ရုရှားသမိုင်း

( 0 မှတ်ချက်)

25000 (ကျပ်)

ယနေ့ ယူကရိန်းစစ်နှင်အတူ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှ ပေါ်ပြူလာအဖြစ်ဆုံးနိုင်ငံမှာ ရုရှားနိုင်ငံပင်ဖြစ်သည်။ ရုရှားနိုင်ငံသည် ဥရောပတိုက်ကြီးနှင့်အာရှတိုက် နှစ်တိုက်စလုံး၏ အစွန်ပိုင်းတွေကို

ခွလျက် တည်ရှိနေသော နိုင်ငံကြီးတစ်ခုဖြစ်သည်။ ဧရိယာ လွန်စွာကျယ်ပြန့်ပြီး ရှုပ်ထွေးလှသည်။ ရုရှား၏ ယဉ်ကျေးမှုမှာ ဥရောပယဉ်ကျေးမှုမဟုတ်သလို၊ အာရှယဉ်ကျေးမှုလည်း မဟုတ်ပေ။ (၁၉) ရာစုအထိ ရုရှားသည် ဥရောပမှ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ (၂ဝ) ရာစုတွင် အာရှမှ နိုင်ငံငယ်တွေကို အဓမ္မသိမ်းသွင်းခဲ့ပြီး လွန်စွာ အင်အားကြီးမား၊ လွန်စွာကျယ်ပြန့်သော ဆိုဗီယက်စူပါ-ပါဝါ နိုင်ငံကြီးတစ်ခု ဖြစ်လာခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စုမှာ မာ့က်စ်ဝါဒကို ဆက်ခံသော လီနင်ဝါဒဖြင့် ဇာဘုရင်နန်းဆက်ကို ဖြိုချခဲ့ပြီး အောက်တိုဘာတော် လှန်ရေးဖြင့် ပထမဆုံး ထူထောင်ခဲ့သော ကွန်မြူနစ်နိုင်ငံတော်ကြီးဖြစ်သည်။ ဆိုဗီယက်ခေါင်းဆောင်ကြီးမှာ ဗလာဒီမာလီနင်ဖြစ်သည်။ လီနင်ကို ဆက်ခံသော စတာလင်မှာ ဒုတိယကမ္ဘာစစ်ကြီးကို ဦးဆောင်တိုက်ခိုက်ခဲ့ရပြီး စစ်နိုင် နိုင်ငံကြီးအဖြစ် ဦးဆောင်နိုင်ခဲ့သည်။

စစ်ပြီးခေတ်တွင်မူ စတာလင်သည် ကွန်မြူ နစ်ဝါဒကို ကမ္ဘာ့အနှံတင်ပို့ပြီး ကွန်မြူနစ်ကမ္ဘာကြီး ထူထောင်ရန် ကြိုးစားရာမှ အရင်းရှင်နိုင်ငံများနှင့် ထိတ်တိုက်ဖြစ်လာသည်။ အရင်းရှင်နိုင်ငံခေါင်းဆောင်မှာ အမေရိကန်ဖြစ်ပြီး အမေရိကန်ခေါင်း ဆောင်ဆောင်သော အရင်းရှင်အုပ်စုနှင် ဆိုဗီယက်ဦးဆောင်သော ကွန်မြူနစ်အုပ်စုတို၏ စစ်အေးတိုက်ပွဲ စတင်လာသည်။ ထိုစစ်အေးတိုက်ပွဲမှာ ဆိုဗီယက်ပြိုကွဲချိန်ဂေါ်ဘာချော့ဗ် လက်ထပ်ရောက်မှပင် ပြီးဆုံးလေသည်။ နိုင်ငံများ ခွဲထွက်သွားပြီးနောက် ရုရှားဖက်ဒရေးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

ဆိုဗီယက်ကွန်မြူနစ်ရုရှားသည် ၁၉၁၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိသာဖြစ်သည်။ သမိုင်းတစ်လျှောက်လုံး ရုရှားသည် ဒီမိုကရေစီစနစ် မထွန်းကားခဲ့သလို လစ်ဘရယ်ဝါဒလည်း ထွန်းကားမှု မရှိခဲ့ပေ။ ရုရှားသည် အာဏာ ရှင် ဇာဘုရင်များ၊ ကွန်မြူနစ်အာဏာရှင်သာ အုပ်ချုပ်ခဲ့ကြပြီး ဆိုဗီယက်ပြိုကွဲချိန် ရုရှားကို အုပ်ချုပ်ခဲ့သော “သမ္မတယဲ့လ်စင်နှင့် သမ္မတပူတင်’ တို့သည်လည်း အာဏာရှင်တစ်ပိုင်းများသာ ဖြစ်ကြသည်။

ဆိုဗီယက်၏ နယ်နိမိတ်မှာ လွန်စွာ ကြီးမားကျယ်ပြန့်ခဲ့သည်။ ယခု ရုရှား ဖက်ဒရေးရှင်း၏ နယ်နိမိတ်မှာ စတုရန်းမိုင် (၆ . ၆) သန်း ရှိသည်။ ထိုအတိုင်းအတာမှာ အမေရိကန် နိုင်ငံဧရိယာထက် နှစ်ဆ ပို၍ကျယ် ပြန့်သည်။ အရှေ့မှ အနောက်သို့ မိုင်ပေါင်း (၅ဝဝဝ) ကျော် ရှည် လျားသည်။ ရုရှားတွင် ရှည်လျားသောပစိဖိတ်ကမ်းရိုးတန်းလည်းရှိသည်။ ၁၉၉၁ မတိုင်မီ ဆိုဗီယက်ယူနီယံ၏ လူဦးရေမှာ သန်းပေါင်း (၂၉ဝ) ရှိသည်။ ယနေ့ ရုရှားဖက်ဒရေးရှင်း၏ လူဦးရေမှာ (၁၄၁) သန်း ရှိသည်။

၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံကြီး မပြိုကွဲမီကဆိုလျှင် ရုရှားဖက်ဒရေးရှင်းသည် ကမ္ဘာ ပေါ်တွင် အကြီးမားဆုံးနိုင်ငံကြီးတစ်ခုဖြစ်ခဲ့သည်။ ထို့နောက် ‘ဆိုဗီယက်ယူနီယံ’ပြိုကွဲသွားသော်လည်း ရုရှားဖက်ဒရေးရှင်းမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနိုင်ငံတစ်ခုအဖြစ် ဆက်လက် တည်ရှိနေသည်ကိုလည်း တွေ့ရသည်။

ယခုစာအုပ်မှာ ရုရှားနိုင်ငံအဖြစ် မစတင်မီ ကိဗ်ရုရှား၊ မော်စကိုဗစ်ရုရှားခေတ်မှ ယနေ့ သမ္မတပူတင်လက်ထပ် အထိ ပြည့်စုံစွာ ဖော်ပြထားသော သမိုင်းစာအုပ်တစ်အုပ်ဖြစ်သည်။

စာမျက်နှာ

373(burma paper)

စာအုပ်အရွယ်အစား

7.4x 0.6 x 10.2 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2025 ဇူလိုင်လ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရုရှားသမိုင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကိုကိုလေး စာအုပ်များ