မအိမ်ကံ

( 11 မှတ်ချက်)

20000 (ကျပ်)

ရွှေအမြုတေမဂ္ဂဇင်းတွင် (၃၆)လတိုင်တိုင် အခန်းဆက်ဝတ္ထုရှည်အဖြစ် ရေးသားဖော်ပြခဲ့သော လုံးချင်းဝတ္ထုဖြစ်ပါသည်။

ယခုစာအုပ်တွင် မြန်မာမိန်းကလေးများ၏ ကိုယ်ကျင့်တရားနှင့် ရွာဓလေ့ ရပ်ဓလေ့ကို မြတ်နိုးလေးစား တန်ဖိုးထားတတ်သော စိတ်နှလုံး၊ မြန်မာကျေးတောသဘာဝများနှင့် ကျေးတောနေ တောသူတောင်သားများ၏ စိတ်နေသဘောထားကို ဖွဲ့နွဲ့ဖော်ပြထားပါသည်။

ဖက်စိမ်းကွမ်းတောင် (သို့မဟုတ်) မြဖက်ကွမ်းတောင် (သို့မဟုတ်) မြစိမ်းကွမ်းတောင်ဆိုသည့် ကွမ်းတောင်ကို ကိုင်ရသည့် မြန်မာမိန်းကလေးတို့တွင် ပြည့်စုံရသော အရည်အချင်းများသည် ရွာ့စံပြမိန်းကလေး (တစ်နည်း) ရွာ့ကျက်သရေဖြစ်ပါ၏။ ငှက်ပျောဖက်ရွက်ကွမ်းတောင်သည် ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်၊ ကျောက်စီကွမ်းတောင်များထက် ပိုမို၍တန်ဖိုးထားခြင်းခံရသဖြင့် ဖက်စိမ်းကွမ်းတောင်ကိုင်ဘဝသည် ရှေးခေတ်မိန်းမပျိုများအဖို့ရာ တန်ဖိုးအားဖြင့် မက်စက်သော ကိုယ်ကျင့်တရား ဖြစ်ပါ၏။ ရပ်ရွာက ရွေးချယ်သည့် ကွမ်းတောင်ကိုင်ဆိုသော ဆုလာဘ်ကို တပ်မက်သလို အများက သတ်မှတ်ထားသော စည်းစံနှင့်အညီ ရိုးရိုးသားသား စင်စင်ကြယ်ကြယ် စောင့်စည်းခဲ့ကြသည်လည်း ချစ်စရာလူမှုဓလေ့ကောင်းဖြစ်၏။

ယခုစာအုပ်သည် အစစအရာရာပြည့်စုံသော်လည်း ကွမ်းတောင်ကိုင်ဖြစ်ချင်လှသော ၊ ကွမ်းတောင်ကိုင်ဘဝကို မက်စက်ခဲ့ရှာသူ မိန်းမချော တစ်ယောက်၏ ဘဝဇာတ်လမ်းဖြစ်ပါသည်။

စာမျက်နှာ

583

စာအုပ်အရွယ်အစား

5.9 x 0.9 x 9 inches

ပုံနှိပ်မှတ်တမ်း

ဓူဝံစာပေ၊ 2023 အောက်တိုဘာလ (န၀မအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

19.10.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 20000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

10 in stock

မအိမ်ကံ အား ဝေဖန်သုံးသပ်မှု 11 ရှိပါသည်။

  1. မင်းလွင် (ရန်ကုန်)

    မအိမ်ကံဝတ္တုဖတ်ပြီး မအိမ် ကံ ရဲ့ ဇာတ်မှာမျောပြီးတော့ သူနဲ့ အတူ လိုက်ပါ ရင်ခုန်မိတယ် စိုးရိမ်မိတယ် လောကဓံ တရား ရှစ်ပါး စလုံးကို အတူတူတွဲပြနေသလို ခံစားမိတယ် သားသမီး တွေ အကိုတွေ လာရင်ပျော်နေရပြီး သူအတွက်တော့ နောက်ဆုံး စိတ်ဆင်းရဲစရာလေးတွေ တစ်ခုမဟုတ် တစ် ခု ပေါ်လာတတ်တာ ကလည်း ရင့်ကျက်တယ် ဆိုပေမယ့်လည်း စိတ် နုတတ် တဲ့ မြန်မာ မိန်းကလေးစရိုက်ပေါ်လွင်အောင်ရေးထားတာလို့ထင်မိတယ်…
    ကိုပြေသိမ်းအကြောင်းပြောရမယ်ဆိုရင် သည်ဇာတ်မှာ သူက မင်းသား ဗီလိန် လို့တောင်ပြောချင်တယ် နိုင်ငံရေးလုပ်တယ် တိုင်းပြည်ကောင်းစားရေး လုပ်တယ် ဆိုပေမယ့် ပညာတတ် တစ်ယောက်ဖြစ်ပြီး ကိုယ့်မိသားစု လူမမယ် ကလေးအရွယ်ကို ခဏ ခဏ ပြစ်ထားပြီး ( ဆွေးမျိုးတွေက စောင့်ရှောက်ပေမယ့်လည်း ကိုယ့်လင် ကိုယ့်သား သာလျှင် အနီးကပ် စောင့်ရှောက် အားပေး ရမှာပါ) ထွက်ထွက်သွားတာက အဆုံးထိဝေဖန် ရရင် လူမဆန်တာပါ သူကြောင့် မအိမ်ကံ လိုချင်တဲ့ မအိမ်ကံ အနှစ် နှစ်ဆယ်လောက် စောင့်မျှော်ခဲ့ရတဲ့ မအိမ်မြိုင်လေး ဖက်စိမ်းကွမ်းတောင်ကိုင်ဘဝ နဲ့ လွဲခဲ့တာပါ…မအိမ်အံ အရှုံးမပေးချင်တဲ့ သူ့ရဲ့ ဆူးတစ်ချောင်းဖြစ်တဲ့ ရွှေမှုံတို့ဆီမှာ လည်စင်းပေးခဲ့ရတာ သူ့ကြောင့်ပါပဲ….
    နောက်တစ်ခုက ရှေး လူ့အဖွဲ့အစည်းရဲ့ မှားယွင်းတဲ့ အယူအဆ တစ်ခုကို ဘာသာရေး တစ်ခုလို ကိုးကွယ် ပြီး တင်းကျပ်ပြီး လူမဆန်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖတ်တွယ်မိတဲ့ အယူသည်းဝါဒီ တွေကြောင့်လည်း မအိမ်ကံလေးခမျာ အသက်ပေးပြီး အနိုင်ယူခဲ့ ရတာပါပဲ…
    နိုင်တာ ရှုံးတာကတော့ မအိမ်ကံသာ အသိဆုံးဖြစ်မှာပါ တစ်သက်လုံးအရှုံးခံလာရတဲ့ ( သူ့အတွက်ဆို အမြဲ အရှုံး ဖဲပစ်ပေးတတ်တဲ့ ) ကံကြမ္မာ ဇာတ်ဆရာကို အသက်နဲ့ ရင်းပြီး အနိုင်ရအောင် ယူသွားတာလို့ပဲမြင်ပါတယ်….

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခင်ခင်ထူး စာအုပ်များ