ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ပါစေ

( 1 မှတ်ချက်)

3000 (ကျပ်)

ကျွန်တော်တို့တွေက
တခြားသူကို ချစ်ဖို့လောက်ပဲ သိကြတာများတယ်။
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ကြ မေ့နေတတ်ကြတယ်။
တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ်
ပျော်အောင်နေဖို့ မကြိုးစားကြည့်ကြဘူး။
အချိန်တော်တော်များများကို
စိတ်ညစ်တယ်လို့ပဲ ထိုင်အော်နေတတ်ကြပြန်တယ်။

လူ့လောကထဲရောက်လာကြတယ်။
စိတ်ညစ်ဖို့အတွက် ရောက်လာတာမဟုတ်ဘူးမလား။
ပျော်ရွှင်ဖို့အတွက်ရောက်လာတာပဲ ဖြစ်သင့်ပါတယ်။

ကျွန်တော်တို့က
အခြားတစ်ယောက်အတွက်နဲ့
ကိုယ့်ကိုယ်ကိုယ် ပြိုလဲပစ်ကြတယ်။
ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲခံကြတယ်။
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့တော့
မေ့နေတတ်ကြတယ် မဟုတ်လား။

ပျော်စရာတွေ နည်းလာတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေဖို့ သတိရပေးပါ။
ဝမ်းနည်းစရာတွေကြုံလာတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ရယ်မောတတ်ဖို့ လမ်းညွှန်ပေးပါ။
အတိုက်အခိုက်တွေရှိလာတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ပြုံးပြတတ်ဖို့ သင်ကြားပေးပါ။

ဒီစာအုပ်လေးဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်
ချစ်တတ်လာပါစေ။
ဒီစာအုပ်လေးဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်
တန်ဖိုးထားတတ်လာပါစေ။
ဒီစာအုပ်လေးဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်
မြတ်နိုးတတ်လာပါစေ။

စာအုပ်ထွက်မည့်ရက်

27.1.2021

စာမျက်နှာ

104

ပုံနှိပ်မှတ်တမ်း

2020 ဇန်နဝါရီလ၊ (ပ-ကြိမ်)

1 in stock

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ပါစေ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Myint Thuzar

    မိမိကိုယ်ကိုယ်ချစ်တတ်ဖို့ခွန်းအားတွေရချင်းလို့ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ချောကိုကို (လှည်းကူး) စာအုပ်များ