တောမင်းသမီး

( 1 မှတ်ချက်)

15000 (ကျပ်)

စာမျက်နှာ

660

စာအုပ်အရွယ်အစား

5.8 x 1 x 9 inches

ပုံနှိပ်မှတ်တမ်း

ဓူဝံစာပေ၊ 2023 ဇွန်လ (ဆဌမ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

30.6.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၁၅၀၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

1 in stock

တောမင်းသမီး အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    တောမင်းသမီးလေးဘဝကနေ
    ဘဝအကွေ့အချိုးများစွာကိုရင်ဆိုင်ဖြတ်သန်းရတဲ့ ဝါခေါင်မိုး တဖြစ်လဲ မင်းသမီးဥသြသံအေး…

    အမေမဗိုင်းတောင့်နဲ့ဂျီးတိုးတို့ရဲ့
    သွေးမတော်သားမစပ်ပေမဲ့
    မေတ္တာအပြည့်နဲ့ဝါခေါင်မိုးကို
    စောင့်ရှောက်ကျွေးမွေးခဲ့တာတွေ
    ဖတ်ပြီးကြည်နူးရတယ်

    ဂျီးတိုးရဲ့ရှေ့နောက်မကြည့်ပြောလို့မဗိုင်းတောင့်ငေါက်ရတဲ့အခါတိုင်းလည်းရယ်ရခက်ငိုရခက်သဘောကျရသေးတယ်

    တောမင်းသမီးတွေရဲ့ဝါသနာနဲ့ကြိုးစားကြရပုံတွေကြုံရဆုံရတဲ့ဘဝမျိုးစုံအကြောင်းတွေဇာတ်ခုံပေါ်ကထူးဆန်းတဲ့အဖြစ်အပျက်တွေကိုတခန်းနဲ့တခန်းအချိတ်အဆက်မိမိအတိတ်နဲ့လက်ရှိကိုချိတ်ဆက်ပြီးရေးပြသွားတာ
    စာအုပ်လက်ထဲကမချချင်အောင်ပါပဲ
    အရင်ထဲကဆရာမခင်ခင်ထူးစာအုပ်ဆို
    တောဓလေ့တောသဘာဝတွေအကြောင်းတွေကိုတဝကြီးဖတ်ရတာမို့
    ဖတ်ရတာသဘောကျတယ်

    အခု #တောမင်းသမီး စာအုပ်လေးမှာလည်းရသအမျိုးမျိုးကိုဆရာမရဲ့
    ကလောင်စွမ်းနဲ့ပေါင်းစပ်မိပြီးလှပသေသပ်တဲ့စာအုပ်ကောင်းတအုပ်အဖြစ်ဖတ်ရှုရတဲ့အတွက်လည်းမဖတ်ရသေးရင်ဖတ်ကြည့်ဖို့ညွှန်းပေးချင်ပါတယ်…

    မင်းသမီးကလေး မသရဖီ…
    အဆိုအက လိုသမျှ ပျိုနှမ
    နဂိုကလှပါသည် …
    ရေစကြို ပခန်းနယ်က မေပျိုလှမ်းမယ်ပ စခန်းမဝေး မန်းလေးမြို့နေပြည်
    ကိုကိုကာလသားများ
    မဟားဒယားအားပေးကြသည်…
    မင်းသမီးကလေး ချဥ်ပေါင်ရွက်စာနီ ….

    (ဂျီးတိုးဆိုနေကြ သီချင်းလေးသဘောကျလို့ ကူးယူဖော်ပြလိုက်ပါတယ်❤
    တအုပ်လုံးမှာ ဒီလိုမျိူးလေးတွေအများကြီးပါပါတယ်😊 )

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခင်ခင်ထူး စာအုပ်များ