၀တ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်

( 2 မှတ်ချက်)

4000 (ကျပ်)

စာမျက်နှာ

238

စာအုပ်အရွယ်အစား

4.5 x 0.5 x 7.3 inches

ပုံနှိပ်မှတ်တမ်း

ဓူဝံစာပေ၊ 2022 အောက်တိုဘာလ (စတုတ္တအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

3.3.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 4000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

4 in stock

၀တ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Khin Pyae Sone

    ဘဝမှာ မေ့လို့မရအောင်အသည်းစွဲရသည့်စာအုပ်လေး
    အရိုးစွဲအောင်မြတ်နိုးရတဲ့တောသဘာဝဓလေ့လေးဟာကိုယ်တိုင် ကိုကြီးကျော်ပွဲရောက်နေသလိုပါပဲ အဓိက ကတော့ ခင်နှောင်းပါ
    ကျွန်မသာခင်နှောင်းနေရာမှာဆိုရင် အမေ့ကိုအပြစ်တင်မိမှာအမှန်ပါ ကိုကျီးညိုကိုအရမ်းဇာတ်နှိမ်ထားသလိုခံစားရပြီး ရင်နာရပါသည် အဓိပ္ပါယ်ပြည့်ဝပြီးအနှစ်သာရရှိတဲ့စကားလုံးလေးတွေစီထားသလိုခံစားရပါတယ် ဖတ်ရင်းငိုရလို့ ကိုယ့်ကိုယ်တောင်ပြန်ရှက်မိတဲ့အထိ ရင်နာစရာဇာတ်လမ်းလေးမို့ ဖတ်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်

  2. Khaing Zar

    ဆရာမခင်ခင်ထူးရဲ့စာအုပ်ကောင်းတွေထဲကတစ်အုပ်ပါ။
    ဆရာမရဲ့ပြောင်မြောက်လှတဲ့အရေးအသားအတိုင်း တောဓလေ့၊တောအငွေ့အသက်တွေနဲ့ ကိုကြီးကျော်နတ်ကိုယုံကြည်ကိုးစားအလေးထားကျတဲ့ကျေးလက်ပြည်သူတို့ရဲ့ ဖြူစင်တဲ့စိတ်နေသဘောထား‌တွေ၊ တစ်နှစ်တစ်ခါခြိမ့်ခြိမ့်သဲကျင်းပကျတဲ့ ကိုကြီးကျော်နတ်ပွဲကိုသွားရောက်ရင်း တစ်သက်မှာတစ်ခါဖြစ်ပေါ်လာတဲ့ချစ်ခြင်းကိုမြတ်နိုးတန်ဖိုးထားတဲ့ ကွန်းတောင်ကိုင်အပျိုပေါက်လေး ခင်နှောင်းနဲ့ ရိုးသားကြိုးစားပြီး ချစ်သူကိုမျော်လင့်ချက်မပါ အချစ်ကြီးချစ်တဲ့ကိုကျီးညိုရဲ့ဖြူစင်တဲ့မေတ္တာတွေကို ရင်နှင့်အမျှခံစားရအောင်ရေးဖွဲ့ထားနိုင်တဲ့ ဆရာမရဲ့အရေးအသားတွေကိုမချီးကျူးပဲမနေနိုင်အောင်ဖြစ်စေတဲ့ စာအုပ်လေးပါ။ဇာတ်သိမ်းလေးကိုရင်နာစွာဖတ်ခဲ့ရပေမဲ့ တောဓလေ့ တော့ဟန်ကိုကြိုက်တဲ့ကျွန်မအတွက်တော့ ခံစားမှုရသစုံအောင်ပေးနိုင်တဲ့ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့အတွက် ဖတ်ကြည့်ကျဖို့ညွှန်းဆိုလိုက်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခင်ခင်ထူး စာအုပ်များ