Catch and Release (ဖမ်းဆုပ်ခြင်းနှင့်လက်လွှတ်ခြင်း)
6000 (ကျပ်)
ဘဝမှာ ” ဖမ်းဆုပ်ခြင်း နှင့် လက်လွှတ်ခြင်း ” ဟာ အမြဲတမ်း ဟန်ချက်ညီနေဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ် ။ ဘာကြောင့်လဲဆို ကျွန်တော်တို့ဟာ အရာအားလုံးကို တပြိုင်တည်း သယ်ဆောင်သွားလို့မရပါဘူး၊၊ ပျော်စရာတွေကို နာကျင်စရာတွေပြည့်နေတဲ့ ရင်ဘတ်ထဲ ထည့်သိမ်းလို့မရဘူး၊ ကိုယ့်ရဲ့ အိပ်မက်စိတ်ကူးနဲ့ ချစ်ခြင်းမေတ္တာဟာလည်း တစ်ခါတလေမှာ တက်တက်စင်အောင်လွဲနေတတ်တယ် ၊ ဝါသနာ နှင့် ဝမ်းစာ နှစ်ခုယှဉ်ရွေးရမယ့် အချိန်တွေလည်း ရှိလာနိုင်တယ်။ ဘယ်အရာက ကိုယ်အမြတ်နိုးဆုံးဖြစ်သလဲ ၊ဘယ်အရာက ကိုယ့်ကိုနောင်တကင်းစေမလဲ ၊ ဖြစ်ချင်တာ နှင့် ဖြစ်သင့်တာက ဘာလဲ …စတာတွေကို ရွေးချယ်ပြီး ဖမ်းဆုပ်သင့်တာကိုဖမ်းဆုပ်ရင်း … လက်လွှတ်သင့်တာကို လက်လွှတ်ရင်း ဘဝဟာ ရှေ့ဆက်သွားရတာပဲမဟုတ်လား ။
အသက်ရှင်နေထိုင်ရင်းက တွေ့ကြုံရသမျှအရာရာဟာ စိန်ခေါ်မှုတွေ၊ဒွိဟတွေ၊ တွေဝေရခြင်းတွေ နဲ့ ပြည့်နေတတ်ပါတယ်။ ဒီစာအုပ်လေးမှာတော့ ဘယ်အရာကို ဆက်လက်သယ်ဆောင်သွားမလဲ … ဘယ်အရာကိုဖြင့် လက်လွှတ်လိုက်ရမလဲ…ဆိုတဲ့ အကြောင်းတရားတွေကို ကူညီပြီး ဆွေးနွေးပေးထားပါတယ်။ အခြားသော အကြည်ဓာတ်ရစေမယ့်စာလေးတွေရယ် … ပြုပြင်ပြောင်းလဲရမယ့်အမူအကျင့်တွေ ၊ မွေးမြူထိန်းသိမ်းထားရမယ့်စိတ်နေသဘောထား ၊ လိုက်နာကျင့်သုံးသင့်တဲ့ အကြောင်းအရာတွေကို ဖြည့်စွက်ရေးသားပေးထားပါတယ် ။
စာမျက်နှာ | 155 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.2 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2023 အောက်တိုဘာလ ၊ (ပ – ကြိမ်) |
8 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