တိတ်ဆိတ်မှုအနုပညာ
4500 (ကျပ်)
တိတ်ဆိတ်မှုဟာ ကြောက်စရာကောင်းသလို ချစ်စရာလည်း ကောင်းပါတယ်။ ထိတ်လန့်စရာ ဖြစ်သလို၊ ကြည်နူးစရာလည်းဖြစ်ပါတယ်။ ကယောင်ချောက်ချားမှု ပေးနိုင်သလို တည်ငြိမ်မှုတွေလည်း ပေးနိုင်ပြန် ပါတယ်။ရသမျိုးစုံပါတဲ့အတွက် တိတ်ဆိတ်မှုအနုပညာလို့ ခေါင်းစဉ် ပေးထားပါတယ်။ မူရင်းစာအုပ်က The Art Of Silence ရေးသူက ကျောင်းဆရာမ အမ်ဘာဟက်ခ်ျပါ။အဘိဓာန်မှာတော့ တိတ်ဆိတ်မှုကို အသံမရှိတာလို့ ဆိုထား ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ပတ်ချာလည်မှာ အသံတွေ ပြည့်နှက်နေပါတယ်။ပူလွန်း၊ ဆူလွန်း၊ အလုပ်ရှုပ်လွန်းတဲ့ ကနေ့ခေတ်ကြီးထဲမှာ ထပ်ရှာရဦးမယ်၊ ထပ်လိုနေသေးတယ်၊ ပိုလုပ်ရဦးမယ်ဆိုတဲ့ နောက်ထပ် နောက်ထပ် ဆိုတာတွေဟာ ဘဝပျော်ရွှင်ချမ်းမြေ့ရေးအတွက် အဖြေ မဟုတ်ဘူးဆိုတာ သိလာတဲ့လူတွေအတွက် အသံအကြောင်း၊ တိတ်ဆိတ်မှုအကြောင်းတွေ ရေးသားထား ပါတယ်။မိုဘိုင်းဖုန်းတွေက ဘယ်လောက်ဒုက္ခပေးနေသလဲ၊ ကြော်ငြာကုမ္ပဏီတွေ၊ မီဒီယာတွေကလည်း ၂၄/၇ နေ့စဉ် ဘယ်လောက်အနှောင့်အယှက်ပေးနေသလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုလုပ်ကြမလဲဆိုတာတွေ အကြံပြုထားပါတယ်။တိတ်ဆိတ်မှုဆိုတာ အင်အားကြီးပါတယ်။ ဘယ်လိုထိန်းမလဲ။ နေ့စဉ်အလုပ်ကိစ္စတွေ တည်တည် ငြိမ်ငြိမ် လုပ်နိုင်ဖို့ လက်တွေ့နည်းတွေက ဘာတွေလဲ။ ငြိမ်းချမ်းတဲ့ဆက်ဆံရေး ရစေဖို့ ဘယ်လိုပျိုးထောင် ရမလဲ၊ စိတ်ကို ဘယ်လိုထားရမလဲ စတာတွေ လွယ်လွယ်ကူကူ ဖတ်လို့ ရအောင် တင်ပြထားပါတယ်။တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပျော်စရာလည်း ကောင်းသလို ဗဟုသုတလည်း ရပါတယ်။ဒီစာအုပ်ဖတ်ပြီးရင် သင့်သဘောထားတွေလည်း အများကြီး ပြောင်းလဲသွားမှာ အသေအချာပါပဲ။
စာမျက်နှာ | 134 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2022 အောက်တိုဘာလ (ပထမအကြိမ်) |
8 in stock
Anonymous –
တအုပ်ဘယ်လောက်လဲဗျ