ပန်းကြာဝတ်မှုန်

( 3 မှတ်ချက်)

6000 (ကျပ်)

စာမျက်နှာ

546

စာအုပ်အရွယ်အစား

5.2 x 1 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဓူဝံစာပေ၊ 2022 မေလ (စတုတ္ထအကြိမ်)

13 in stock

ပန်းကြာဝတ်မှုန် အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Seint

    ဆရာမခင်ခင်ထူးရဲ့လက်ရာတွေထဲမှာ တက္ကသိုလ်နောက်ခံဝတ္ထုမျိုးရှားပါးလှပါတယ်
    ပန်းကြာဝတ်မှုန်တဲ့
    ဝတ္ထုနာမည်ကိုက နူးညံ့မှုအပြည့်အဝပါပဲ
    ဒီဝတ္ထုကို စဖတ်မိတော့ တက္ကသိုလ်ကျောင်းဆောင်နေဖူးတဲ့ကျွန်မအတွက် အဆောင်ကိုလွမ်းလိုက်တာလေ
    ဇာတ်ဆောင်မိနိးကလေးက သီရိမေ
    မိဘအပေါ်သိတတ်သူ စိတ်သဘောထားဖြူစင်သူ
    ထက်မြက်သူ
    စာပေချစ်မြတ်နိုးသူ အထူးသဖြင့်ဆရာမကြီးကြည်အေးရဲ့ ကဗျာတွေကို အထူးနှစ်သက်သူ
    ဒီလိုမျိူး ဆရာမခင်ခင်ထူးက ပုံဖော်ထားပါတယ်
    ဒီဝတ္ထုမှာ ဆရာမကြီးကြည်အေးရဲ့ ကဗျာတွေအများကြီးပါဝင်တာမို့ ကဗျာနှစ်သက်သူတွေအကြိုက်တွေ့မယ့်စာအုပ်ပါ
    ကျွန်မကတော့ ကဗျာတွေကို မှတ်စုထဲကူးကူးယူထားပါတယ်

    ဇာတ်ဆောင် အမျိုးသားလေးရဲ့ နာမည်က အောင်နိုင်သူတဲ့
    ” အောင်” လို့ သီရိမေက ခေါ်ဝေါ်ခဲ့တာပေါ့
    ကဗျာစာပေကိုလေ့လာလိုက်စားသူ အနုပညာအရာမှာထူးချွန်သူ
    ရှမ်းစော်ဘွားအနွယ်ကဆင်းသက်လာခဲ့သူ အောင် ဟာ သီရိမေကို မြတ်နိုးချစ်ခင်သူ

    သူတို့နှစ်‌ေယာက်ရဲ့ စကားပြောခန်းတွေကနေတစ်ဆင့် မြန်မာစာပေထဲက ကဗျာနယ်ပယ်ကို ထဲထဲဝင်ဝင်သိနိုင်သလောက်လေ့လာနိုင်သလို
    စိတ်သဘောထားကြီးကြသူတွေရဲ့ စကားပြောပုံ နေထိုင်ပြုမူပုံတွေကိုလည်း သိမြင်ရမှာဖြစ်ပါတယ်
    ဦးအောင်နိုင်သူနဲ့ ဒေါ်သီရိမေ ဘဝအထိ လူငယ်တွေရဲ့ အလုပ်အပေါ် ကိုယ်ကျင့်တရားအပေါ်လေးစားကြပုံကို ဆရာမကြီးက ပြံဖော်ထားပါသေးတယ်
    ဇာတ်ဆောင်တွေရဲ့သူငယ်ချင်းမိတ်ဆွေတွေအခန်းကဏ္ဍကိုလည်း
    ကြည်နူးစရာ လွမ်းစရာ မောစရာ အတုယူစရာတွေရောပြီး လှလှပပဖန်တီးထားပါတယ်
    ဝတ္ထုထဲမှာပါတဲ့ ကလောမြို့လေးကို သွားချင်လာသလို
    ပုဂံကိုလည်း ရောက်ဖူးတာတောင် ထပ်ပြီးသွားရောက်‌လေ့လာချင်လာတာပါပဲ…
    ဆရာမကြီးခင်ခင်ထူးရဲ့ ဝတ္ထုဇာတ်သိမ်းတွေဟာ စာဖတ်သူတွေကို ရင်ထဲကျန်ခဲ့အောင်ဆွဲဆောင်နိုင်ပါတယ်
    ဒါကြောင့်လည်း ရုပ်ရှင်ဇာတ်ကားတောငါရိုက်ကူးခဲ့ရတဲ့ ဝတ္ထုလေးဖြစ်ခဲ့ပါတယ်

