ဂန္ထဝင်အချစ်မြို့တော်
15000 (ကျပ်)
အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူတစ်ယောက်ဆီမှာပဲသစ္စာနဲ့အတူ မြှုပ်နှံထားရမယ့်အရာ . . . ဒီဆောင်းကာလမှာ ဖတ်ရှုဖို့အတွက် ဆောင်းအငွေ့အသက်တွေပါဝင်တဲ့ ဆရာမ ပုညခင်ရဲ့ ဂန္ထဝင်အချစ်မြို့တော် ဝတ္ထု ပြန်လည်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီဝတ္ထုလေးက ပြင်ဦးလွင်နဲ့ဘုရင်ခံအိမ်တော်ရဲ့ သမိုင်းအချက်အလက်အနည်းငယ်ကို နောက်ခံထားပြီး ရေးဖွဲ့ခဲ့တဲ့ဝတ္ထုဖြစ်ပါတယ်။
| စာမျက်နှာ | 260 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ပုညခင်စာပေ၊ 2023 ဇန်နဝါရီလ (ဒုတိယအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 27.1.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 15000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
7 in stock








thiha htinkyaw –
ဂန္တ၀င်အချစ်မြို့တော် – ပုညခင်
ဆောင်းကာလနဲ့လိုက်ဖက်တဲ့ အငွေ့အသက်တွေပါနေတဲ့ ” ဂန္တ၀င်အချစ်မြို့တော် ”
မြို့တော်ဆိုတာ ကြီးမားကျယ်ပြန့်တဲ့နေရာတစ်ခု။
အချစ်ဆိုတာကတော့ တိုင်းဆမရတဲ့ ခံစားချက်တွေနဲ့တည်ရှိတဲ့ စိတ္တဇနာမ် ။ ဂန္တ၀င်ဆိုတာကတော့ ရှေးကျတဲ့ ကြာရှည်တဲ့ အချိန်ကာလတစ်ခုကို ရည်ညွှန်းတာမျိုးပေါ့ ။
ဒီစာအုပ်က ကျွန်တော့်ရဲ့ personally အရ အကြိုက်ဆုံးဖြစ်တဲ့ စာအုပ်တစ်အုပ်ထဲမှာပါတယ်။ ၂၀၁၃ ခုနှစ် ကလေးဘ၀တုန်းကတော့ ဒီစာအုပ်က သာမန်ဖတ်ပြီးပြီးသွားတဲ့ အချစ်၀တ္ထုတစ်အုပ်ထက် မပိုခဲ့ဘူး ။
အခု ၁၀နှစ်ကြာပြီးအချိန်မှာ ပြန်ဖတ်လိုက်ရတော့ ရှည်ကြာတဲ့ ချစ်ခြင်းတရားတွေ ၊ တိုက်ဆိုင်တဲ့ တွေ့ဆုံမှုနဲ့ ဆန်းကြယ်တဲ့ ကံကြမ္မာရေစက် ဆိုတာမျိုးကို ခံစားမိလိုက်တယ်။
၁၉၄၂ ခုနှစ်က အရေးပိုင်မင်းရဲ့ သမီး နုကြေးမုံနဲ့ မိုင်းသာစော်ဘွားရဲ့ ကိုယ်ရံတော်တပ်မှူး စိုင်းခမ်းလုံ ၊ သူတို့ရဲ့ အတိတ်ဇာတ်ကြောင်းတွေဟာ စာလုံးလေးတွေငနေ တဆင့် အဲ့ဒီအချိန်ကာလကိုပြန်ရောက်သွားသလိုမျိုး ညှို့ငင်ခေါ်ဆောင်သွားတယ်။ တောင်လှေကားမြို့ရဲ့ နာမည်ကြီး ဘုရင်ခံအိမ်တော်ရှေ့မှာ သူတို့တွေ့ဆုံပြီး စတင်ခဲ့တယ်။ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းတရား ဝေဒနာတွေဟာ ကူးစက်စေခဲ့တယ်။
မျက်မှောက်ခေတ်က အလင်းနုဆိုတဲ့ စာရေးဆရာမလေး ၊ လရောင်ဦးဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ တိုက်ဆိုင်မှုတွေကြားမှာ ခင်မင်ခဲ့ပြီး အတိတ်ကာလက နှကြေးမုံ ၊ စိုင်းခမ်းလုံတို့နဲ့ ဆက်စပ်နေတဲ့ အကြောင်းတရား ကံကြမ္မာတွေကို တွေ့လိုက်ရချိန်မှာ
ဖတ်နေတဲ့စိတ်အစဉ်ဟာ ယုံကြည်မှု ၊ အချစ် ၊ စိတ်လှုပ်ရှားမှု ၊ ချစ်ခြင်းနဲ့ပတ်သတ်လို့ အစစအရာရာဟာ ခန့်မှန်းမရတတ်တာတွေ ၊ နီးခြင်းဝေးခြင်း သတ်မှတ်ချက်တွေကို ထပ်ပြီး တွေးရပြန်တယ်။
💙…………….🤍
အချစ်ဆိုတာ
ကိုယ်ချစ်တဲ့သူတစ်ယောက်ဆီမှာပဲ
သစ္စာနဲ့အတူ
မြှပ်နှံထားရမယ့်အရာ…တဲ့ ။
ဒီ၀တ္ထုလေးက သာမန်အချစ်၀တ္ထုလေးဆိုသော်ငြား
နုကြေးမုံအပေါ်မှာ မြှပ်နှံထားခဲ့တဲ့ စိုင်းခမ်းလုံရဲ့သစ္စာတရားတွေကိုတော့ ခံစားမြင်တွေ့နိုင်ပါလိမ့်မယ်။
-Review by August –