Live Life Satisfied (ကျေနပ်စွာနေထိုင်ခြင်း)

( 1 မှတ်ချက်)

4000 (ကျပ်)

ဒီစာအုပ်လေးဟာ motivation နှင့် တကွဘဝနေနည်းတွေကို ပြုစုထားပါတယ် ။စာဖတ်သူများ စိတ်ခွန်အားတွေ ပြည့်ဝစေဖို့ ၊ စိတ်အကြည်ဓာတ်လေး ရစေဖို့ ၊ ဘဝမှာ ကြုံတွေ့လာရနိုင်တဲ့ အခက်ခဲ ပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ ရည်ရွယ်ထားပါတယ် ။ အရွယ်သုံးပါး စလုံး ဖတ်နိုင်အောင်ရှူထောင့်ပေါင်းစုံကနေ ရေးသားထားတဲ့ဒီစာအုပ်လေးမှာ အပိုင်း နှစ်ပိုင်း ရှိပြီး စုစုပေါင်း ” ၄၀ ပုဒ် ” ပါဝင်ပါတယ်။ပထမပိုင်းမှာ ” motivation ” နှင့် ဒုတိယ ပိုင်းမှာ ” အချစ် ” ဆိုပြီး အပိုင်းလေးခွဲပေးထားသောကြောင့် ရသနှစ်မျိုး ပေးစွမ်းပါလိမ့်မယ် ။မိဘနဲ့ သားသမီးကြားက အယူအဆ သဘောထား ကွဲလွဲမှုတွေ အဆင်ပြေစေဖို့ ၊ လက်တွဲဖော်ရွေးတဲ့အခါ ထည့်သွင်းစဉ်းစားစရာတွေ ၊Self – Confidence တွေ ၊ ကြည့်နူးဆွတ်ပျံ့ဖွယ် အချစ်တွေကို ဖြည့်စွက်ပေးထားပါတယ် ။ မည်သူမဆို စိတ်ဓာတ်ကျနေတဲ့အခါ ၊ အသည်းကွဲနေတဲ့အခါ ၊ Move on လုပ်ဖို့ ခက်ခဲနေတဲ့အခါ၊ခိုင်မာတဲ့ Relationship တစ်ခုကိုတည်ဆောက်လိုတဲ့အခါ၊မိဘနဲ့သားသမီးကြား ကတောက်ကဆတွေရှိနေတဲ့အခါ၊လူပျို အပျို အရွယ်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲလေးတွေရှိနေတဲ့အခါ၊ကိုယ့်ဖြစ်တည်မှုကို လက်ခံပြီး Confident ရှိတဲ့လူတစ်ယောက် ဖြစ်လိုတဲ့အခါတွေမှာ ဖတ်မှတ်သင့်ပါတယ်။စာအုပ်လေးရဲ့ ရည်ရွယ်ချက်ကတော့ စာအုပ်နာမည်လေးအတိုင်း ကျေနပ်စွာနေထိုင်တတ်ဖို့ပါပဲ။စာဖတ်သူတို့အားလုံးပျော်ရွှင်ကျေနပ်သော ဘဝလေးတည်ဆောက်စေလိုခြင်း ဖြစ်ပါတယ်။

စာမျက်နှာ

114

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2022 အောက်တိုဘာလ (ဒုတိယအကြိမ်)

Out of stock

Live Life Satisfied (ကျေနပ်စွာနေထိုင်ခြင်း) အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Hnin Nwe Yee

    တကယ်ဖတ်ရတာ စိတ်ကျေနပ်ပျော်ရွှင်ရပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

Thar Htwe စာအုပ်များ