    ကျွန်မကတော့ ဝတ္ထုလေးကို ဒီလောက်ထိပဲ‌ပြောပြချင်ပါတယ်
    မိတ်ဆွေတစ်ယောက်ကညွှန်းလို့ pdf file နဲ့ဖတ်ခဲ့ပေမယ့် ဖတ်ပြီးတဲ့အခါ စာအုပ်ကိုပါ အပိုင်ဝယ်ထားလိုက်မိပါတယ်
    ဒီဝတ္ထုလေးကိုဖတ်ကြည့်စေချင်မိပါတယ်

  2. မအိမ့်အိမ့်ထူးအောင်

    #ပန်းကြာဝတ်မှုန်
    #ခင်ခင်ထူး

    ဖတ်ခဲ့ဖူးသမျှ‌သော တက္ကသိုလ်နောက်ခံ ဝတ္ထုတွေထဲမှာ အရင်တုန်းကတော့ ဆရာမ ရွှေကူမေနှင်းရဲ့ “ငါတို့ခေတ်က တက္ကသိုလ်”စာအုပ်ကို အကြိုက်ဆုံး…အခုတော့ ဒီ”ပန်းကြာဝတ်မှုန်”စာအုပ်လေးကို အကြိုက်ဆုံး ဖြစ်သွားပြီ။

    တက္ကသိုလ်ကျောင်းသူဘဝအငွေ့အသက်တွေကို အပြည့်အဝခံစားစေတဲ့အပြင် ကျွန်မအမြတ်နိုးရဆုံးသော သမိုင်းဝင်မန္တလေးမြို့ကြီးရဲ့ ပုံရိပ်ကို နောက်ခံထား ရေးသားထားလို့ ပိုကြိုက်မိတာပါ။ အမရပူရတောင်သမန်၊ မန္တလေးတောင်၊ ကုသိုလ်တော်၊ ရွှေကျောင်းကြီး၊ မင်းကွန်းဘက်၊ ပုဂံဘက် စတဲ့နေရာ ဒေသတွေဆီကို သူငယ်ချင်းတွေနဲ့အတူ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ပေါ့ပါးတဲ့စိတ်နှလုံးမျိုးနဲ့ သွားရတာ သိပ်ကိုရွှင်လန်းတက်ကြွပြီး ပျော်စရာ ကြည်နူးစရာကောင်းနေမှာပဲ။

    ဒီစာအုပ်လေးက တက္ကသိုလ်နောက်ခံဝတ္ထုတစ်ပုဒ်ဖြစ်တယ်ဆိုတာကို အများက သိကြပြီးဖြစ်မှာပါ။ တက္ကသိုလ်နောက်ခံဝတ္ထုဆိုတဲ့အတိုင်း ကျောင်းသားကျောင်းသူတို့ဘာသာဘာဝ ပျော်ကြနောက်ကြ ပညာသင်ယူကြနဲ့ မရိုးနိုင်တဲ့ တက္ကသိုလ်လူငယ်တို့ရဲ့ ဘဝပုံရိပ်တွေကို မှတ်တမ်းတင်ထားတာကလည်း အခြားတက္ကသိုလ်ဝတ္ထုတွေနဲ့ မခြားပါပဲ။ ဒါပေမယ့် အဲ့သည်လိုမခြားနားတဲ့ အကြောင်းအရာတွေထဲကမှ ကျွန်မရင်ထဲကို ထင်ထင်ရှားရှား ကွဲပြားခြားနားစွာ စွဲစွဲမြဲမြဲဝင်ရောက်လာကြသူတွေက ဒီဝတ္ထုရဲ့ အဓိကဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ “အောင်နိုင်သူ”နဲ့ “သီရိမေ”။

