိသေးတယ်။
    “ကိုယ့်မိဘအိမ်မှာ ကိုယ်ဟာ ဧည့်သည်ဖြစ်လာတယ်တဲ့” ဆယ်တန်းပြီးစ
    ကတည်းက အိမ်မှာအတည်တကျ နေခွင့်မရတဲ့ ကျွန်မအတွက်တော့ ဒီစာလေးက
    မျက်ရည်ဝဲမိစေတာပဲ။နောက်မှဆိုတာမျိုးက ဘယ်တော့မှ မသေချာတဲ့ အခိုက်အတန့်တွေ မဟုတ်လားနော်…။

    အဆုံးမရှိတဲ့ လိုအင်ဆန္ဒတွေ နောက် လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားစေဖို့၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်စေဖို့ စတာတွေကိုလည်း remindလုပ်မိစေပါတယ်။

    “ဘာကြီးရမှ ဘယ်အချိန်ရောက်မှ
    ပျော်မယ်လို့ မတွေးဘဲ ရင်ဘတ်ကို ဖွင့်ပြီး နေ့တိုင်း ပျော်ပျော်နေသွားပါတဲ့”💛

    ကိုယ့်စိတ် အစစ်အမှန်အတိုင်း နေထိုင်
    ခွင့်ရတဲ့ တစ်နေ့တာက ပိုလို့ အဓိပ္ပါယ်ရှိနိုင်မယ်မဟုတ်လား🤗💛

    #TharHtwe
    #PositiveVibes
    #အကောင်းမြင်စိတ်ထား
    #reviewby하은
    #Oct132023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

Thar Htwe စာအုပ်များ