အညာသူအညာသား ကျွန်မဆွေမျိုးများ

( 2 မှတ်ချက်)

20000 (ကျပ်)

🌻မြန်မာတို့၏ ဘဝနမိတ်ပုံဖြစ်သော အညာကျေးလက်ယဉ်ကျေးမှုဇာတ်ခုံပေါ်တွင် ကပြနေကြသည့် ကျွန်မဆွေမျိုးဇာတ်ကောင်များကို ဇာတ်ပွဲကြည့်သူတစ်ယောက်အမြင်ဖြင့် ရေးကြည့်မိခြင်းဖြစ်ပါသည်။ပွဲကြည့်သူဆိုသော်လည်း သည်ဇာတ်ခုံပေါ်မှာ မိဘများနှင့်အတူ ကျွန်မသည်လည်း ဇာတ်ရုပ်တစ်ရုပ် ဖြစ်ခဲ့ဘူးပါသည်။အညာ၏ ရပ်ဓလေ့၊ရွာဓလေ့၊ဘဝနေထိုင်မှု၊စီးပွားရေး၊လှုမှုရေးများကိုရေးဖွဲ့ရာ၌ ပြောရင်းဆိုရင်း လည်ရင်းပတ်ရင်းက ကြားရမြင်ရသော အတို့အထိကလေးများသာ ဖြစ်ပါ၏။

လေးစားချစ်ခင် မြတ်နိုးဖွယ်ကောင်းသော အညာကျေးလက် ယဉ်ကျေးမှုကြီးတစ်ရပ်လုံးကို ခြယ်မှုန်းပြဖို့ ကျွန်မမှာ ခွန်အားမပြည့်သေးပါ။ထို့အတူ ကျွန်မတို့ ရပ်ရွာဒေသက အညာဓလေ့ ယဉ်ကျေးမှုအားလုံးကို မှတ်တမ်းတင်နိုင်ပြီဟုလည်း မဆိုဝံ့ပါ။ရေးမည်ဆိုလျှင် ရေးဖွဲ့စရာတွေ ကျန်ပါသေးသည် အညာလေနှင့်ဆိုရပါလျှင် “သာလောက် ဘာကလိမ့် မတုံး ” ဟု ဆိုရပါမည်။

စာမျက်နှာ

238

စာအုပ်အရွယ်အစား

4.5 x 0.5 x 7.3 inches

ပုံနှိပ်မှတ်တမ်း

ဓူဝံစာပေ၊ 2024 မေလ (သတ္တမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

23.7.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 20000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

7 in stock

အညာသူအညာသား ကျွန်မဆွေမျိုးများ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Wuthmone Phyu

    ဆရာမရေးတဲ့စာအုပ်တွေကို ဖတ်လိုက်တိုင်း သင်းပျံ့လတ်ဆတ်နေတဲ့ “အညာရနံ့ ” လေးတွေကို မက်မက်စက်စက် ရှူရှိုက်လိုက်ရသလို ရင်ကိုအေးမြစေတာကတော့ အမှန်ပါပဲ။ အချို့သောသူတွေက “ရွာက ” လို့ပြောရမှာရှက်ကြတယ်။ ကိုယ်နဲ့ခင်မင်တဲ့သူတွေ သာမန် လူတန်းစားတွေဖြစ်တယ် ဆိုရင် သူတို့အကြောင်း အလေးတယူ ထည့်မပြောချင်ကြဘူး။ ဒါပေမယ့် ဆရာမ ကတော့ သူ့ရဲ့ ရိုးသားလှတဲ့ အညာသူအညာသား ဆွေမျိုးတွေအကြောင်းရေးသွားတာများ ချစ်စရာလည်းအလွန်ကောင်း ပြီး အောက်ပြည်အောက်ရွာမှာမွေးတဲ့ ကျွန်မတောင်မှ ဆရာမရဲ့ ဆွေမျိုးတွေရှိတဲ့ အညာကို အရောက်သွားချင်စိတ်တောင်ဖြစ်မိပါရဲ့ရှင်။

