ပန်းတွေပွင့်ဖို့စောင့်ရချိန်
26000 (ကျပ်)
ဤ၀တ္ထုသည် ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဖားကန့်၊ ပူတာအို၊ ရေခဲတောင်ဝန်းကျင်ဒေသများနှင့် မြန်မာပြည်မြောက်ဖျားစွန်း တိဗက်ရွာကလေးတွင် နေထိုင်ကြသူတို့၏ ဘ၀ရှင်သန်ရပ်တည်မှုများ၊ အသက်မွေးဝမ်းကြောင်းများ၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုများ၊ သဘာ၀ပတ်ဝန်းကျင်အလှအပများနှင့်အတူ… မူးယစ်ဆေးဝါးစွဲလန်းမှုပြဿနာတို့၏ အရင်းအမြစ်..။ စစ်ပွဲတို့၏အရိပ်အယောင်..။ ငြိမ်းချမ်းရေး၏ အငွေ့အသက်တို့ကို အခြေပြု၍ ချစ်ခြင်းမေတ္တာနှင့် ဘ၀တည်ဆောက်ရာရအောင် ကြိုးစားအားထုတ်ခဲ့ရပုံများကို ယနေ့ခေတ်ကာလနိုင်ငံ၏ အခြေအနေမှန်များနှင့် ရောယှက်ရက်ဖောက်ရေးဖွဲ့ထားသည့် ဝတ္ထုတစ်ပုဒ်ဖြစ်သည်။
2025ခုနှစ်တွင် “The wait for the bloom time” အမည်ဖြင့် တရုတ်လူမျိုးပါမောက္ခတစ်ဦးမှ တရုတ်ဘာသာဖြင့်ပြန်ဆို ရေးသားခဲ့သည်။
| စာမျက်နှာ | 574 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.8 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ပုညခင်စာပေ၊ 2018 နိုဝင်ဘာလ၊ (ပ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 10.11.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 26000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
15 in stock








May –
ဒီစာအုပ်ကတော့ ကချင်ပြည်နယ်ရဲ့အလှအပတွေေ၀ဆာနေတဲ့ စာအုပ်လေးပါ။ ခါကာဘိုရာဇီကစလို့ တောတောင်တွေရဲ့အလှတရား ရှားပါးသစ်ခွလေးတွေ တောင်ပေါ်ဒေသရှိလူမျိုးတွေ ချစ်စရာစကားပြောဟန်တွေအလေ့အထတွေအပြင် မနောပွဲရဲ့ကြီးကျယ်ခမ်းနားမှုတွေနဲ့စာစီထားပါတယ်။ သို့ပေမယ့်အကောင်းနဲ့အဆိုးကအမြဲဒွန့်တွဲနေတယ်ဆိုတဲ့အတိုင်း အရမ်းလှပတဲ့ကချင်တို့ဌာနီလေးကို မူးရစ်ဆေးဝါးတွေ စစ်ပွဲတွေနဲ့ မိမိတို့မိသားစုဘ၀အတွက်ရှုန်းကန်ကြရင်းအသက်ပေးကြရတဲ့ ကျောက်တွင်း,ပယင်းတွင်းကလုပ်သားတွေရဲ့အကြောင်းမှာလည်းရင်နင့်ဖွယ်ပါပဲ။ ထိုအကြောင်းတွေသာမက မူးရစ်ဆေးစွဲနေသူ မိသားစုတွေရဲ့ ခံစားချက်တွေ အဓိကဇာတ်ကောင်ရဲ့ နိမ့်ချည်မြင့်ချည် ခံစားချက်တွေကြောင့် မျက်ရည်ကျခဲ့ရတဲ့စာအုပ်လေးပါ။
Thida –
အရမ်းကြိုက်မိတဲ့စာအုပ်လေး
ဘဝထဲဖြစ်ပျက်နေတာတွေကို ဇာတ်ကွက်ကောင်းကောင်း အရေးအသာကောင်းကောင်းနဲ့ဖော်ပြထာတော့ လက်ကမချချင်အောင် သုတရသပေးနိုင်စွမ်းပါတယ်
Myint Myat Myo –
ဒီစာအုပ်လေးကိုက 2023 လောက်ကမှ စဖတ်ဖြစ်တာပါ။ စဖတ်တဲ့အချိန်ကနေ ခုထိ အမြဲအမှတ်တရရှိနေရတဲ့ စာအုပ်လေး…တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဓလေ့ထုံးတမ်းတွေ မြန်မာနိုင်ငံရဲ့ လူမျိုးတိုင်းကြုံတွေ့နေရတဲ့ cause တွေကို ပါးပါးလေးနဲ့ အားလုံးရင်ထဲထိ အရောက်ပို့ပေးတဲ့ စာအုပ်လေး။ မိဘနဲ့ သားသမီးကြား မေတ္တာတွေ ကိုယ်ချစ်ရတဲ့သူတွေကို ဆုံးရှုံးရတဲ့ခံစားချက် စသဖြင့် အချစ် အလွမ်း သုတ မျိုးစုံသော ရသကိုပေးစွမ်းသော စာအုပ်လေး။ ကျွန်မကိုယ်တိုင်ကလည်း တိုင်းရင်းသား လူမျိုးစုတွေကို သဘောကျတာမို့ ဒီစာအုပ်လေးဟာ ကျွန်မကို ကချင်ပြည်နယ်ကို သွားရောက်ချင်တဲ့စိတ် ပေးစွမ်းနေပါတယ်။ တစ်ခါဖတ်ပြီး အခါခါ ပြန်ဖတ်ချင်တဲ့ စာအုပ်လေး။ ကျွန်မသဘောအကျရဆုံး စာအုပ်လေး။