    ပုံမှန်အားဖြင့် “အောင်”ဆိုတဲ့ နာမည်ကို သိပ်မကြိုက်တတ်ပေမယ့် ဒီစာအုပ်လေးဖတ်ပြီးတည်းက “အောင်”ဆိုတာ ကျွန်မနှလုံးသားကနေ လုံးဝပျောက်ကွယ်မသွားတော့မယ့် အမည်နာမလေးတစ်ခု ဖြစ်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ “အောင်”ဟာ ကျွန်မမသိစိတ်ထဲမှာ အတည်တကျပုံဖော်ထားခဲ့ဖူးတဲ့ လူတစ်ယောက်လို ဖြစ်နေလို့ပါပဲ။
    “အောင်”ရဲ့ မျက်နှာအသွင်အပြင်၊ ဟန်ပန်အမူအရာ၊ အပြုအမူလေးတွေ၊ စကားပြောပုံလေးတွေ၊ အတွေးအခေါ်လေးတွေ၊ နောက်…
    စာအုပ်ဖတ်ဖို့နဲ့ ကဗျာရွတ်ဖို့ ဝါသနာထုံတာ၊
    မြန်မာ့ရိုးရာ စာပေဂီတအနုပညာတို့ကို ကိုယ်တိုင်ခံစား နှစ်သက်မြတ်နိုးပြီး တန်ဖိုးထားထိန်းသိမ်းလိုစိတ်ရှိတာ၊ အကြောင်းအရာတစ်ခုခုကို စာပေအကိုးအကားနဲ့ ရှင်းလင်းပြောပြတတ်တာလေးတွေက ကျွန်မစိတ်ကူးထဲက ကောင်လေးတစ်ယောက်ရဲ့ ပုံဟန်မျိုးမို့ သဘောကျမိပါတယ်။

    နောက်…”သီရိမေ”။
    သူမကိုလည်း ကျွန်မနဲ့ typeတူသလို မြင်မိလို့ သဘောကျတယ်။ သီရိမေကလည်း
    စာအုပ်တွေဖတ်တယ်၊ အနုပညာကို မြတ်နိုးတယ်၊ မိန်းကလေးဆိုပေမယ့် ခိုင်မာပြတ်သားတဲ့ စိတ်သဘောထား ရှိတယ်၊ နောက်ပြီး မိန်းကလေးတစ်ယောက်အနေနဲ့ ထားရှိသင့်တဲ့ လေးစားစရာ မာနတစ်ခုလည်း ထားတယ်၊ အချိန်တွေအကြာကြီးအထိ သူ့သူငယ်ချင်းတွေကို သူပြောခဲ့တဲ့စကားလို “ကျက်သရေရှိတဲ့ မိန်းမတစ်ယောက်ဖြစ်အောင်” နေနိုင်ခဲ့တယ်။ ဒါကြောင့် သီရိမေကို ဘယ်လောက်ထိသဘောကျရတာလဲဆိုရင် သူ့စိတ်ထားလေးတွေကို လေးစားအတုယူမိတဲ့အထိပါပဲ။ သူပြောခဲ့တဲ့ စကားလေးတွေကလည်း သိပ်ကို မှတ်သားနာယူစရာကောင်းတယ်။ သူမက “လူတစ်ယောက်အတွက် essential မဖြစ်ရင်တောင် extraတော့ မဖြစ်ချင်ဘူး”တဲ့လေ…။