    ဒီစာအုပ်ထဲက အကြောင်းအရာတိုင်းက ချစ်ခင်ဖွယ် ၊ သဘောကျဖွယ် ၊ ပြုံးရယ်ဖွယ် ဖြစ်နေတာမို့ အားလုံးကို သဘောကျမိပါတယ်။ဧည့်သည်တွေ ကို ဧည့်ဝတ်ကျေစွာ ကျွေးချင်မွေးချင်ကြတဲ့ အညာသူအညာသားတွေ၊ ကျွန်မမကြားဖူးတဲ့ ( ဒါပေမယ့် )အလွန်ရိုးစင်းတဲ့ အသုံးအနှုန်းတွေ ၊ သူတို့စွဲလမ်းယုံကြည်ကြတဲ့ ကိုးကွယ်ယုံကြည်မှုတွေ ပြီးတော့ ဓလေ့တွေအားလုံးကို တကယ့်ကို ချစ်ခင်နှစ်သက်ဖွယ်ဖတ်လိုက်ရပါတယ်။ စာအုပ်ရဲ့ တနေရာမှာတော့ ဒီနှစ်ကျွန်မဖတ်ဖူးတဲ့ ဆရာကြီးသခင်ဘသောင်းရဲ့ ပန်းသာမစာအု စာအုပ်နာမည်လေးကို ဖတ်လိုက်ရတာလည်း မှတ်မှတ်ရရပါပဲ။

    သူတို့အညာဖက်က မိန်းကလေးတွေဆို “ရှင်” ထည့်ခေါ်တာလေးသတိထားမိတယ်။ ဥပမာ မအိမ်ကံဆို “ရှင်အိမ်ကံ” ၊ မတင်အေး ဆို “ရှင်တင်အေး” မစိမ်းမြဆို “ရှင်စိမ်းမြ” အဲ့လိုမျိုးတွေပေါ့။ ဈေးရောင်းကြဈေးဝယ်ကြတာလည်း အားရစရာ ။ ကျန်တဲ့အဖြစ်သနစ်လေးတွေကလည်း ရယ်စရာ ပြုံးစရာ ချစ်စရာလေးတွေ ..။ပြောပြလိုက်ရင် မဖတ်ရသေးတဲ့သူတွေအရသာပျက်မှာစိုးလို့ သာ ။ အားလုံးက နှစ်သက်စရာတွေချည်း။အညာသူအညာသားတွေရဲ့အသက်သွေးကြော ဧရာဝတီမြစ်ကြီးကိုလည်း ပိုပြီးတန်ဖိုးထားတတ်သွားတယ်။

    ဒီစာအုပ်ဖတ်နေတုန်း သူများနဲ့စကားပြောတဲ့အခါ ကိုယ့်ရဲ့ စကားလုံးတွေပါ “တကန်တက” တို့..”အပြင်သွားတယ်” တို့ ဖြစ်ဖြစ်သွားတာ၊ မုန့်ဆီကြော်နည်းတောင်မှတ်မိနေသေးတာနော်။ “ကောက်ညှင်းတပြည် ဆန်နှစ်လီ ထန်းလျက်ရှစ်ဆယ် ဆားနှင့်နယ် ငှက်ပျောနှင့်အုံးကြိုက်လျှင်သုံး ” ဆိုလားပဲ 😀

    ဒီစာအုပ်လည်း ဖြည်းဖြည်းချင်းဖတ်ရတာမို့ ရက်နည်းနည်းကြာသွားပါတယ်။ မြန်မာ့ဓလေ့ အညာဓလေ့ နဲ့ ချစ်စရာအလွန်ကောင်းလှတဲ့ အညာသူအညာသားစစ်စစ်တွေရဲ့အကြောင်းကို သိခွင့်ရလိုက်တာကြောင့် ပေးလိုက်ရတဲ့အချိန်တွေအတွက် အလွန်ကျေနပ်မှူဖြစ်စေတဲ့ စာအုပ်တစ်အုပ်ပါ ..

  2. Thaik

    မြန်မာ့ယဉ်ကျေးမူ ဓလေ့ထုံးစံလေးတွေနဲ့ခြယ်မူန်းထားပြီး
    ဖတ်ရူသူအဖို့ကျေနပ်စေနိုင်တဲ့ဝတ္ထုကောင်းတစ်ပုဒ်ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ခင်ခင်ထူး စာအုပ်များ