
မြကျေးရုံတို့ပုဂံရွှေပြည်
36000 (ကျပ်)
မြကျေးရုံတို့ပုဂံရွှေပြည် စာအုပ်သည် စာဖတ်သူများ၏ နှလုံးအိမ်တွင် ၈နှစ်တိုင်ထွန်းလင်းနေဆဲဖြစ်သည့် လက်ကျန်လရောင် ဝတ္ထုမှ မြကျေးရုံနှင့် ရန်ပြေအေး ( ဆူးပုပ်) ဟူသော ကြယ်ကလေးနှစ်ပွင့်နှင့် ပြန်လည်ဆုံတွေ့နိုင်သောစာအုပ်၊ ပုဂံမြေတစ်ခွင်ကို သူတို့နှစ်ယောက်နှင့်အတူ စာဖတ်သူပါအတူသွားရောက်နိုင်သောစာအုပ်ဟုဆိုနိုင်ပါသည်။
ဤစာအုပ်၌ လက်ကျန်လရောင် ဝတ္ထုမှ ဇာတ်ကောင်များကိုပြန်လည်တွေ့ဆုံနိုင်မည်ဖြစ်သလို ပုဂံ၏သမိုင်းနှင့်ဒဏ္ဍာရီ ၊ ဗိသုကာ ၊ နံရံပန်းချီ ၊ လူမှုဘဝများ၊ ကျောက်စာများ၊ ပွဲတော်များ ၊ ယဉ်ကျေးမှုဓလေ့စရိုက်နှင့် ယုံကြည်မှုများအကြောင်းကိုပါ သုတ ရသ ရောနှောလျက် စုံစုံလင်လင် ထည့်သွင်းရေးဖွဲ့ထားသောစာအုပ်လည်း ဖြစ်ပါသည် ။ လက်ကျန်လရောင်၏အဆက်ဟုမဆိုနိုင်သော်ငြား လက်ကျန်လရောင်၏ ဆင့်ပွါးစာအုပ်တစ်အုပ်အဖြစ် မြကျေးရုံနှင့်ရန်ပြေအေးတို့၏ ငယ်ဘဝ နေ့ရက်တချို့ဆီ ပြန်သွားနိုင်သော စာအုပ်၊ ပုဂံနှင့်ပတ်သက်သမျှကို စုံစုံလင်လင် သိမြင်ခံစားနိုင်သော စာအုပ်တစ်အုပ်ဖြစ်ပါသည် ။
| စာမျက်နှာ | 501 (Creamy Paper) |
|---|---|
| စာအုပ်အရွယ်အစား | 6.1 x 1.1 x 9 inches |
| ပုံနှိပ်မှတ်တမ်း | ပုညခင်စာပေ၊ 2026 ဇန်နဝါရီလ၊ (ပထမ-ကြိမ်) |
4 in stock (can be backordered)





Zaw Phyo Aung –
အရမ်းကြိုက်ပါတယ်
aye pyae naing –
အရမ်းကောင်းပြီးအရမ်းလဲကြိုက်တယ်🥰🥰🥰