    တကယ်တော့ “အောင်နိုင်သူ” နဲ့ “သီရိမေ”ကို ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်စွဲလမ်းမိတယ်ဆိုတာကလည်း ဆရာမခင်ခင်ထူးရဲ့ ဇာတ်ကောင်ဖန်တီးနိုင်စွမ်း အရမ်းကောင်းလို့ပါပဲ။ စာအုပ်တွေချစ်တတ်တဲ့ကောင်မလေးတစ်ယောက်က စာပေနဲ့အနုပညာဝါသနာပါရှိကြတဲ့ ဇာတ်ကောင်နှစ်ယောက်ကို စွဲလမ်းမိသွားတယ်ဆိုတာလည်း ဖြစ်သင့်တာပဲမဟုတ်လား။

    ဒီစာအုပ်လေးမှာ အကြိုက်ဆုံးကတော့ အရေးအသားပါပဲ။ အထူးသဖြင့် သူငယ်ချင်းတွေအချင်းချင်း စကားပြောတဲ့နေရာတွေဆို ပေါ့ပါးသွက်လက်တဲ့အပြင် ချက်ကျလက်ကျနဲ့ ရီစရာမောစရာ ဖြစ်စေလို့ ၁၉၈၀ဝန်းကျင်ခေတ်က စကားလုံးတွေက ခု၂၀ရာစုနှစ်ရဲ့ တက္ကသိုလ်ပုံရိပ်တွေကိုတောင် တစ်ကျော့ပြန် ထင်ဟပ်စေသလို မြင်မိတယ်။ ကျောင်းတော်ကြီးနဲ့ သူငယ်ချင်းတွေကို ပြန်လွမ်းတမ်းတမိစေတယ်။ နောက်…
    ဘဝတွေများစွာအကြောင်း၊ သူငယ်ချင်းတွေရဲ့ ဖြူစင်နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတို့အကြောင်း၊
    မြန်မာစာပေသမိုင်းနဲ့ မြန်မာ့ရိုးရာစောင်း အနုပညာတို့အကြောင်း၊ မန္တလေးမြို့နဲ့ သူ့အနီးဝန်းကျင်ကမြို့တွေရဲ့ သမိုင်းစာမျက်နှာအချို့အကြောင်း၊ ပဒေသရာဇ်ခေတ်က ရှမ်းစော်ဘွားမျိုးရိုးတို့ရဲ့ ခမ်းနားကြီးကျယ်ပုံတွေအကြောင်း၊ အို…အစုံ အစုံပါပဲ။ ဝတ္ထုဖတ်ရင်း ဝတ္ထုထဲမှာပါတဲ့ ဆရာမကြီးကြည်အေးတို့၊ ရာဘင်ဒြာနတ်တဂိုးတို့ရဲ့ ကဗျာ‌တွေကိုလည်း ဖတ်ရှုခံစားနိုင်သလို နတ်ရှင်နောင်တို့၊ လှိုင်ထိပ်ခေါင်တင်တို့ရဲ့ အိုင်ချင်း၊ အဲချင်း၊ ဘောလယ်၊ တေးထပ်တွေကိုလည်း ရွတ်ဖတ်ခံစားနိုင်တယ်။ နောက်…စိုင်းထီးဆိုင်ရဲ့ “မောင့်လပြည့်ဝန်း”သီချင်းတို့၊ တခြား “မောင့်အိပ်မက်မေ”သီချင်းတို့ကိုပါ နားဆင်လို့ရသလိုခံစားမိတော့ သိပ်ကိုသဘောအကျမိဆုံးပေါ့လေ။

