အဆိပ်ခကောင်းကင်

( 0 မှတ်ချက်)

7000 (ကျပ်)

အဲ့ဒီ့နှင်းဆီကို ကြည့်စမ်း သမီး .. သူ့နာမည်က Confidence Rose တဲ့ ၊ သူ့ပွင့်ဖတ်တွေက တခြားနှင်းဆီပွင့်ဖတ်တွေလို ပါးပါးပျော့ပျော့လေးမဟုတ်ဘူး ၊ သူ့ရဲ့ပွင့်ဖတ်တွေက ထူထဲခိုင်မာတယ် ၊ သန်စွမ်းကျစ်လျစ်တယ် ၊ သူ့ကိုယ်သူ ယုံကြည်မှုရှိသလို ခိုင်မတ်နေတယ် ၊ နှင်းဆီဆိုပေမဲ့ မနွဲ့နှောင်းဘူး ။ မိန်းကလေးဆိုတာ ပန်းကလေးတစ်ပွင့်လိုပါပဲ ၊ ဒါပေမဲ့ သမီးဘဝမှာ ဘာအခက်အခဲပဲ ကြုံရ​ ကြုံရ Confidence နှင်းဆီလို ယုံကြည်မှုရှိရှိ ခိုင်ခိုင်မတ်မတ်ရှင်သန်နိုင်ရမယ် သမီး…။
လူတစ်ယောက်ရဲ့ ကံကြမ္မာဟာ ကွန်ပျုူတာထဲထည့်ထားတဲ့ ပရိုဂရမ်တစ်ခုနဲ့ အလားတူတယ်လို့ ဆိုကြပါစို့။ ဘယ်အချိန်မှာ ဘာတွေဖြစ်ရမယ်၊ ဘယ်သူတွေနဲ့ တွေ့ဆုံရမယ်ဆိုတာ သူ့ဟာနဲ့သူ အစီအစဉ်တကျပါပြီးသားဖြစ်သည်။ ဒါကြောင့်ပဲ လွန်းလွန်းခင်ဟာ ကံတရားရဲ့ အလိုတော်အတိုင်း မိုးဒင်နဲ့ တွေ့ဆုံခဲ့ရတာ ဖြစ်သည်။ အဲဒီ့နောက်မှာတော့ ဘယ်လိုမှ ကြိုသိခွင့်မရနိုင်တဲ့ အဖြစ်အပျက်တွေဟာ လွန်းလွန်းခင်ရဲ့ ဘဝမှာ စီကာစဉ်ကာ ဖြစ်ပျက်ခဲ့တော့သည်။
ပေါ့ပေါ့ပါးပါး အချစ်ဝတ္ထုကြိုက်နှစ်သက်သူများအတွက် အကြိုက်တွေ့စေမယ့် ဆရာမပုညခင်ရဲ့ ရသဝတ္ထုစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
စာမျက်နှာ

172

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ပုညခင်စာပေ၊ 2023 အောက်တိုဘာလ၊ (ဒုတိတအကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အဆိပ်ခကောင်းကင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပုညခင် စာအုပ်များ