သုံးချက်စည်း
20000 (ကျပ်)
“သုံးချက်စည်း” ဝတ္ထုလတ်သုံးပုဒ် စုစည်းမှုမှာတော့ ကျီးမနိုး၊ ဂျိုးပိန်၊ ဒိန်ခဲ ဆိုသည့် သုံးပုဒ်ပါပါသည်။ သည်သုံးပုဒ်စလုံးက ဇာတ်ရုပ်တွေဆိုလျှင် ကျွန်မနှင့် ထိတွေ့ခဲ့ရသော ဇာတ်ကောင်တွေချည်းဖြစ်ပါ၏။ ၀တ္ထုလတ်သုံးပုဒ်တွင် ပါဝင်သည့် ပင်မဇာတ်ဆောင်သုံးယောက်စလုံးသည် အပြင်မှာတကယ်ရှိကြသည့် ဇာတ်ကောင်တွေဖြစ်သည်။ ဇာတ်လမ်းသဘောအရ ထိခိုက်နိုင်တာတွေကိုဖယ်လှပ်ကာ သူတို့အကြောင်းကို ခပ်ဝေးဝေးတစ်နေရာက လှမ်းပြီး သရုပ်ဖော်သည့်နည်းဖြင့် ရေးသည့် ဝတ္ထုလတ်များဖြစ်ပါသည်။ သူတို့ပြောသည့်အကြောင်းအရာ၊ ခံစားမှု၊ သူတို့ဘဝသရုပ်တွေကို ဇာတ်လမ်းကျောရိုးအဖြစ်ယူခဲ့ပါသည်။
တူညီသည့်အချက်ကတော့ ပင်မဇာတ်ဆောင်သုံးဦးစလုံး မြို့ပြကိုအကြောင်းအားလျော်စွာ ရောက်လာကြသော ကျေးလက်နေလူငယ်ကလေးများဖြစ်ကြပါ၏။ မြို့ကို ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင်အမှတ်နှင့် ရောက်လာကြရပေသိ ထင်သလိုဖြစ်မလာတော့လည်း မြို့၏မာယာ၊ ဆန်းပြားမှု၊ စရိုက်ဆန်းဆန်းနှင့် အတူ ဒွေးရောယှက်တင် လိုက်ပါသွားကြရင်း နောက်တော့လည်း နေတတ်သွားကြရရှာသူတွေ။
| စာမျက်နှာ | 393 |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.7 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ဓူဝံစာပေ၊ 2026 မတ်လ(စတုတ္ထအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 30.3.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 20000စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
1 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