    စာအုပ်အထူကြီး၊ စာမျက်နှာတွေအများကြီးဆိုပေမယ့်လည်း ကျွန်မကိုယ်တိုင်တောင် အံ့ဩမိလောက်အောင် အဆွဲခေါ်နိုင်ဆုံးသောစာအုပ်ပါ။ လက်ကမချချင်လောက်အောင်၊ ဖတ်ပြီးရင်းဖတ်ချင်နေလောက်အောင်၊ အလုပ်လုပ်နေရင်းနဲ့လည်း “အောင်”နဲ့ “သီရိမေ”အကြောင်းကိုပဲ တွေးနေမိလောက်အောင် လုံးဝစိတ်ဝင်စားစရာကောင်း
    ဖတ်ချင်စရာကောင်းတဲ့ စာအုပ်တစ်အုပ်ပါပဲ။ သီရိမေရဲ့ တက္ကသိုလ်ကျောင်းသူဘဝကိုလည်း အရမ်းအားကျမိတယ်။ “အောင်”နဲ့ချစ်သူတွေမဟုတ်လို့ “အောင့်”ကိုလွမ်းရင် အကန့်အသတ်နဲ့လွမ်းနေရပေမယ့် သူမဘဝရဲ့တက္ကသိုလ်ကာလတစ်လျှောက်လုံးမှာ လုံခြုံနွေးထွေးမှုတွေခံစားမိအောင်ဖန်တီးပေးနိုင်သော ဝါသနာချင်းတူ၊ အနု ပညာခံစားတတ်မှုချင်းတူ၊ လောကကိုမြင်ပုံချင်း ညှိယူလို့ရလောက်အောင် အနီးစပ်ဆုံးတူသော “အောင့်”လို (သူငယ်ချင်းထက်မကတဲ့ အဓိပ္ပါယ်တစ်မျိုးဆောင်သည့်) သူငယ်ချင်းတစ်ယောက်ကို “သီရိမေ” ပိုင်ဆိုင်ခွင့်ရခဲ့တာဟာ ကျွန်မအတွက်တော့ သိပ်ကိုအားကျစရာကောင်းတယ်ဆိုရမလားလေ။ ဘာကြောင့်လဲဆိုတော့ လူအမျိုးမျိုး စိတ်အထွေထွေရှိကြတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးမှာ ကိုယ့်လို စာဖတ်ဝါသနာပါသူ၊ ကိုယ်နဲ့အတူ ဖတ်ထားတဲ့စာအုပ်တွေအကြောင်း စိတ်မဆိုးတမ်း ဆွေးနွေးငြင်းခုံလို့ရမယ့်သူ၊ ကိုယ်ဖတ်ချင်တဲ့ကဗျာတွေကို စိတ်ရှည်ရှည်နဲ့ ရွတ်ပြပေးမယ့်သူ၊ ဒီလိုသူငယ်ချင်းမျိုးနဲ့ တွေ့ဆုံရင်းနှီးခွင့်ရတဲ့ အခွင့်အရေးဟာ ကျွန်မအတွေ့အကြုံအရ သိပ်ကိုရှားပါးလွန်းလို့ပါပဲ…။

    ကျွန်မကတော့ ဒီစာအုပ်လေးဖတ်ပြီး မန္တလေးတက္ကသိုလ်ကြီးထဲကိုလည်း ခြေဆန့်ကြည့်ချင်စိတ်တွေ ဖြစ်ပေါ်လာသလို
    ကျွန်မကိုယ်တိုင် ပညာရည်နို့ သောက်စို့နေတဲ့နည်းပညာတက္ကသိုလ်ကျောင်းတော်ကြီးကိုလည်း လွမ်းဆွတ်မိနေတယ်။ စာအုပ်လေးဖတ်ရင်း…
    ခဲရာခဲဆစ် စာတစ်တန်ပေတစ်တန် ပါးပြီး သတင်းစကားမေးရတဲ့ခေတ်မှာတောင် မိဘတွေဆီ အမြဲစာရေးပြီးပို့ခဲ့တဲ့ သီရိမေကိုတွေ့တော့ အခုလို screen ပေါ် လက်လေးတွေ လှုပ်ရှားလိုက်ရုံနဲ့ အဖေအမေ့အသံကို ကြားရနိုင်တဲ့ခေတ်မှာရော ကျောင်းတက်စဥ်က မိဘတွေဆီ ဖုန်းမပျက်မကွက် ဆက်ဖြစ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိသား။
    ည ၆နာရီကနေ မနက်၆နာရီအတွင်း အဆောင်ပြင်ပမှာ ရှိမနေစေရဆိုတဲ့ အဆောင်စည်းကမ်းချက်လေးကို မြင်တော့ အခုချိန်ထိ အဲ့ဒီစည်းကမ်းချက်တွေရှိတဲ့ အဆောင်တွေကနေပဲ နေထိုင်ကျောင်းတက်ခဲ့ဖူးတဲ့ ကျွန်မရဲ့ တက္ကသိုလ်ကာလနေ့ရက်တွေကို ပြန်လွမ်းဆွတ်မိသား။
    “နာမည်ပြောင်ဆိုတာ ကိုယ်မမြင်ရတဲ့ ကိုယ့်သဘာဝကို ဘေးလူတွေကမြင်တဲ့အတိုင်း ပေးတတ်ကြတဲ့ နာမည်တွေဖြစ်တယ်”ဆိုတဲ့စာလေးကိုဖတ်ရတော့ ကျောင်းမှာ ကျွန်မကို သူငယ်ချင်းတွေ နောက်ပြောင်ခေါ်ခဲ့ကြတဲ့ နာမည်ပြောင်လေးတွေကို အမှတ်ရမိပြီး ပြုံးရွှင်မိသား။

    ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းတွေပိတ်ထားချိန်မှာ ခုလိုရသမျိုးစုံ အပြည့်အဝပေးစွမ်းနိုင်တဲ့ တက္ကသိုလ်နောက်ခံ ဝတ္ထုအကောင်းစားတစ်ပုဒ်ကို ဖတ်လိုက်ရလို့ သိပ်ကိုအားရကျေနပ်မိပါတယ်။
    ဇာတ်သိမ်းပိုင်းမှာလည်း ဆရာမြသန်းတင့်ရဲ့ “လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ”စာအုပ်ထဲကလို အခင်ဆုံးသူငယ်ချင်းတတွေ ပြန်လည်တွေ့ဆုံကြပြီး မိမိတို့ဖြတ်သန်းလာကြတဲ့ ဘွဲ့ရပြီးချိန်မှစ၍ နှစ်၂၀ကျော်ကျော် ဘဝအတွေ့အကြုံတွေကို မကွယ်ဝှက်တမ်း ပြန်ပြောပြ၊ အချင်းချင်းအားပေးကြ၊ လူငယ်ဘဝပုံရိပ်တွေကို ပြန်လည်အောက်မေ့ကြနဲ့မို့ စာအုပ်အလယ်ပိုင်းမှာ ဟာတာတာဖြစ်နေတဲ့ နှလုံးသားကိုတောင် ပြန်လည်နွေးထွေးသွားစေတဲ့ သဘောကျစရာ ဇာတ်သိမ်းလေးပါပဲ။
    နောက်ဆုံးတော့လည်း ကျွန်မတို့တတွေဟာ
    သီရိမေရဲ့သူငယ်ချင်း “ကိုတိုးကြီး”ပြောသလို ဘဝဟာ သာတောင့်သာမော ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်မတို့ရဲ့ အားမာန်တွေကို လျှော့မချဖို့၊ ပျိုမျစ်တုန်းက ခွန်အားတွေကို ပြန်လည်ရယူဖို့၊ ပျိုကျနေတဲ့စိတ်ဓာတ်‌ဟောင်းတွေကိုခွာချ စိတ်သစ်ကိုယ်သစ်နဲ့ ဘဝကို အနိုင်ယူကြဖို့ လိုပါတယ်။
    မျှော်လင့်ထားသလို၊ အိပ်မက်မက်ထားသလို ဖြစ်မလာရင်တောင် အဆုံးထိ ကောင်းမွန်စွာနဲ့ ရှေ့ဆက်သွားနိုင်ကြရပါမယ်။
    .
    .
    .
    #ကျေးဇူးတင်ပါတယ်။
    #ချစ်ခင်လေးစားစွာဖြင့်
    #အိမ့်
    20,11.20 (Thurs)

  3. Khin Oo







    ?မန်တလေး တက်ကသိုလျကွီးကို နောကျခံထားထားတဲ့














    -တက်ကသိုလျ သရုပျပွဆရာမ ဖွဈခငြျတဲ့ စိုစိုးမောျရဲ့ အိပျမကျတှကေရော…


လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ခင်ခင်ထူး စာအုပ်များ